Monday 22 December 2014

အခြေခံပညာကဏ္ဍ၌ သူငယ်တန်းမပါ ၁၂ တန်း ပညာရေးစနစ်အား ၂၀၁၆ ခုနှစ်တွင် စတင်နိုင်ရန် လျာထားလျက်ရှိပြီး လက်ရှိပညာရေး စနစ်မှာလည်း ၁၁ တန်းနှင့် ကိုက်ညီကြောင်း သတင်းထုတ်ပြန်ရန် ရှိနေ

Photo: အခြေခံပညာကဏ္ဍ၌ သူငယ်တန်းမပါ ၁၂ တန်း ပညာရေးစနစ်အား ၂၀၁၆ ခုနှစ်တွင် စတင်နိုင်ရန် လျာထားလျက်ရှိပြီး လက်ရှိပညာရေး စနစ်မှာလည်း ၁၁ တန်းနှင့် ကိုက်ညီကြောင်း သတင်းထုတ်ပြန်ရန် ရှိနေ
Monday, December 22, 2014 

အခြေခံပညာကဏ္ဍ၌ သူငယ်တန်းမပါ ၁၂ တန်း ပညာရေးစနစ် (KG+12) အား ၂ဝ၁၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လျာထားလျက်ရှိကြောင်း သိရပြီး လက်ရှိပညာရေး စနစ်မှာလည်း ၁၁ တန်းနှင့် ကိုက်ညီကြောင်း သတင်းထုတ်ပြန်ပေးသွားမည့် အစီအစဉ်များ ရှိနေသည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေခံ ပညာရေးစနစ် ဖွဲ့စည်းတည်ဆောက်ပုံမှာ မူလတန်းငါးနှစ်၊ အလယ်တန်းလေးနှစ်၊ အထက်တန်းနှစ်နှစ်ဖြင့် (၅း၎း၂) စနစ်ဖြင့်၊ အခြေခံပညာ ကဏ္ဍတွင် ၁၁ တန်း ပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိနေရာ ပညာရေးစနစ် ဖွဲ့စည်းတည်ဆောက်ပုံအား အသက်ငါးနှစ်ပြည့်ပြီး ကလေးများအတွက် မူလတန်းအဆင့် ပညာရေး၏ အခြေခံအတန်းအဖြစ် သတ်မှတ်သည့် သူငယ်တန်းပညာရေး၊ ပထမတန်းမှ ပဉ္စတန်းအထိ မူလတန်းအဆင့် ပညာရေး၊ ဆဋ္ဌမတန်းမှ နဝမတန်းအထိ အလယ်တန်းအဆင့် ပညာရေး၊ ဒသမတန်း၊ ဧကဒသမတန်း၊ ဒွါဒသမတန်းတို့ ပါဝင်သည့် အထက်တန်းအဆင့် ပညာရေးဟူ၍ အခြေခံပညာကဏ္ဍ ပညာရေး ဖွဲ့စည်းတည်ဆောက်ပုံအား သူငယ်တန်းမပါ (၅း၎း၃) စနစ်ဖြင့် ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ သက်ဆိုင်ရာအတန်းများ ပါရှိသော အခြေခံပညာ ကျောင်းများကိုလည်း အမျိုးအစားများ သတ်မှတ်ရာတွင် သူငယ်တန်းနှင့် မူလတန်းအဆင့်၊ အတန်းများရှိသည့် အခြေခံပညာ မူလတန်းကျောင်း၊ သူငယ်တန်းနှင့် မူလတန်းအဆင့် အတန်းများပါရှိသည့် သို့မဟုတ် မပါရှိသည့် အလယ်တန်းအဆင့် အတန်းများသာ ပါရှိသော အခြေခံပညာ အလယ်တန်းကျောင်း၊ သူငယ်တန်းနှင့် မူလတန်းအဆင့် အတန်းများပါရှိသည့် သို့မဟုတ် မပါရှိသည့် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် အတန်းများသာ ပါရှိသော အခြေခံပညာ အထက်တန်းကျောင်း စသဖြင့် ကျောင်းအမျိုးအစားများ သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“KG+12 ကို ယာယီမှန်းထားတာကတော့ ၂ဝ၁၆ စနိုင်ဖို့ပါ။ အဲဒါကြောင့် ၂ဝ၁၆ ခုနှစ်မှာ သူငယ်တန်း စနေတဲ့ ကလေးသည် KG+12 ကို မီမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင်ရိုးညွှန်းတမ်း အသစ်တွေကို ကျွန်မတို့ ရေးဆွဲပါတယ်။ အခု လက်ရှိမှာတော့ KG+10 လို့ပြောပေမယ့် KG မှာလည်း စာသင်တဲ့အတွက် လက်ရှိအနေအထားကလည်း ၁၁ တန်းနဲ့ ညီနေပါတယ်။ အဲဒီအတွက်ကိုလည်း သတင်းအချက်အလက် ထုတ်ပြန်ပေးဖို့ ရှိပါတယ်။ လက်ရှိက ၁၁ တန်းနဲ့လည်း ညီနေတယ်။ ဒါပေမဲ့ ဒါက KG+10 ဖြစ်နေတာပေါ့။ အခု KG+12 ဆိုရင် KG က KG အစစ်ပဲ ဖြစ်မယ်။ တစ်တန်းကနေ ၁၂ တန်းအထိပါမှ Regional နဲ့ ညီမယ်ဆိုတာပါပဲ” ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ဆိုသည်။

ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံများတွင် မူလတန်း ခြောက်နှစ်၊ အလယ်တန်း သုံးနှစ်၊ အထက်တန်း သုံးနှစ်ဖြင့် (၆း၃း၃) စနစ်ကို လည်းကောင်း၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင် နိုင်ငံတို့တွင် မူလတန်းခြောက်နှစ်၊ အလယ်တန်းလေးနှစ်၊ အထက်တန်း နှစ်နှစ်ဖြင့် (၆း၎း၂) စနစ်ကို လည်းကောင်း၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့တွင် မူလတန်းငါးနှစ်၊ အလယ်တန်းလေးနှစ်၊ အထက်တန်း သုံးနှစ်ဖြင့် (၅း၎း၃) စနစ်ကို လည်းကောင်း အခြေခံပညာကဏ္ဍ၌ ၁၂ တန်း ပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိနေကြရာ မြန်မာနိုင်ငံ၏ အခြေခံပညာရေး စနစ်မှာ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တစ်နှစ်ကွာဟမှု ရှိနေခဲ့သည့်အတွက် အခြေခံပညာသင်နှစ်အား နိုင်ငံတကာ အဆင့်မီ ကျင့်သုံးနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ အခြေခံပညာ ဖွဲ့စည်းတည်ဆောက်ပုံ စနစ်အား ၁၂ တန်း ပညာစနစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။

Eleven Media Group  

အခြေခံပညာကဏ္ဍ၌ စာသင်ကြားနေသော ကျောင်းသားကျောင်းသူများအား တွေ့ရစဉ်
အခြေခံပညာကဏ္ဍ၌ စာသင်ကြားနေသော ကျောင်းသားကျောင်းသူများအား တွေ့ရစဉ်
အခြေခံပညာကဏ္ဍ၌ သူငယ်တန်းမပါ ၁၂ တန်း ပညာရေးစနစ် (KG+12) အား ၂ဝ၁၆ ခုနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လျာထားလျက်ရှိကြောင်း သိရပြီး လက်ရှိပညာရေး စနစ်မှာ လည်း ၁၁ တန်းနှင့် ကိုက်ညီကြောင်း သတင်းထုတ်ပြန်ပေးသွားမည့် အစီအစဉ်များ ရှိနေသည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေခံ ပညာရေးစနစ် ဖွဲ့စည်းတည်ဆောက်ပုံမှာ မူလတန်းငါးနှစ်၊ အလယ်တန်း လေးနှစ်၊ အထက်တန်းနှစ်နှစ်ဖြင့် (၅း၎း၂) စနစ်ဖြင့်၊ အခြေခံပညာ ကဏ္ဍတွင် ၁၁ တန်း ပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိနေရာ ပညာရေးစနစ် ဖွဲ့စည်းတည်ဆောက်ပုံအား အသက်ငါးနှစ်ပြည့်ပြီး ကလေးများ အတွက် မူလတန်းအဆင့် ပညာရေး၏ အခြေခံအတန်းအဖြစ် သတ်မှတ်သည့် သူငယ်တန်းပညာရေး၊ ပထမတန်းမှ ပဉ္စတန်းအထိ မူလတန်းအဆင့် ပညာရေး၊ ဆဋ္ဌမတန်းမှ နဝမတန်းအထိ အလယ်တန်းအဆင့် ပညာရေး၊ ဒသမတန်း၊ ဧကဒသမတန်း၊ ဒွါဒသမတန်းတို့ ပါဝင်သည့် အထက်တန်းအဆင့် ပညာရေးဟူ၍ အခြေခံပညာကဏ္ဍ ပညာရေး ဖွဲ့စည်းတည်ဆောက်ပုံအား သူငယ်တန်းမပါ (၅း၎း၃) စနစ်ဖြင့် ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ သက်ဆိုင်ရာအတန်းများ ပါရှိသော အခြေခံပညာ ကျောင်းများကိုလည်း အမျိုးအစားများ သတ်မှတ်ရာတွင် သူငယ်တန်းနှင့် မူလတန်းအဆင့်၊ အတန်းများရှိသည့် အခြေခံပညာ မူလတန်းကျောင်း၊ သူငယ်တန်းနှင့် မူလတန်းအဆင့် အတန်းများပါရှိသည့် သို့မဟုတ် မပါရှိသည့် အလယ်တန်းအဆင့် အတန်း များသာ ပါရှိသော အခြေခံပညာ အလယ်တန်းကျောင်း၊ သူငယ်တန်းနှင့် မူလတန်းအဆင့် အတန်းများ ပါရှိသည့် သို့မဟုတ် မပါရှိသည့် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် အတန်းများသာ ပါရှိသော အခြေခံပညာ အထက်တန်းကျောင်း စသဖြင့် ကျောင်းအမျိုးအစားများ သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“KG+12 ကို ယာယီမှန်းထားတာကတော့ ၂ဝ၁၆ စနိုင်ဖို့ပါ။ အဲဒါကြောင့် ၂ဝ၁၆ ခုနှစ်မှာ သူငယ်တန်း စနေတဲ့ ကလေးသည် KG+12 ကို မီမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင်ရိုးညွှန်းတမ်း အသစ်တွေကို ကျွန်မတို့ ရေးဆွဲပါတယ်။ အခု လက်ရှိမှာတော့ KG+10 လို့ပြောပေမယ့် KG မှာလည်း စာသင်တဲ့အတွက် လက်ရှိအနေအထားကလည်း ၁၁ တန်းနဲ့ ညီနေပါတယ်။ အဲဒီအတွက်ကိုလည်း သတင်းအချက်အလက် ထုတ်ပြန်ပေးဖို့ ရှိပါတယ်။ လက်ရှိက ၁၁ တန်းနဲ့လည်း ညီနေတယ်။ ဒါပေမဲ့ ဒါက KG+10 ဖြစ်နေတာပေါ့။ အခု KG+12 ဆိုရင် KG က KG အစစ်ပဲ ဖြစ်မယ်။ တစ်တန်းကနေ ၁၂ တန်းအထိပါမှ Regional နဲ့ ညီမယ်ဆိုတာပါပဲ” ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ဆိုသည်။

ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံများတွင် မူလတန်း ခြောက်နှစ်၊ အလယ်တန်း သုံးနှစ်၊ အထက်တန်း သုံးနှစ်ဖြင့် (၆း၃း၃) စနစ်ကို လည်းကောင်း၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင် နိုင်ငံတို့တွင် မူလတန်းခြောက်နှစ်၊ အလယ်တန်းလေးနှစ်၊ အထက်တန်း နှစ်နှစ်ဖြင့် (၆း၎း၂) စနစ်ကို လည်းကောင်း၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့တွင် မူလတန်းငါးနှစ်၊ အလယ်တန်းလေးနှစ်၊ အထက်တန်း သုံးနှစ်ဖြင့် (၅း၎း၃) စနစ်ကို လည်းကောင်း အခြေခံပညာကဏ္ဍ၌ ၁၂ တန်း ပညာရေးစနစ်ကို ကျင့်သုံးလျက်ရှိနေကြရာ မြန်မာနိုင်ငံ၏ အခြေခံပညာရေး စနစ်မှာ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တစ်နှစ်ကွာဟမှု ရှိနေခဲ့ သည့် အတွက် အခြေခံပညာသင်နှစ်အား နိုင်ငံတကာ အဆင့်မီ ကျင့်သုံးနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ အခြေခံပညာ ဖွဲ့စည်းတည်ဆောက်ပုံ စနစ်အား ၁၂ တန်း ပညာစနစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။

Eleven Media Group  

No comments:

Post a Comment