Wednesday 10 September 2014

တက္ကသိုလ်ဝင်တန်း စာမေးပွဲအစား အခြေခံပညာ အထက်တန်းစာမေးပွဲဟု အမည်ပြောင်းရန် စီစဉ်

 Photo: တက္ကသိုလ်ဝင်တန်း စာမေးပွဲအစား အခြေခံပညာ အထက်တန်းစာမေးပွဲဟု အမည်ပြောင်းရန် စီစဉ်
Wednesday, September 10 , 2014

အဆင့်မြင့်ပညာ တက္ကသိုလ်များ ဝင်ခွင့်အတွက် ဖြေဆိုရသော တက္ကသိုလ် ဝင်တန်း စာမေးပွဲ နေရာတွင် အခြေခံပညာ အထက်တန်းစာမေးပွဲဟု သာ ပြောင်းလဲခေါ်ဆိုရန် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ စီစဉ်နေကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဝင်းက The Voice သို့ ပြောကြားသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ် ပြောင်းလဲရန် ဆွေးနွေးမှုများ ပြုလုပ်နေ ဆဲဖြစ်၍ အကောင်အထည် ဖော်မည့် နှစ်ကိုမူ မထုတ်ပြန်နိုင်သေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ ပညာရေးနယ်ပယ် တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် နီးစပ်သူတစ်ဦးကမူ အဆိုပါ နာမည် အပြောင်းအလဲကို လာမည့် ၂၀၁၅ ခုနှစ်မှစ၍ ပြောင်းလဲနိုင်ဖွယ် ရှိကြောင်း ပြောဆိုသည်။

“အတည်ပြုချက်တော့ မရှိသေးဘူး။ တချို့လည်း ဆွေးနွေးနေတုန်းပဲ။ မပြီးပြတ်သေးပါဘူး” ဟု ဒေါက်တာစိုးဝင်းက The Voice သို့ ရှင်းပြသည်။

ယင်းမှာ ပညာရေး ဝန်ကြီးဌာနက တက္ကသိုလ် စာမေးပွဲစနစ် ပြောင်းလဲရန် ကနဦး အစီအစဉ်အဖြစ် စတင်ခြင်း ဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်း စာမေးပွဲအဖြစ် ပြောင်းလဲခြင်းကြောင့် အထက်တန်း ပြီးဆုံးသူများသည် ကြိုက်နှစ်သက်ရာ တက္ကသိုလ်တိုင်းကို ဝင်ခွင့်စာမေးပွဲ ဖြေဆိုကာ တက်ရောက်နိုင်မည် ဖြစ်ကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ပညာရေး ဝန်ကြီးဌာနက ပြုလုပ်သော ပညာရေး ဆွေးနွေးပွဲများတွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲနှင့် အခြေခံပညာ အထက်တန်းစာမေးပွဲ အသုံးအနှုန်း တို့ကို ပြောင်းလဲရန် အချေအတင်ဝေဖန် ထောက်ပြလေ့ရှိပြီး လက်ရှိအချိန်ထိ သဘောတူညီချက် မရနိုင်သေးကြောင်း အခြေခံပညာ အသိုင်းအဝိုင်းထံ စုံစမ်းသိရှိရသည်။

သို့သော် လက်ရှိ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားပြီးသော အမျိုးသား ပညာရေး ဥပဒေတွင် တက္ကသိုလ်ဝင်ခွင့်ကို သက်ဆိုင်ရာ တက္ကသိုလ်များ၏ သတ် မှတ် ချက် အလိုက် ရွေးချယ်လက်ခံသောစနစ် ပြောင်းလဲရန် ထည့်သွင်း ထား သည်။

The Voice Weekly
အဆင့်မြင့်ပညာ တက္ကသိုလ်များ ဝင်ခွင့်အတွက် ဖြေဆိုရသော တက္ကသိုလ် ဝင်တန်း စာမေးပွဲ နေရာတွင် အခြေခံပညာ အထက်တန်းစာမေးပွဲဟု သာ ပြောင်းလဲခေါ်ဆိုရန် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ စီစဉ်နေကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဝင်းက The Voice သို့ ပြောကြားသည်။တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ် ပြောင်းလဲရန် ဆွေးနွေးမှုများ ပြုလုပ်နေ ဆဲဖြစ်၍ အကောင် အထည် ဖော်မည့် နှစ်ကိုမူ မထုတ်ပြန်နိုင်သေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ ပညာရေး နယ် ပယ် တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် နီးစပ်သူတစ်ဦးကမူ အဆိုပါ နာမည် အပြောင်းအလဲကို လာမည့် ၂၀၁၅ ခုနှစ်မှစ၍ ပြောင်းလဲနိုင်ဖွယ် ရှိကြောင်း ပြောဆိုသည်။

“အတည်ပြုချက်တော့ မရှိသေးဘူး။ တချို့လည်း ဆွေးနွေးနေတုန်းပဲ။ မပြီးပြတ်သေးပါဘူး” ဟု ဒေါက်တာ စိုးဝင်းက The Voice သို့ ရှင်းပြသည်။

ယင်းမှာ ပညာရေး ဝန်ကြီးဌာနက တက္ကသိုလ် စာမေးပွဲစနစ် ပြောင်းလဲရန် ကနဦး အစီအစဉ်အဖြစ် စတင်ခြင်း ဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်း စာမေးပွဲအဖြစ် ပြောင်းလဲခြင်းကြောင့် အထက်တန်း ပြီးဆုံးသူ များသည် ကြိုက်နှစ်သက်ရာ တက္ကသိုလ်တိုင်းကို ဝင်ခွင့်စာမေးပွဲ ဖြေဆိုကာ တက်ရောက်နိုင် မည် ဖြစ်ကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ပညာရေး ဝန်ကြီးဌာနက ပြုလုပ်သော ပညာရေး ဆွေးနွေးပွဲများတွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲနှင့် အခြေခံပညာ အထက်တန်းစာမေးပွဲ အသုံးအနှုန်း တို့ကို ပြောင်းလဲရန် အချေအတင်ဝေဖန် ထောက်ပြလေ့ ရှိပြီး လက်ရှိအချိန်ထိ သဘောတူညီချက် မရနိုင်သေးကြောင်း အခြေခံပညာ အသိုင်းအဝိုင်းထံ စုံစမ်းသိရှိရသည်။

သို့သော် လက်ရှိ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားပြီးသော အမျိုးသား ပညာရေး ဥပဒေတွင် တက္ကသိုလ်ဝင်ခွင့်ကို သက်ဆိုင်ရာ တက္ကသိုလ်များ၏ သတ်မှတ်ချက်အလိုက် ရွေးချယ်လက်ခံသော စနစ် ပြောင်းလဲရန် ထည့်သွင်း ထား သည်။

The Voice Weekly

No comments:

Post a Comment