Wednesday 10 September 2014

မွတ်စလင် ညီအစ်ကိုများအဖွဲ့ နောက်တွင် ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ KIO နယ်မြေမှာ အခြေချဖို့ ကြိုးပမ်းလာ

Photo: မွတ်စလင် ညီအစ်ကိုများအဖွဲ့ နောက်တွင် ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ KIO နယ်မြေမှာ အခြေချဖို့ ကြိုးပမ်းလာ
Wednesday, September 10, 2014

ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွင် ရိုဟင်ဂျာ တပ်မတော်ထူထောင်အခြေစိုက်ခွင့်ပြုရန် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်၌ အခြေပြုသော ဘင်္ဂါလီလက်နက် ကိုင်အဖွဲ့ RSO(Rohingya Solidarity Organization ) က တောင်းဆိုထားကြောင်း ရုပ်သံဖိုင် မှတ်တမ်းများ အရ သိရသည်။

အဆိုပါ ရုပ်သံဖိုင်သည် ၂၀၁၄ ခုနှစ် မတ်လအတွင်းက ထိုင်းနိုင်ငံ တစ်နေရာတွင် KIA အဖွဲ့မှ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်အား ရိုဟင်ဂျာ အမည်ခံဘင်္ဂါလီအဖွဲ့မှ ဦးမောင်ကျော်နု အပါအ၀င် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်အချို့က တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရိုဟင်ဂျာတပ်မတော် ထူထောင်ရေး တောင်းဆိုမှုနှင့်ပတ်သက်၍ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်က အဖြေပြန် မပေး ခဲ့သော်လည်း ရိုဟင်ဂျာ၊ ကချင်၊ ရှမ်း၊ မွန်၊ ကရင် စသည့် တိုင်းရင်းသားများသည် အစိုးရကို အပြစ်မြင် သည်မှာ ထပ်တူဖြစ်ကြောင်း ပြောဆိုမှုကို ကြည့်ခြင်းအားဖြင့် အဆိုပါတောင်းဆိုမှုကို လက်ခံဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

“ ရိုဟင်ဂျာ တပ်မတော်ထူထောင်ဖို့ KIO က လက်ခံစဉ်းစားဖွယ်ရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ KIO ထိန်းချုပ်နယ်မြေမှာ မွတ်စလင်ညီအစ်ကိုများအဖွဲ့လည်း နေထိုင်ခဲ့ဖူးပါတယ်၊ အခုချိန်ထိ နေထိုင်မှုရှိ၊ မရှိ မသိရပေမယ့် KIO က လက်ခံဖူးတာရှိတော့ ရိုဟင်ဂျာက ထပ်ပြီး လာတောင်းတာဖြစ်မှာပါ ” ဟု မြစ်ကြီးနား မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ရိုဟင်ဂျာအသုံးအနှုန်းနှင့် ပတ်သက်ပြီး ရိုဟင်ဂျာအစား ဘင်္ဂါလီလို့ သုံးနှုန်းရန် ညွှန်ကြားထားကြောင်း၊ ရိုဟင်ဂျာ ဆိုတာ မြန်မာ့သမိုင်းမှာ မရှိကြောင်း၊ ယခုကဲ့သို့ ရိုဟင်ဂျာဟု သုံးနှုန်းခြင်းမှာ နိုင်ငံရေး ကြိုးပမ်းချက် တစ်ရပ်သာဖြစ်ကြောင်း ထိပ်တန်းတပ်မတော်အရာရှိကြီး တစ်ဦးက ဆိုသည်။
KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာသို့ ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းက အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံနယ်စပ် အခြေစိုက် အစ္စလာမ်ဘာသာရေး အစွန်းရောက်အဖွဲ့ဖြစ်သော မွတ်စလင်ညီအစ်ကိုများအဖွဲ့မှ ကိုယ်စားလှယ် ၂ ဦးနှင့် စကားပြန်တစ်ဦးတို့ ၀င်ရောက်လာခဲ့ဖူးသည်။

အဆိုပါအဖွဲ့သည် အစ္စလာမ် ဘာသာရေး အစွန်းရောက်များဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် ဂျီဟတ် စစ်ပွဲ ဆင်နွှဲရန် KIO နှင့် လာရောက်ညှိနှိုင်းခြင်းဖြစ်ကြောင်း၊ KIO ထိန်းချုပ်နယ်မြေတွင် အခြေစိုက်စခန်းဖွင့်ပြီး KIA နှင့် ပူးပေါင်းကာ လက်နက်များကို နယ်စပ်မှတစ်ဆင့် တင်သွင်းပြီး ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများပင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ မွတ်စလင်ညီအစ်ကိုများအဖွဲ့ကို ယနေ့ထက်တိုင် KIO ထိန်းချုပ်နယ်မြေတွင် လက်ခံထားသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ရခိုင်တပ်မတော်(AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) အဖွဲ့များလည်း ရှိနေကြောင်း၊ ယခု အခါ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ထပ်မံနေထိုင်ခွင့်ပြုပါက ကချင်ပြည်နယ်တွင် ပြဿနာများ ရှုပ်ထွေးလာရုံ သာမက မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည်ဟူသော ခြိမ်းခြောက်မှု အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းနှင့် အတူတူပင် ဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ သတင်းထောက် တစ်ဦးက ပြောကြားသွားခဲ့သည်။

သွေးသစ္စာ
Credit to : Kachin Daily News
ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွင် ရိုဟင်ဂျာ တပ်မတော် ထူထောင်အခြေစိုက်ခွင့်ပြုရန် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်၌ အခြေပြုသော ဘင်္ဂါလီ လက်နက် ကိုင်အဖွဲ့ RSO(Rohingya Solidarity Organization ) က တောင်းဆိုထားကြောင်း ရုပ်သံဖိုင် မှတ်တမ်းများ အရ သိရသည်။
အဆိုပါ ရုပ်သံဖိုင်သည် ၂၀၁၄ ခုနှစ် မတ်လအတွင်းက ထိုင်းနိုင်ငံ တစ်နေရာတွင် KIA အဖွဲ့မှ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်အား ရိုဟင်ဂျာ အမည်ခံဘင်္ဂါလီအဖွဲ့မှ ဦးမောင်ကျော်နု အပါအ၀င် အစ္စလာမ်ဘာ သာရေး ခေါင်းဆောင် အချို့က တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရိုဟင်ဂျာတပ်မတော် ထူထောင်ရေး တောင်းဆိုမှုနှင့်ပတ်သက်၍ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်းဒေါင်က အဖြေပြန် မပေး ခဲ့သော်လည်း ရိုဟင်ဂျာ၊ ကချင်၊ ရှမ်း၊ မွန်၊ ကရင် စသည့် တိုင်းရင်းသားများသည် အစိုးရကို အပြစ်မြင် သည်မှာ ထပ်တူဖြစ်ကြောင်း ပြောဆိုမှုကို ကြည့်ခြင်းအားဖြင့် အဆိုပါတောင်းဆိုမှုကို လက်ခံဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

“ ရိုဟင်ဂျာ တပ်မတော်ထူထောင်ဖို့ KIO က လက်ခံစဉ်းစားဖွယ်ရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ KIO ထိန်းချုပ်နယ်မြေမှာ မွတ်စလင်ညီအစ်ကိုများအဖွဲ့လည်း နေထိုင်ခဲ့ဖူးပါတယ်၊ အခုချိန်ထိ နေထိုင်မှုရှိ၊ မရှိ မသိရပေမယ့် KIO က လက်ခံဖူးတာရှိတော့ ရိုဟင်ဂျာက ထပ်ပြီး လာတောင်းတာဖြစ်မှာပါ ” ဟု မြစ်ကြီး နား မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ရိုဟင်ဂျာအသုံးအနှုန်းနှင့် ပတ်သက်ပြီး ရိုဟင်ဂျာအစား ဘင်္ဂါလီလို့ သုံးနှုန်းရန် ညွှန်ကြားထားကြောင်း၊ ရိုဟင်ဂျာ ဆိုတာ မြန်မာ့သမိုင်းမှာ မရှိကြောင်း၊ ယခုကဲ့သို့ ရိုဟင်ဂျာဟု သုံးနှုန်းခြင်းမှာ နိုင်ငံရေး ကြိုးပမ်း ချက် တစ်ရပ်သာဖြစ်ကြောင်း ထိပ်တန်းတပ်မတော်အရာရှိကြီး တစ်ဦးက ဆိုသည်။ KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာသို့ ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းက အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံနယ်စပ် အခြေစိုက် အစ္စလာမ် ဘာသာရေး အစွန်းရောက်အဖွဲ့ဖြစ်သော မွတ်စလင်ညီအစ်ကိုများအဖွဲ့မှ ကိုယ်စားလှယ် ၂ ဦးနှင့် စကားပြန် တစ်ဦးတို့ ၀င်ရောက်လာခဲ့ဖူးသည်။

အဆိုပါအဖွဲ့သည် အစ္စလာမ် ဘာသာရေး အစွန်းရောက်များဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် ဂျီဟတ် စစ်ပွဲ ဆင်နွှဲရန် KIO နှင့် လာရောက်ညှိနှိုင်းခြင်းဖြစ်ကြောင်း၊ KIO ထိန်းချုပ်နယ်မြေတွင် အခြေစိုက်စခန်း ဖွင့်ပြီး KIA နှင့် ပူးပေါင်းကာ လက်နက်များကို နယ်စပ်မှတစ်ဆင့် တင်သွင်းပြီး ပူးပေါင်းစစ်ရေးလေ့ကျင့်မှု များပင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

အဆိုပါ မွတ်စလင်ညီအစ်ကိုများအဖွဲ့ကို ယနေ့ထက်တိုင် KIO ထိန်းချုပ်နယ်မြေတွင် လက်ခံထားသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ရခိုင်တပ်မတော်(AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) အဖွဲ့များလည်း ရှိနေကြောင်း၊ ယခု အခါ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ထပ်မံနေထိုင်ခွင့်ပြုပါက ကချင်ပြည်နယ်တွင် ပြဿနာများ ရှုပ်ထွေး လာရုံ သာမက မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည်ဟူသော ခြိမ်းခြောက်မှု အန္တရာယ်ကို ဖိတ်ခေါ်နေခြ င်းနှင့် အတူတူပင် ဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ သတင်းထောက် တစ်ဦးက ပြောကြားသွားခဲ့သည်။

သွေးသစ္စာ
Credit to : Kachin Daily News

No comments:

Post a Comment