Monday 22 December 2014

အစိုးရ ငွေတိုက်စာချုပ် လေလံဈေးကွက် လာမည့်ဇန်နဝါရီတွင် စတင်ဖွယ်ရှိ

အစိုးရငွေတိုက်စာချုပ် များ အရောင်းအဝယ်ပြုလုပ်နိုင်မည့် လေလံဈေးကွက်ကို လာမည့် ဇန်နဝါရီတွင် စတင် တည် ထောင်ရန်စီစဉ်နေကြောင်း မြန် မာနိုင်ငံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆက်အောင်က ပြောသည်။

‘‘ဒီဈေးကွက်က အရမ်းကိုအရေးကြီးတယ်။ ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် လမ်းစတစ်ခုပဲ’’ ဟု ဦးဆက်အောင် က ပြောသည်။

အစိုးရငွေတိုက် စာချုပ်များ ရောင်းဝယ်မှုသည် အများပြည်သူ သိရှိမှုနည်းပြီး ဘဏ်များကသာ ဝယ်ယူ ရောင်းချမှု အနည်းငယ်ရှိ ၍ ဈေးကွက်ဖန်တီးပြီး ရောင်း ဝယ်ရန်စီစဉ်ခြင်းဖြစ်သည်ဟု ၎င်း ကပြောကြား သည်။

အစိုးရငွေတိုက်စာချုပ်ဈေး ကွက် အကောင်အထည်ဖော်ရာ ၌ နိုင်ငံတကာ အဆင့်နှင့်အညီ ဆောင်ရွက်နိုင် ရန် စီစဉ်ထားပြီး စာချုပ်စာတမ်းများကို အီလက် ထရွန်နစ် စနစ်ဖြင့် ရောင်းဝယ်နိုင်ရန်  ပြင်ဆင်ထား ကြောင်းဒေါက်တာ ဆက်အောင်က ပြော ကြားသည်။

အစိုးရငွေတိုက်စာချုပ်များ ရောင်းဝယ်မှုသည် ပြည်သူထံမှ အစိုးရက ငွေပြန်ချေးသည့်စနစ် ဖြစ်ကြောင်း ဘဏ္ဍာခွန်ဝန်ကြီးဌာ န ဒုဝန်ကြီးဒေါက်တာမောင်မောင် သိန်းကပြောကြားသည်။

အစိုးရငွေတိုက်စာချုပ်ဈေး ကွက် အကောင်အထည်ဖော်ပြီးနောက် ၂၀၁၆ တွင် ပွင့်လင်းသည့် ငွေကြေး ဈေးကွက် တစ်ခု အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။

အစိုးရငွေတိုက်စာချုပ်များ ကို ၁၉၉၃ မှ စတင်၍ထုတ်ဝေခဲ့ပြီး ငွေတိုက်စာချုပ်အပေါ်ပေး သော အတိုး နှုန်းနှင့်ဘဏ်အပ်ငွေ အတိုးနှုန်းကွာဟမှုကြောင့် ယင်းစာချုပ်များ  ဈေးကွက်တွင် အရောင်း အဝယ်နည်းခဲ့သည်။

ငွေတိုက်စာချုပ် အများစု ဝယ်ယူ ရင်းနှီးမြှုပ်နှံသူများမှာ ဘဏ်များသာဖြစ်ပြီး ယင်းတို့၏ ပိုလျှံငွေများကို စာချုပ်များတွင် ဝယ်ယူရင်းနှီးကြောင်း ဂျာမနီဖွံ့ဖြိုးရေး အဖွဲ့အစည်း GIZ မှထုတ်ပြန်သော စာတမ်းတွင် ဖော်ပြထားသည်။

 အစိုးရ  ငွေတိုက်စာချုပ် ရောင်းချရမှုသည် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၁,၁၀၀ ဘီလီယံဖိုးရှိနေ သည်။ ၂နှစ်သက် တမ်းရှိငွေတိုက်စာချုပ်၏ အတိုး နှုန်းမှာ တစ်နှစ်လျှင် ၈ ဒသမ ၇၅ ရာခိုင်နှုန်း၊ သုံးနှစ်နှင့် ငါးနှစ်သက် တမ်းရှိ စာချုပ်များ၏ အတိုးနှုန်း မှာ ၉ ရာခိုင်နှုန်းမှ ၉ ဒသမ ၅ ရာခိုင်နှုန်းပေးထားသည်။

7Day DAILY 

No comments:

Post a Comment