Monday 22 December 2014

ရသေ့တောင်နှင့် ကျိုက်ထီးရိုးစေတီတော်သို့ ကေဘယ်လ်ရထားပြေးဆွဲရန် မြေယာပြင် ဆင်မှုများပြုလုပ်

ရသေ့ တောင်နှင့် ကျိုက်ထီးရိုးစေတီတော် သို့ကေဘယ်လ် ရထား ပြေးဆွဲရန် အတွက် အကြမ်းဖျင်းမြေယာ ပြင် ဆင်မှုများပြုလုပ်နေပြီ ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှသိရသည်။

ယင်းမြေယာ ပြင်ဆင် မှုများကို ဒီဇင်ဘာလလယ်တွင် စတင်ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းစတင်ရန် မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ထံ မှ ခွင့်ပြုချက်ရမှသာ စတင်နိုင်မည် ဖြစ်ကြောင်း ရထားပြေးဆွဲနိုင်ရန် ဆောင်ရွက်နေသူမွန်ပြည်နယ် အစိုး ရအဖွဲ့မှ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးသက်ဝင်းက ပြောသည်။
''ပြည်နယ်အစိုးရ ကတော့ သ ဘောတူထားတယ်။ နိုင်ငံခြားကုမ္ပ ဏီနဲ့ ပူးပေါင်းလုပ်ဆောင်မှာ ဖြစ်တဲ့ အတွက် ရင်းနှီးမြှုပ်နှံမှုကော်မရှင် ကို တင်ထားတယ်။ သူတို့ဆီက ခွင့် ပြုချက်ပေးလို့ အချိန်လည်းပေးပြီး မိုးမ တိုင်ခင်လုပ်နိုင်ရင် ၂၀၁၅ မှာ ပြီးနိုင်တယ်။ အလွန်ဆုံး ၂၀၁၆ ပေါ့။ အခုထိတော့ လုပ်ငန်းအတွက်ကြီး ကြီးမားမားလုပ်ကိုင်တာမျိုး မရှိသေး ပါဘူး။ မြေအနေ အထားမှာ သစ်တော နဲ့ လွတ်ကင်းမှု ရှိ မရှိ လေ့ လာနေ တုန်းပါ''ဟုယင်းက ဆက်လက်ပြော သည်။

ကျိုက်ထီးရိုးတောင်ပေါ်သို့ ကေဘယ်လ်ရထားဖြင့် သွားရောက် နိုင်ရန်အတွက် ကိုရီးယားနိုင်ငံမှ ကုမ္ပဏီ တစ်ခုနှင့် မွန်ပြည်နယ် အ စိုးရအဖွဲ့တို့ ပူးပေါင်းဆောင် ရွက်မည့် ကေဘယ်လ်ရထားပြေးဆွဲခြင်း ကိစ္စကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံသို့ အောက်တိုဘာလ အတွင်းက တင်ပြထားပြီး ခွင့်ပြုချက် ရမှသာ ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း သိရသည်။

''ဒီလထဲမှာပဲ အကြမ်းဖျင်း မြေယာပြင်ဆင်မှုတွေ လုပ်နေတယ် လို့ကြားတယ်။ သစ်ပင်တွေရှင်းတာ လောက်ပါပဲ။ နောက်သူတို့ တိုင်စိုက် မယ့်မြေအနေ အထားတွေ ကြည့် တယ်။ ကျွန်တော်တို့ကျိုက်ထီးရိုး ရင်ပြင်တော်ပေါ်မှာတော့ တစ်စုံ တစ်ရာထူးခြားမှုမ ရှိသေးပါ ဘူး''ဟု ကျိုက်ထီးရိုးစေတီတော်ဂေါပက အ ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကေဘယ်လ်ရထားပြေးဆွဲခြင်း အတွက် ကျိုက်ထီးရိုးဂေါပကအ ဖွဲ့နှင့် ဘဏ္ဍာငွေ ကိစ္စညှိနှိုင်းမှုများ ပြုလုပ်ရမည်ဖြစ်ပြီး ယနေ့အချိန်အ ထိညှိနှိုင်းမှုများ မပြုလုပ် ရသေး ကြောင်း သိရသည်။

ယင်းကေဘယ်လ်ရထားကို Main Station အဖြစ် ရသေ့တောင် အနီးတွင် သတ်မှတ်ထားပြီး ကျိုက် ထီးရိုးစေတီတော်ရင်ပြင်အနီးရှိ ကားလမ်းသစ်နှင့် လမ်းဟောင်းအ နီးကို Return Station အဖြစ်သတ် မှတ်ထားကြောင်း သိရသည်။ 

အဆိုပါ ကေဘယ်လ်ရထား ပြေးဆွဲနိုင်ပါက မြန်မာနိုင်ငံတွင်ပ ထမဆုံးကေ ဘယ်လ်ရထား ဖြစ်လာမည် ဖြစ်ပြီး ဘုရားဖူးများမှာ ယခုထက် ပိုမိုတိုးပွားလာမည်ဖြစ်ကာ ကားစခန်းတစ်ခု ထပ်မံဆောက်လုပ်၍ ဘုရား ဖူးများအတွက် တည်းခိုနေထိုင်ရာ အဆောက်အအုံများလည်း လိုအပ်လာမည်ဖြစ်ကြောင်း ဦးသက်ဝင်းက သုံးသပ်ပြောသည်။

အဆိုပါ ကေဘယ်လ်ရထား ပြေးဆွဲခြင်းစီမံကိန်းကို ယခုနှစ် ဖေဖော်ဝါရီလတွင် စတင်ရေးဆွဲခဲ့ ပြီး ကရင်ပြည်နယ် ဇွဲကပင်တောင်တွင်လည်း ကေဘယ်လ်ရထားပြေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Democracytoday 

No comments:

Post a Comment