Monday 22 December 2014

မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ တရုတ်က ဒေါ်လာ သုံးဘီလီယံ ချေးငွေထောက်ပံ့ကူညီမည်

တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံအပါအဝင် အိမ်နီး ချင်းနိုင်ငံများဖြစ်ကြသော ကမ္ဘောဒီး ယား၊ ဗီယက်နမ်၊ ထိုင်းနှင့် လာအိုနိုင်ငံ တို့၏ အခြေခံ လုပ်ငန်း အဆောက်အ အုံများ၊ ကုန်ထုတ်လုပ်မှုနှင့် ဆင်းရဲ မွဲ တေမှု ပပျောက်ရေးတို့ အတွက် ဒေါ် လာ သုံးဘီလီယံ ချေးငွေ ထောက်ပံ့ကူ ညီမည်ဟု သိရသည်။

တရုတ်ဝန်ကြီးချုပ် လီကာ ချန်း၏ ပြောကြားချက်အရ ချေးငွေ ထောက်ပံ့ကူညီရာတွင် ဒေါ်လာတစ် ဘီလီယံမှာ အခြေခံ လုပ်ငန်းအဆောက် အအုံများအတွက်ဖြစ်ပြီး ဒေါ်လာ သန်း ၄၉ဝ မှာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အတွက်ဖြစ်ကာ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံမှာ တရုတ်နိုင်ငံ ပို့ကုန်ထုတ်လုပ် မှုပမာဏ မြှင့်တင်ရန်အတွက် ဖြစ်သည် ဟု သိရသည်။

မဲခေါင်ဒေသဆိုင်ရာ စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှု (၅)ကြိမ် မြောက် အစည်းအဝေးပွဲကို ဘန်ကောက် တွင် ကျင်းပပြုလုပ်ခဲ့ရာတွင် ဝန်ကြီးချုပ် လီကာချန်းက ဒေါ်လာ ၁၆ ဒသမ ၄ သန်းကို မဲခေါင်မြစ် တစ် လျှောက် သဘာ ဝ ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်တား ဆီးမှုများအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည် ဟု သိရသည်။

''မြန်မာနိုင်ငံမှာက ရင်းနှီး မြှုပ်နှံဖို့အတွက် အခြေခံအဆောက်အ အုံတွေဖြစ်တဲ့ လျှပ်စစ်မီး မကောင်းဘူး၊ ဆိပ်ကမ်းလည်း မကောင်းဘူး၊ လမ်းပန်း ဆက်သွယ်ရေး မကောင်းဘူး၊ အခြေခံ ရင်းနှီးမြှုပ်နှံဖို့ အစိုးရမှာ ပိုက်ဆံ များ များမရှိဘူး။ ပြည်ပက ကူမှရမှာ။ ချေး ငွေတွေက ကိုယ့်ဘာသာအလိုက် စီမံ ခန့်ခွဲနိုင်ပြီး ထိထိရောက်ရောက် အသုံး ပြုသင့်တဲ့ နေရာတွေမှာသုံးရမယ်''ဟု ထိုင်းနိုင်ငံ National Institute of Development Administration (NDA) တွင် ပါရဂူတန်း တက်ရောက် သင်ကြားနေသည့် မြန်မာအရေး လေ့ လာသူ ကိုအောင်သူငြိမ်းက တရုတ်နိုင်ငံ ၏ ချေးငွေကောက်ခံမှုအပေါ် မှတ်ချက် ပြု ပြောသွားသည်။

Yangon Media Group 

No comments:

Post a Comment