Monday 22 December 2014

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူများ မဲပေးခွင့်ရရန်မလွယ်

ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲဥပဒေကြမ်းတွင် ယာယီသက် သေခံလက်မှတ်(White Card)ကိုင်ဆောင်ထား သူများကို မဲ ပေးခွင့်ပြုရန် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်မှာ လွှတ် တော်ကော်မတီအနေဖြင့် လက်ခံ နိုင်ရန်ခဲယဉ်းကြောင်းလွှတ်တော် အသိုင်းအ၀ိုင်းမှသတင်းရရှိသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး၍ သမ္မတလက်မှတ် ထိုးနိုင်ရန် ပေးပို့ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင် ဆင်သည့် ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် နိုင်ငံသား၊ နိုင်ငံ သားပြုခွင့်ရသူများနှင့် ဧည့်နိုင်ငံ  သားများသာ ဆန္ဒမဲပေးပိုင်ခွင့်ရှိ သည်ဟု ပြဋ္ဌာန်း ထားခြင်းဖြစ်သည်။

၂၀၀၈ တွင် အခြေခံဥပဒေဆန္ဒခံယူပွဲ ကျင်းပခဲ့စဉ်က ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူများပါ မဲပေးခွင့်ရခဲ့သဖြင့် ယခု လည်း မဲပေးခွင့်ပြုရန် နိုင်ငံတော် သမ္မတက သဘောထားမှတ်ချက် ပေးပို့ ထားခြင်းဖြစ်ကြောင်း ပြည် ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင်ဦးဘရှိန်က ပြောသည်။

သို့သော် နိုင်ငံတော်အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက်က ပြဋ္ဌာန်း ပေးခဲ့သည့် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူများပါ ပါတီတည်ထောင်ခွင့်ရှိသည့် နိုင် ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပ ဒေကိုလည်း နိုင်ငံသားတစ်မျိုး တည်းသာ ပါတီတည်ထောင်ခွင့် ရရှိရန် ပြန်လည် ပြင်ဆင်ထားပြီး ဖြစ်သည့်အတွက် ယခုဆန္ဒခံယူပွဲ ဥပဒေကို ပြင်ဆင်ပေးရန်မှာမဖြစ်  သင့်ကြောင်း ဥပဒေ ကြမ်း ပူးပေါင်း ကော်မတီဝင် ဦးဘရှိန်ကပြော သည်။

အဆိုပါသမ္မတ၏ သဘော ထားမှတ်ချက်နှင့် ပတ်သက်၍ ပူး ပေါင်းကော်မတီတွင် ဆွေးနွေးနေ ဆဲဖြစ်ပြီး ယခု (၁၂)ကြိမ်မြောက်  လွှတ်တော်သို့ အစီရင်ခံစာတင် သွင်းမည်ဟုကော်မတီအတွင်း ရေးမှူး ဦးစောလှထွန်း က ပြော သည်။

‘‘နိုင်ငံရေးဆိုတာ နိုင်ငံသား တွေနဲ့ပဲ ဆိုင်တဲ့ကိစ္စ၊ ယာယီသက် သေခံလက်မှတ်ဆိုတာနိုင်ငံသား ဖြစ်ခြင်း မဖြစ်ခြင်းနဲ့ လုံးဝမသက် ဆိုင်တဲ့ကိစ္စမိုလို့ ကျွန်တော့်တစ် ဦးတည်းအမြင်ဆိုရင်တော့ မဲပေး ခွင့်လုံးဝ မရှိသင့်ဘူး လို့မြင်တယ်’’ ဟု ဦးဘရှိန်က၎င်း၏အမြင်ကို ပြောသည်။

၂၀၁၀ရွေးကောက်ပွဲမတိုင်မီက ယာယီသက်သေခံလက်မှတ် ကိုင်ဆောင် ထားသူများအား ပါတီ တည် ထောင်ခွင့် ပေးခဲ့သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကိုလည်း ယခုပြည်ထောင်စု လွှတ်တော် က ပြန်လည်ပြင်ဆင် ထားပြီးဖြစ်ရာ ရွေးကောက်ပွဲ ကော်မရှင်ကလည်းအဆိုပါနိုင်ငံ ရေးပါတီများကို ဥပဒေ အတိုင်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် ညွှန် ကြားထားပြီးဖြစ်သည်။

7Day DAILY 

No comments:

Post a Comment