Monday 22 December 2014

ဦးနှောက် သေနေသည့် အမျိုးသမီး၏ ကိုယ်ဝန်ကို အောင်မြင်စွာ ခွဲစိတ် မွေးဖွား ပေးနိုင်ခဲ့

အီတလီနိုင်ငံ မီလန်မြို့မှ ဆရာဝန်များသည် ဦးနှောက်သေနေသည့် အမျိုးသမီးတစ်ဦး၏ ကိုယ်ဝန်ကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်ဝန်ဆောင် အမျိုးသမီးသည် အောက်တိုဘာလတွင် ဦးနှောက်တွင်း သွေးယိုစိမ့်မှု ဖြစ်ပွား ခဲ့ခြင်းကြောင့် ဦးနှောက် သေသွားခဲ့ခြင်းဖြစ်ပြီး မိခင်ဖြစ်သူကို ဆေးကုသမှု ပြုလုပ်နေချိန်တွင် သူမ၏ ဝမ်းအတွင်းရှိ ကလေးငယ်အား ဆက်လက် အသက်ရှင်နိုင် စေရန်အတွက် ဆရာဝန်များက တစ်လနီးပါးခန့် ထိန်း သိမ်းထားခဲ့ရာမှ ဒီဇင်ဘာ ၁၉ ရက်တွင် ခွဲစိတ်မွေးဖွား ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခု မွေးဖွားခဲ့သည့် ကလေးငယ်၏ အလေးချိန်မှာ ၁ ဒသမ ၈ ကီလိုဂရမ်ရှိပြီး ရက်သတ္တ ၃၂ ပတ်ဖြင့် မွေးဖွားပေးခဲ့ခြင်းဖြစ်ကာ မိခင်ဖြစ်သူ၏ အခြားအင်္ဂါအစိတ်အပိုင်းများကို အစားထိုးကုသရေး ဌာနသို့ လှူဒါန်း ခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment