Monday 22 December 2014

တာလီဘန်တို့၏ ပစ်မှတ်ဖြစ်လာမည်ကို အေမာခန်းစိုးရိမ်

Photo: တာလီဘန်တို့၏ ပစ်မှတ်ဖြစ်လာမည်ကို အေမာခန်းစိုးရိမ်
Monday, December 22, 2014

ဗြိတိန်လက်ဝှေ့ အကျော်အမော် အေမာခန်းသည် ကလေးငယ်ပေါင်း ၁၃၂ ဦး တိုက်ခိုက်ခံခဲ့ရသော ပါကစ္စတန်နိုင်ငံရှိ စာသင်ကျောင်းကို ပြန်လည်ထူထောင်နိုင်စေရန် အကူအညီများ ပံ့ပိုးပေးအပ်နေသည့် အတွက် အကြမ်းဖက် တာလီဘန်များ၏ ပစ်မှတ်တစ်ခု ဖြစ်လာမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း Mail Online က ဖော်ပြသည်။

အသက် ၁၇ နှစ်အရွယ်တွင် အိုလံပစ် ငွေတံဆိပ်ဆုရှင် ဖြစ်ခဲ့သော အေမာခန်းသည် မွတ်ဆလင်တစ်ဦး ဖြစ်ကာ ပါကစ္စတန်နိုင်ငံ ပီရှာဝါမြို့ရှိ အဆိုပါကျောင်းအပေါ် တိုက်ခိုက်ခဲ့မှုဖြစ်စဉ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချထားသူလည်း ဖြစ်သည်။

အေမာခန်းသည် မကြာသေးမီက ဒေဗွန်အလက်ဇန္ဒားနှင့် ထိုးသတ်ခဲ့သော ပွဲစဉ်တွင် ဝတ်ဆင်ခဲ့သည့် ရွှေ ၂၄ ကာရက် ထည့်သွင်း ချုပ်လုပ်ထားသော ကမ္ဘာ့တန်ကြေး အမြင့်ဆုံး အားကစား ဘောင်းဘီတိုကို အဆိုပါကျောင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အတွက် လေလံတင်ထားပြီ ဖြစ်ကာ အခွင့်ရှိမည် ဆိုပါက ပါကစ္စတန်နိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ရန်ပုံငွေရှာဖွေရေး လုပ်ငန်းများကို တက်ကြွစွာ လုပ်ဆောင်ပေးလိုကြောင်းလည်း အေမာခန်းက ဖွင့်ဟပြောဆိုထားသည်။

တာလီဘန် အကြမ်းဖက်သမား ခုနစ်ဦးခန့် ပါဝင်သော အဖွဲ့သည် ဒီဇင်ဘာလ ၁၆ ရက်နေ့၏ ဒေသစံတော်ချိန် ၁၀ နာရီခွဲခန့်တွင် ယင်းကျောင်းကို အကြမ်းဖက် စီးနင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကာ ၎င်းတို့၏ ပစ်ခတ်မှု ဖြစ်စဉ်အတွင်း ကျောင်းသား ၁၃၂ ဦးအပြင် ကျောင်းဝန်ထမ်း ကိုးဦးလည်း အသက်ဆုံးရှုံးခဲ့ကြရသည်။

တာလီဘန်များသည် ၎င်းတို့၏ အဖျက်အမှောင့် လုပ်ငန်းများကို ပြန်လည်ထူထောင်နိုင်ရန် ကြိုးပမ်းပေးသူများကို အမြဲတစေ ပစ်မှတ်ထားလေ့ ရှိကာ ယင်းအတွက်ကြောင့်ပင် အေမာခန်းက ၎င်းနှင့် ၎င်း၏ မိသားစုအတွက် ထိတ်လန့်မှုအချို့ ရှိနေခြင်း ဖြစ်သည်။

အေမာခန်း၏ အဘိုးအဘွားများသည် ပါကစ္စတန်လူမျိုးများ ဖြစ်ကြကာ ၂၀၀၅ ခုနှစ် အတွင်း၌ ကက်ရှ်မီးယား ဒေသတွင် ငလျင်လှုပ်စဉ်ကလည်း ယင်းနေရာရှိ ကျောင်းများနှင့် ဆေးရုံများ ပြန်လည်တည်ဆောက်နိုင်ရန် အတွက် အေမာခန်းက ပါကစ္စတန်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ ငွေလှူဒါန်းမှုများ လုပ်ပေးခဲ့ဖူးသည်။ အေမာခန်း၏ အားကစား ဘောင်းဘီတိုကို အနိမ့်ဆုံးအနေနှင့် ပေါင်သုံးသောင်းခန့်အထိ ရနိုင်သည်ဟု လေလံဈေးကွက် ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။

The Voice Weekly
ဗြိတိန်လက်ဝှေ့ အကျော်အမော် အေမာခန်းသည် ကလေးငယ်ပေါင်း ၁၃၂ ဦး တိုက်ခိုက်ခံခဲ့ရသော ပါကစ္စတန်နိုင်ငံရှိ စာသင်ကျောင်းကို ပြန်လည်ထူထောင်နိုင်စေရန် အကူအညီများ ပံ့ပိုးပေးအပ်နေသည့် အတွက် အကြမ်းဖက် တာလီဘန်များ၏ ပစ်မှတ်တစ်ခု ဖြစ်လာမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း Mail Online က ဖော်ပြသည်။

အသက် ၁၇ နှစ်အရွယ်တွင် အိုလံပစ် ငွေတံဆိပ်ဆုရှင် ဖြစ်ခဲ့သော အေမာခန်းသည် မွတ်ဆလင်တစ်ဦး ဖြစ်ကာ ပါကစ္စတန်နိုင်ငံ ပီရှာဝါမြို့ရှိ အဆိုပါကျောင်းအပေါ် တိုက်ခိုက်ခဲ့မှုဖြစ်စဉ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချထားသူလည်း ဖြစ်သည်။

အေမာခန်းသည် မကြာသေးမီက ဒေဗွန်အလက်ဇန္ဒားနှင့် ထိုးသတ်ခဲ့သော ပွဲစဉ်တွင် ဝတ်ဆင်ခဲ့သည့် ရွှေ ၂၄ ကာရက် ထည့်သွင်း ချုပ်လုပ်ထားသော ကမ္ဘာ့တန်ကြေး အမြင့်ဆုံး အားကစား ဘောင်းဘီတိုကို အဆိုပါ ကျောင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အတွက် လေလံတင်ထားပြီ ဖြစ်ကာ အခွင့်ရှိမည် ဆိုပါက ပါကစ္စတန်နိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ရန်ပုံငွေရှာဖွေရေး လုပ်ငန်းများကို တက်ကြွ စွာ လုပ်ဆောင်ပေးလိုကြောင်းလည်း အေမာခန်းက ဖွင့်ဟပြောဆိုထားသည်။

တာလီဘန် အကြမ်းဖက်သမား ခုနစ်ဦးခန့် ပါဝင်သော အဖွဲ့သည် ဒီဇင်ဘာလ ၁၆ ရက်နေ့၏ ဒေသ စံတော်ချိန် ၁၀ နာရီခွဲခန့်တွင် ယင်းကျောင်းကို အကြမ်းဖက် စီးနင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ကာ ၎င်းတို့၏ ပစ်ခတ်မှု ဖြစ်စဉ်အတွင်း ကျောင်းသား ၁၃၂ ဦးအပြင် ကျောင်းဝန်ထမ်း ကိုးဦးလည်း အသက်ဆုံးရှုံး ခဲ့ကြရသည်။

တာလီဘန်များသည် ၎င်းတို့၏ အဖျက်အမှောင့် လုပ်ငန်းများကို ပြန်လည်ထူထောင်နိုင်ရန် ကြိုးပမ်းပေးသူ များကို အမြဲတစေပစ်မှတ်ထားလေ့ရှိကာ ယင်းအတွက်ကြောင့်ပင် အေမာခန်းက ၎င်းနှင့် ၎င်း၏ မိသားစု အတွက် ထိတ်လန့်မှုအချို့ ရှိနေခြင်း ဖြစ်သည်။

အေမာခန်း၏ အဘိုးအဘွားများသည် ပါကစ္စတန်လူမျိုးများ ဖြစ်ကြကာ ၂၀၀၅ ခုနှစ် အတွင်း၌ ကက်ရှ် မီးယား ဒေသတွင် ငလျင်လှုပ်စဉ်ကလည်း ယင်းနေရာရှိ ကျောင်းများနှင့် ဆေးရုံများ ပြန်လည် တည်ဆောက် နိုင်ရန် အတွက် အေမာခန်းက ပါကစ္စတန်သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ ငွေ လှူဒါန်းမှုများ လုပ်ပေးခဲ့ဖူးသည်။ အေမာခန်း၏ အားကစား ဘောင်းဘီတိုကို အနိမ့်ဆုံးအနေနှင့် ပေါင် သုံးသောင်းခန့် အထိ ရနိုင်သည်ဟု လေလံဈေးကွက် ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။

The Voice Weekly 

No comments:

Post a Comment