Monday 22 December 2014

ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးလက်နက်နှင့်အလင်းဝင်

Photo: ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးလက်နက်နှင့်အလင်းဝင်
Monday, December 22, 2014

၂ဝ၁၁ ခုနှစ် ဧပြီလတွင် မောင်ကျော်ဇင်(ခ) ဆွတ်ငိုင်နှင့် အပေါင်းအပါတစ်စုသည်ဖားကန့်မြို့ လုံးခင်းကျေးရွာအနီး ကျောက်တူး နေစဉ် KIA ၏ လူသစ်စုဆောင်း ခြင်းကိုခံခဲ့ရကြောင်း၊ KIA တွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင် ခဲ့ရာ KIA ၏ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်၍ ဒီဇင်ဘာ၁၆ ရက်တွင် မြစ်ကြီးနားမြို့နယ် တာလောကြီး ကျေးရွာနှင့် မိုင် ၂ဝခန့်ဝေးသော ပန်းတောင်စခန်းမှ တာလောကြီး ပြည်သူ့စစ်နှင့် ခလရ(၈၇)တပ်ရင်း သို့ လက်နက်နှင့် အလင်းဝင် ရောက်ခဲ့ကြောင်းသိရသည်။မောင်ကျော်ဇင်(၂၁)နှစ်သည် မိုးညှင်းမြို့ အောင်သပြေရပ်ကွက် တွင်နေထိုင်သူဖြစ်ပြီး ဖားကန့် တက်ပြီးကျောက်တူးနေစဉ် KIA ဘက်မှလက်နက်ကိုယ်စီနှင့်ရောက် လာပြီး ဖမ်းဆီးခြင်းခံရသည်ဟုပြော သည်။ ''နောက်ပိုင်းမှာ လိုင်ဇာကို ပို့ပြီးစစ်သင်တန်းပေးတယ်။ ရှေ့ တန်းထွက်ခိုင်းပြီး တပ်မတော်စစ် ကြောင်းတွေနဲ့ စစ်တိုက်ခဲ့ရတယ်။ KIA လူကြီးတွေကမတိုက်ရင် သူ တို့က သတ်ပစ်မယ်လို့ပြောတော့ မတိုက်ချင်ဘဲတိုက်ခိုက်ခဲ့ရတာလို့ သူက ပြောတယ်။ ဒီလိုနဲ့သူ့ကို ဒုတပ်ကြပ်ရာထူးတိုးပေးခဲ့တယ်။ သူပြောတာတော့ သူတို့ KIA စခန်း မှာ အနေဆင်းရဲ အစားဆင်းရဲနဲ့ပဲ သူတို့သွားလာလှုပ်ရှားနေရတယ် ပေါ့။ နောက်ပြီး လူမျိုးရေးခွဲခြား ဆက်ဆံခြင်းလဲခံရတယ်။ သူ့ကို တာလောကြီးနဲ့ မိုင် ၂ဝလောက် ဝေးတဲ့ ပန်းတောင်စခန်းကို သွား ရောက်တာဝန်ထမ်းဆောင်ခိုင်း တယ်။ စခန်းမှာ အရမ်းပင်ပန်း ဆင်းရဲပြီး စစ်မတိုက်ချင်တဲ့အတွက် အလင်းဝင်ရောက်ရန် မိမိကိုယ် တိုင် ဆုံးဖြတ်ပြီး ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၆ရက်မှာခြေကျင်ထွက် လာခဲ့တယ်။ လမ်းမှာတာလောကြီး က ရွာသားတစ်ဦးနှင့်တွေ့ပြီးအကူ အညီတောင်းခံခဲ့တယ်။ အဲဒီ ရွာ သားရဲ့အကူအညီနဲ့ပဲ တာလောကြီး ပြည်သူ့စစ်နဲ့ ခလရ(၈၇)တပ်ကို ဆက်သွယ်ပြီး ညနေ ၅ နာရီခွဲ လောက်မှာ အလင်းဝင်ရောက်ခဲ့ တယ်''ဟု တာလောကြီးကျေးရွာမှ ဦးဆန်းဝေက ပြောပြခဲ့သည်။အဆိုပါ မောင်ကျော်ဇင် (ခ) ဆွတ်ငိုင်အလင်းဝင်ရောက်ရာတွင် KIA ယူနီဖောင်းတစ်စုံ၊ ဗုံးပစ်သေ နတ်တစ်လက်၊ ဗုံးသီးတပ်အီနာဂါ ရှစ်လုံးနှင့် ပို့ကျည်ကိုးထောင့်ပါ ဝင်ခဲ့သည်။ ၄င်းအားအစိုးရအဖွဲ့၊ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (ကချင် ပြည်နယ်)နှင့် သက်ဆိုင်ရာတာဝန် ရှိပုဂ္ဂိုလ်များက မိဘဆွေမျိုးများနှင့် ပြန်လည်တွေ့ဆုံနိုင်ရေးအတွက် လိုအပ်သောပံ့ပိုးကူညီမှုများဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကချင်ပြည်နယ်တွင် (၁၇)နှစ် ကြာ အပစ်အခတ်ရပ်စဲ သဘော တူညီမှုမှာ ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် က ပျက်စီးခဲ့ပြီး နှစ်ဖက်တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားခဲ့သည်။

The Union Daily
၂ဝ၁၁ ခုနှစ် ဧပြီလတွင် မောင်ကျော်ဇင်(ခ) ဆွတ်ငိုင်နှင့် အပေါင်းအပါတစ်စုသည်ဖားကန့်မြို့ လုံးခင်း ကျေးရွာအနီး ကျောက်တူး နေစဉ် KIA ၏ လူသစ်စုဆောင်း ခြင်းကိုခံခဲ့ရကြောင်း၊ KIA တွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင် ခဲ့ရာ KIA ၏ညှဉ်းပန်းနှိပ်စက်မှုကို မခံနိုင်၍ ဒီဇင်ဘာ၁၆ ရက်တွင် မြစ်ကြီးနားမြို့နယ် တာလောကြီး ကျေးရွာနှင့် မိုင် ၂ဝခန့်ဝေးသော ပန်းတောင်စခန်းမှ တာလောကြီး ပြည်သူ့စစ်နှင့် ခလရ(၈၇)တပ်ရင်း သို့ လက်နက်နှင့် အလင်းဝင် ရောက်ခဲ့ကြောင်းသိရသည်။
မောင်ကျော်ဇင်(၂၁)နှစ်သည် မိုးညှင်းမြို့ အောင်သပြေရပ်ကွက် တွင်နေထိုင်သူဖြစ်ပြီး ဖားကန့် တက်ပြီး ကျောက်တူးနေစဉ် KIA ဘက်မှလက်နက်ကိုယ်စီနှင့်ရောက် လာပြီး ဖမ်းဆီးခြင်းခံရသည်ဟုပြောသည်။ ''နောက်ပိုင်းမှာ လိုင်ဇာကို ပို့ပြီးစစ်သင်တန်းပေးတယ်။ ရှေ့ တန်းထွက်ခိုင်းပြီး တပ်မတော်စစ် ကြောင်းတွေ နဲ့ စစ်တိုက်ခဲ့ရတယ်။

 KIA လူကြီးတွေကမတိုက်ရင် သူတို့က သတ်ပစ်မယ်လို့ပြောတော့ မတိုက်ချင်ဘဲတိုက်ခိုက်ခဲ့ရတာလို့ သူက ပြောတယ်။ ဒီလိုနဲ့သူ့ကို ဒုတပ်ကြပ်ရာထူးတိုးပေးခဲ့တယ်။ သူပြောတာတော့ သူတို့ KIA စခန်း မှာ အနေဆင်းရဲ အစားဆင်းရဲနဲ့ပဲ သူတို့သွားလာလှုပ်ရှားနေရတယ်ပေါ့။ နောက်ပြီး လူမျိုးရေးခွဲခြား ဆက်ဆံခြင်းလဲခံရတယ်။

သူ့ကို တာလောကြီးနဲ့ မိုင် ၂ဝလောက် ဝေးတဲ့ ပန်းတောင်စခန်းကို သွား ရောက်တာဝန်ထမ်းဆောင်ခိုင်း တယ်။ စခန်းမှာ အရမ်းပင်ပန်း ဆင်းရဲပြီး စစ်မတိုက်ချင်တဲ့အတွက် အလင်းဝင်ရောက်ရန် မိမိကိုယ် တိုင် ဆုံးဖြတ်ပြီး ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၆ရက်မှာခြေကျင်ထွက် လာခဲ့တယ်။ လမ်းမှာတာလောကြီး က ရွာသားတစ်ဦးနှင့်တွေ့ပြီးအကူ အညီတောင်းခံခဲ့တယ်။ အဲဒီ ရွာ သားရဲ့အကူအညီနဲ့ပဲ တာလောကြီး ပြည်သူ့စစ်နဲ့ ခလရ(၈၇)တပ်ကို ဆက်သွယ်ပြီး ညနေ ၅ နာရီခွဲ လောက်မှာ အလင်းဝင်ရောက်ခဲ့ တယ်''ဟု တာလောကြီးကျေးရွာမှ ဦးဆန်းဝေက ပြောပြခဲ့သည်။

အဆိုပါ မောင်ကျော်ဇင် (ခ) ဆွတ်ငိုင် အလင်းဝင်ရောက် ရာတွင် KIA ယူနီဖောင်းတစ်စုံ၊ ဗုံးပစ်သေ နတ်တစ်လက်၊ ဗုံးသီးတပ်အီနာဂါ ရှစ်လုံးနှင့် ပို့ကျည်ကိုးထောင့်ပါ ဝင်ခဲ့သည်။ ၄င်းအားအစိုးရအဖွဲ့၊ သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (ကချင် ပြည်နယ်)နှင့် သက်ဆိုင်ရာတာဝန် ရှိပုဂ္ဂိုလ်များက မိဘဆွေမျိုးများနှင့် ပြန်လည်တွေ့ဆုံနိုင်ရေးအတွက် လိုအပ်သောပံ့ပိုး ကူညီမှုများဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ကချင်ပြည်နယ်တွင် (၁၇)နှစ် ကြာ အပစ်အခတ်ရပ်စဲ သဘော တူညီမှုမှာ ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် က ပျက်စီးခဲ့ပြီး နှစ်ဖက်တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားခဲ့သည်။

The Union Daily 

No comments:

Post a Comment