Monday 22 December 2014

အနည်းဆုံး လုပ်အားခနှုန်းထား သတ်မှတ်ချက် အလုပ်ရှင်များ အဆိုမပြုနိုင်

Photo: အနည်းဆုံး လုပ်အားခနှုန်းထား သတ်မှတ်ချက် အလုပ်ရှင်များ အဆိုမပြုနိုင်
Monday, December 22, 2014

မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်အားခ သတ်မှတ်ရန် နှုန်းထားနှင့် ပတ်သက်၍ အလုပ်ရှင်များက အဆိုပြုနိုင်ခြင်း မရှိကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် ပတ်သက်၍ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်တို့ ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် လုပ်အားခနှုန်းထား အဆိုပြုချက်နှင့် ပတ်သက်၍ အလုပ်ရှင်များ ပေးနိုင်သည့် နှုန်းထားကို အဆိုပြုရန် အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း အလုပ်ရှင်များက အဆိုပြုနိုင်ခြင်း မရှိခဲ့ကြောင်း ၎င်းကဆိုသည်။

အလုပ်သမားတစ်ဦး နေထိုင်အသက်ရှင်ရန် လိုအပ်သည့် လူမှုရေး အကာအကွယ် (Social Protection) ရရှိရေးအတွက် စစ်တမ်းများ ထွက်ပေါ်လာပါက ယင်းစစ်တမ်းပါ လိုအပ်ချက်အတိုင်း ကုန်ကျသည့် ငွေကြေးကို အလုပ်ရှင်များက အနည်းဆုံး လုပ်အားခအဖြစ် ပေးရန် သဘောတူခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

အလုပ်သမားများကို အနည်းဆုံး လုပ်အားခအဖြစ် ကျပ်တစ်သိန်းဝန်းကျင် ပေးနိုင်သည်ဟု Asia General Electric ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဦးခင်မောင်မြတ်က အဆိုပြုခဲ့သော်လည်း ဖိနပ်စက်ရုံ လုပ်ငန်းရှင်များ အပါအဝင် လုပ်ငန်းရှင်အချို့က ယင်းနှုန်းထားကို ၎င်းတို့ လုပ်ငန်းများအတွက် ဆိုလျှင် အဆင်မပြေနိုင်ဟုဆိုကာ ကန့်ကွက်ခဲ့ကြသည်။

အနည်းဆုံး လုပ်အားခ သတ်မှတ်ချက်နှင့် ပတ်သက်၍ အဆိုပြုချက်များကို အလုပ်ရှင်များ အနေနှင့် ဇန်နဝါရီလတွင် တင်ပြနိုင်ကြောင်း ဦးအေးမြင့်က အလုပ်ရှင် ကိုယ်စားလှယ်များကို ပြောဆိုခဲ့သည်။

သို့သော်လည်း ယင်းတွေ့ဆုံပွဲတွင် ပုံမှန်အလုပ်ချိန် ရှစ်နာရီကိုသာ အခြေခံကာ အနည်းဆုံး လုပ်အားခကို သတ်မှတ်ရန်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက် အနည်းဆုံး လုပ်အားခများကို သတ်မှတ်ရန် အလုပ်ရှင် ကိုယ်စားလှယ်များက သဘောတူခဲ့ကြသည်။

ဝန်ကြီးဌာနနှင့် အလုပ်သမား အဖွဲ့အစည်းချုပ် ကိုယ်စားလှယ်များ ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ဆုံရာတွင်မူ အနည်းဆုံး လုပ်အားခကို တစ်ရက်လျှင် အနည်းဆုံး ကျပ်သုံးထောင် ဝန်းကျင်မှ အမြင့်ဆုံး ခုနစ်ထောင် ဝန်းကျင်အထိ အလုပ်သမားများက အဆိုပြုခဲ့ကြကြောင်း ဦးမျိုးအောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၁၀၈ မြို့နယ်ကို အခြေခံကာ အိမ်ထောင်စုများ၏ နေထိုင်စားသုံးမှု ကုန်ကျစရိတ် စစ်တမ်းများ အပါအဝင် အနည်းဆုံး လုပ်အားခ သတ်မှတ်ရန် လိုအပ်သည့် စစ်တမ်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း အပြီးကောက်မည် ဖြစ်ကြောင်း ဦးအေးမြင့်က ပြောဆိုထားသည်။

အလုပ်ရှင်၊ အလုပ်သမားများနှင့် ညှိနှိုင်းကာ ၎င်းတို့ အဆိုပြုသည့် လုပ်အားခ နှုန်းထားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများက အမျိုးသားကော်မတီထံသို့ ယင်းနှစ်အတွင်း တင်ပြရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

The Voice Weekly
မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်အားခ သတ်မှတ်ရန် နှုန်းထားနှင့် ပတ်သက်၍ အလုပ်ရှင်များက အဆိုပြုနိုင် ခြင်း မရှိကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် ပတ်သက်၍ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်တို့ ဒီဇင်ဘာလ ၂၁ ရက်နေ့ က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် လုပ်အားခနှုန်းထား အဆိုပြုချက်နှင့် ပတ်သက်၍ အလုပ်ရှင်များ ပေးနိုင်သည့် နှုန်းထားကို အဆိုပြုရန် အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း အလုပ်ရှင်များက အဆိုပြုနိုင်ခြင်း မရှိခဲ့ကြောင်း ၎င်းကဆိုသည်။

အလုပ်သမားတစ်ဦး နေထိုင်အသက်ရှင်ရန် လိုအပ်သည့် လူမှုရေး အကာအကွယ် (Social Protection) ရရှိရေးအတွက် စစ်တမ်းများ ထွက်ပေါ်လာပါက ယင်းစစ်တမ်းပါ လိုအပ်ချက်အတိုင်း ကုန်ကျသည့် ငွေကြေး ကို အလုပ်ရှင်များက အနည်းဆုံး လုပ်အားခအဖြစ် ပေးရန် သဘောတူခဲ့ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

အလုပ်သမားများကို အနည်းဆုံး လုပ်အားခအဖြစ် ကျပ်တစ်သိန်းဝန်းကျင် ပေးနိုင်သည်ဟု Asia General Electric ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဦးခင်မောင်မြတ်က အဆိုပြုခဲ့သော်လည်း ဖိနပ်စက်ရုံ လုပ်ငန်းရှင်များ အပါအဝင် လုပ်ငန်းရှင်အချို့က ယင်းနှုန်းထားကို ၎င်းတို့ လုပ်ငန်းများအတွက် ဆိုလျှင် အဆင်မပြေနိုင်ဟုဆိုကာ ကန့်ကွက်ခဲ့ကြသည်။

အနည်းဆုံး လုပ်အားခ သတ်မှတ်ချက်နှင့် ပတ်သက်၍ အဆိုပြုချက်များကို အလုပ်ရှင်များ အနေနှင့် ဇန်နဝါရီ လတွင် တင်ပြနိုင်ကြောင်း ဦးအေးမြင့်က အလုပ်ရှင် ကိုယ်စားလှယ်များကို ပြောဆိုခဲ့သည်။

သို့သော်လည်း ယင်းတွေ့ဆုံပွဲတွင် ပုံမှန်အလုပ်ချိန် ရှစ်နာရီကိုသာ အခြေခံကာ အနည်းဆုံး လုပ်အားခကို သတ် မှတ်ရန်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက် အနည်းဆုံး လုပ်အားခ များကို သတ်မှတ်ရန် အလုပ်ရှင် ကိုယ်စားလှယ်များက သဘောတူခဲ့ကြသည်။

ဝန်ကြီးဌာနနှင့် အလုပ်သမား အဖွဲ့အစည်းချုပ် ကိုယ်စားလှယ်များ ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ဆုံ ရာတွင်မူ အနည်းဆုံး လုပ်အားခကို တစ်ရက်လျှင် အနည်းဆုံး ကျပ်သုံးထောင် ဝန်းကျင်မှ အမြင့်ဆုံး ခုနစ်ထောင် ဝန်းကျင်အထိ အလုပ်သမားများက အဆိုပြုခဲ့ကြကြောင်း ဦးမျိုးအောင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၁၀၈ မြို့နယ်ကို အခြေခံကာ အိမ်ထောင်စုများ၏ နေထိုင်စားသုံးမှု ကုန်ကျ စရိတ် စစ်တမ်းများ အပါအဝင် အနည်းဆုံး လုပ်အားခ သတ်မှတ်ရန် လိုအပ်သည့် စစ်တမ်းများကို တိုင်း ဒေသကြီး နှင့် ပြည်နယ်တို့တွင် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လအတွင်း အပြီးကောက်မည် ဖြစ်ကြောင်း ဦးအေးမြင့်က ပြောဆိုထားသည်။

အလုပ်ရှင်၊ အလုပ်သမားများနှင့် ညှိနှိုင်းကာ ၎င်းတို့ အဆိုပြုသည့် လုပ်အားခ နှုန်းထားများကို တိုင်း ဒေသကြီးနှင့် ပြည်နယ်ကော်မတီများက အမျိုးသားကော်မတီထံသို့ ယင်းနှစ်အတွင်း တင်ပြရမည် ဖြစ် ကြောင်း ၎င်းကဆိုသည်။

The Voice Weekly 

No comments:

Post a Comment