Wednesday 10 September 2014

အမျိုးသားပညာရေးဥပဒေ (မူကြမ်း)နှင့် သုံးသပ်ချက်များ မိုဘိုင်းဖုန်းတွင် ဖတ်ရှုနိုင်ရန် APP အခမဲ့ဖြန့်ဝေမည်

အမျိုးသားပညာရေးဥပဒေ(မူကြမ်း)အပါအ၀င် ဥပဒေမူကြမ်းအပေါ် သုံးသပ်ချက်များကို မိုဘိုင်းဖုန်းများတွင် ဖတ်ရှုနိုင် ရန် ISchool-Myanmar က And-roid Application တစ်ခုပြုလုပ်၍ စက်တင်ဘာ ၉ ရက်မှ စတင်ကာ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သတင်းရ ရှိသည်။
‘‘လက်ရှိအမျိုးသားပညာရေး ဥပဒေကို အငြင်းပွားနေတာတွေ ရှိတယ်။ အားလုံးဝိုင်း ပြီးတော့ ဆွေးနွေးလို့ ရအောင်ရယ်၊ အချက် အလက်တွေ အပြည့်အစုံရအောင် ထည့်ပေးထားတယ်။ အဓိကကတော့ ပညာရေး ဥပဒေရယ်၊ NNER က ထုတ်ထားတဲ့ ပညာရေးဥပဒေမူကြမ်းရယ်ကို မိုဘိုင်းဖုန်း တွေမှာပါ အလွယ် တကူကြည့် လို့ ရအောင် လုပ်တာပါ’’ဟု ISchool-Myanmar ပူးတွဲတည်ထောင်သူ ကိုရဲဝင်းက ပြောသည်။

Android Application အမည်မှာ mm Education ဖြစ်ပြီး http://www.mm-education. blogspot.com/ တွင် ဒေါင်းလုတ်ရယူဖတ်ရှုနိုင်သည်။

အမျိုးသားပညာရေးဥပဒေ (မူကြမ်း)အပေါ် သုံးသပ်ထားသည့် ဒေါက်တာ သိန်းလွင်နှင့် ဆရာ ကိုတာတို့၏ သုံးသပ်ချက် ဆောင်းပါးများကိုပါ ထည့်သွင်း ပေးထားပြီး ပညာရေး ဥပဒေမူ ကြမ်းနှင့် ပတ်သက်၍ နောက် ဆုံးရသတင်းများ၊ ပညာရှင်များ နှင့် အသင်းအဖွဲ့များမှ ဝေဖန်သုံး သပ်ချက်များကိုလည်း  ထပ်မံ ထည့် သွင်းပေးသွားရန် စီစဉ်ထား ကြောင်း သိရသည်။

ISchool-Myanmar အနေ ဖြင့် ပြည်သူ့ခေတ်ဂျာနယ်အယ်ဒီ တာအဖွဲ့က စီစဉ်သည့် ‘‘ဟံသာဝတီ ဦးဝင်းတင်’’စာအုပ်ကို မိုဘိုင်း ဖုန်းများတွင် ဖတ်ရှုနိုင်ရန် Android Application တစ်ခုပြုလုပ်၍ ၂၀၁၄ ခုနှစ် မေလ ၂ ရက်တွင် အခမဲ့ဖြန့် ဝေပေးခဲ့သည်။

ISchool-Myanmar ကို ၂၀၁၂ ခုနှစ်တွင် စတင်တည် ထောင်ပြီး  Training for ICT, Digital Security, Social Media နှင့် Citizen Journalism သင် တန်းများ အခမဲ့သင်ကြားပေးနေ ကြောင်း သိရသည်။

7Day DAILY

No comments:

Post a Comment