Wednesday 10 September 2014

ပိတ်ဆို့မှုလက်ကျန် စိုးရိမ်စိတ်ကြောင့် မြန်မာနှင့် ကုန်သွယ်ရေးမတွင်ကျယ်

Photo: ပိတ်ဆို့မှုလက်ကျန် စိုးရိမ်စိတ်ကြောင့် မြန်မာနှင့် ကုန်သွယ်ရေးမတွင်ကျယ်
Wednesday, September 10, 2014

ပြီးခဲ့တဲ့ မတ်လက အာရှကနေ ငါးလကြာ ခရီးကနေ ပြန်ရောက်လာသော အမေရိကန်နိုင်ငံသား ဒင်နီရယ် ရတ်ဘန်သည် ဆန်းထရက်စ်(Sun Trust) ဘဏ်ကနေ  စာတစ်စောင်ကို လက်ခံရရှိပါသည်။ စာထဲမှာ ဘဏ်ကရေးထား သည်မှာ မစ္စတာရတ်ဘန်သည် သူ၏ဘဏ်အကောင့်ကို အမေရိကန်က ပိတ်ဆို့မှုလုပ်ထားသော မြန်မာပြည်က ကွန်ပျူတာကနေ လှမ်းသုံးခြင်းဖြင့် ဘဏ်၏ စည်းကမ်းကို ချိုးဖောက်သည်ဟု ဆိုသည်။

ထို့ပြင် ဘဏ်က မစ္စတာ ရက်ဘန်သည် သူတို့ဘဏ်စာရင်း ဖွင့်ထားသူတစ်ဦး အနေဖြင့် မြန်မာပြည်ခရီးမတိုင်ခင် ဘဏ်ကို ၁၅ ရက် ကြိုတင်ပြီး အကြောင်းကြား ရန်လည်း ပျက်ကွက်ခဲ့သည်ဟုလည်း ရေးသားထားသည်။ အထက်ဖော်ပြပါ အကြောင်းအရာများနှင့်ပတ်သက်ပြီး နောက်တစ်ကြိမ် ကျူးလွန်ပါက သူ၏ဘဏ်ငွေသွင်းစာရင်းကို ပိတ်လိုက်မည်ဟု ဘဏ်အရာရှိက ပြီးခဲ့သည့် သြဂုတ်က ပေးပို့သော စာတွင်ရေးသားထား၏။

 မစ္စတာရတ်ဘန် အတော် စိတ်အနှောင့်အယှက်ဖြစ်သွားပါ သည်။ ဘဏ်ကတောင်းဆိုသော ပြီးခဲ့သော ၁၂ လအတွင်း သူ၏ ငွေကြေး ဆိုင်ရာ ဆောင်ရွက်မှု များ အသေးစိတ်ကို ဖော်ပြရမည့်စာ ကိုလည်း ပြန်ပို့ရန် ငြင်းဆိုခဲ့ သည်။ မြန်မာကိုပိတ်ဆို့မှုများ ပြီး ဆုံးခဲ့သည်မှာ တစ်နှစ်ကျော်ခန့် ကတည်းကဖြစ်ပြီး ယခုအချိန်မှာ အမေရိကန်နိုင်ငံက မြန်မာနှင့် ကုန်သွယ်ရေးကို တိုးမြှင့်နေပါ သည်။ အမှန်က မစ္စတာရတ်ဘန် က ဒီအေအိုင်အတိုင်ပင်ခံ လုပ် ငန်းက နိုင်ငံတကာ ဖွံ့ဖြိုးမှုကျွမ်း ကျင်သူတစ်ဦးဖြစ်ပြီး အမေရိကန် က နောက်ခံပေးပို့ကူညီပေးနေ သော မြန်မာနိုင်ငံက စိုက်ပျိုးရေး ကဏ္ဍ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာပြည်သို့ သွားရောက်ခြင်း ဖြစ်သည်။

‘‘ကျွန်တော်ဘဏ်ကို စာပြန် ရေးပြီး ပြောလိုက်တယ်။ အမေရိကန်ကုန်သွယ်ရေးဌာနကတောင် မြန်မာမှာ လူတစ်ယောက်ထားပြီး ကုန်သွယ်ရေးတိုးမြှင့်ဖို့ လုပ်နေတာလို့။ သူတို့တွေအတော်ကို ခေတ်နောက်ကျနေပြီ’’ ဟု မစ္စတာရတ်ဘန်က ပြောပါသည်။

ဆန်းထရက်စ်(Sun Trust) ဘဏ်မန်နေဂျာဟုဂ်ျဆာအာက သူ့အနေဖြင့် သီးခြားအကောင့် တစ်ခုအပေါ်မှာ မှတ်ချက်မပေး လိုသော်လည်း မြန်မာနှင့်ပတ် သက်သည့် အမေရိကန်၏ ပိတ် ဆို့မှုများ အကုန်မရုပ်သိမ်းသေး ဟု ဆိုပါသည်။ ဘဏ်အနေဖြင့် ကျန်ရှိနေသေးသော ပိတ်ဆို့မှုများ နှင့်ပတ်သက်သော စည်းမျဉ်းများ ကို လိုက်နာရမည်ဖြစ်ပြီး ချိုး ဖောက်မှုများ ဖြစ်လာမှုကို ရှောင် ရှားသည့်အနေဖြင့် လိုက်လျော ညီထွေရှိအောင် ဆောင်ရွက်နေရ သည်ဟု ပြောကြားသည်။

အမေရိကန်က မြန်မာကို ပိတ်ဆို့မှုများ ဖြေလျှော့ပေးခဲ့ သည်မှာ ၂ နှစ်ရှိပါပြီ။ မြန်မာ အစိုးရက ၂၀၁၁ ခုနှစ်မှ စစ်အာ ဏာရှင်စနစ်ကနေ အရပ်သား အစိုးရအဖြစ် ပြောင်းလဲခဲ့ချိန်မှာ ထိုသို့ ပြောင်းလဲခဲ့ခြင်း ဖြစ်ပါ သည်။ ယခုအချိန်မှာ တိုင်းပြည် ခေါင်းဆောင်များက ဒီမိုကရေစီ ပြောင်းလဲမှုဆီကို သွားနေသလို အမေရိကန် သံအမတ်များက လည်း အမေရိကန်ကုမ္ပဏီများကို မြန်မာမှာ ရင်းနှီးမြှုပ်နှံရန် တိုက် တွန်းနေပါသည်။

သို့သော်လည်း စီးပွားရေး ပိတ်ဆို့မှု၏ လက်ကျန်ပြဿနာ တွေက ထိုအားထုတ်ကြိုးပမ်းမှု များကို အခက်အခဲများ ဖြစ်ပေါ် လာစေခဲ့သည်။ ဘဏ်တွေကလည်း ဒဏ်ငွေကောက်ခံမှုကြောင့် တိုင်တန်းမှုတွေအပေါ် ဂရုပြုစရာတွေ တိုးလာသည်။ ဘဏ်အနည်းငယ်ကပဲ အမေရိကန်နိုင်ငံ အပြင်ဘက်နှင့် ငွေအသွင်း၊ အထုတ်လုပ်ရန် ဆန္ဒရှိကြသည်။ မြန်မာနိုင်ငံကုမ္ပဏီများ နာမည်ပါလျှင် စင်ကာပူလို နိုင်ငံက ကြားခံပြီး ငွေလွှဲရာတွင်ပင် တစ်ခါတလေ အမေရိကန်လုပ်ငန်းများက ပိတ်ဆို့တာကို ခံရသည်ဟု ရန်ကုန်အခြေစိုက် လူ့ အခွင့်အရေးအတိုင်ပင်ခံ ရှားလော့တ်အိုဆူလီဗန်က ပြောသည်။

‘‘ဒါတရားဝင်ပါလို့ ဘဏ်ကို ဘယ်နှကြိမ်ပဲ ပြောပြော သူတို့ ကတော့ ကြောက်နေသေးတာပဲ။ ဒီလောက်နဲ့က သူတို့အတွက် မတန်ဘူးလေ’’

ဘဏ်အများစုက မြန်မာ ပြည်နှင့်ပတ်သက်ပြီး ငွေသွင်း၊ ငွေထုတ်ခြင်း ခွင့်ပြုခြင်းကို ပြဿ နာအဖြစ် မြင်နေကြသည်။ စီးပွား ရေးပိတ်ဆို့မှုများ အတော်များ များ ရုပ်သိမ်းထားသော်လည်း မြန်မာစစ်တပ်နှင့်ပတ်သက်နေ သည်ဆိုသော ကုမ္ပဏီနှင့် စီးပွား ရေးသမား တစ်ရာကျော်မှာ ပိတ် ဆို့မှုစာရင်းတွင် ရှိနေဆဲ ဖြစ်၏။

‘‘သူတို့က မြန်မာပြည်မှာ ငွေအသွင်း၊ အထုတ် လုပ်တဲ့အ ခါ အဲဒီငွေ ဘယ်ရောက်သွား သလဲ။ ကျွန်တော်တို့ မသိနိုင်ဘူး လေ’’ ဟု ဆန်းထရက်စ်ဘဏ်မှ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာဆာက ပြောပါသည်။

ရှည်လျားသော အမည်ပျက် စာရင်းသည် မြန်မာပြည်၏ စီး ပွားရေးကို ၇၀ ရာခိုင်နှုန်း တိုက် ရိုက်(သို့မဟုတ်) သွယ်ဝိုက်ထိန်း ချုပ်ထားသည့် ထိုလူများနှင့် စီး ပွားရေးလုပ်ရန် တားမြစ်ထားခြင်း ဖြစ်သည်ဟု ရန်ကုန်တွင် ခြောက် လခန့်နေထိုင်ဖူးသည့် ရှေ့နေ အဲရစ်ရို့စ်က ဆိုသည်။ သံတမန် များက ပိတ်ပင်ခံထားရသော ကုမ္ပဏီများကို မြန်မာစစ်တပ်နှင့် အဆက်အသွယ်ဖြတ်ပြခြင်းဖြင့် အမည်ပျက် စာရင်းမှ လွတ် အောင်ကြိုးစားရန် တိုက်တွန်း အားပေးနေသည်။ သို့ရာတွင် အမည်ပျက်စာရင်းမှ ဖျက်ခံရအောင် လုပ်ခြင်းက နှစ်နှင့်ချီကြာပြီး ယခုနောက်ဆုံးချိန်အထိ မည်သူကမျှ စာရင်းဖျက်ခံရခြင်း မရှိပါ။

အမေရိကန်နိုင်ငံခြားရေး ဌာနက တာဝန်ရှိသူများက အမေ ရိကန်စီးပွားရေးလုပ်ငန်းများကို မြန်မာမှာ ရင်းနှီးမြှုပ်နှံရန် အား ပေးနေသော်လည်း ဘဏ်လုပ် ငန်းနှင့် အမည်ပျက်စာရင်းက အမေရိကန်ကုမ္ပဏီတော်တော် များများကို မလုပ်နိုင်အောင် တား ဆီးထားပါသည်။ အရေအတွက် တစ်ဒါဇင်ထက် နည်းသည့် ကုမ္ပဏီများသာ မြန်မာတွင် ဒေါ်လာသန်းအနည်းငယ်မျှ ရင်း နှီးမြှုပ်နှံနေကြသည်။ ထိုအထဲမှာ ကိုကာကိုလာ။ ၀က်စတန်ယူနီယံနှင့် ဂတ်(Gap) အ၀တ်အစားကုမ္ပဏီတို့ပါသည်။

  နောက်ထပ်အသေးစား နှင့် အလတ်စားကုမ္ပဏီများ လာ ရောက်ရင်းနှီးမြှုပ်နှံရန်အတွက် အမေရိကန်အစိုးရ သက်ဆိုင်သူ များက ဘဏ်တွေနှင့် ပေါင်းပြီး မြန်မာမှာငွေကြေးလမ်းကြောင်း အသစ်ကို ဖန်တီးဖို့လိုသည်ဟု မစ္စတာရို့စ်က ပြောကြားသည်။

‘‘အမေရိကန်က ဘဏ်နဲ့ ပတ်သက်ပြီး နည်းနည်းပါးပါးပဲ လုပ်သေးတယ်။ ဒါကြောင့် အခု အချိန်မှာ ကုမ္ပဏီတွေကလာဖို့ ဆိုင်းထားတာတို့၊ ပြန်သွားတာ တို့ ပြီးတော့ မြန်မာကိုမလာဖို့ ဆုံး ဖြတ်တာတို့ ဖြစ်နေတာပေါ့’’

(ဝေါစထရိဂျာနယ်မှ ဆောင်းပါး ရှင် Joel Schectman ရေးသားသော Old Sanctions Fears Stall New Myanmar Trade ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်)

7Day DAILY 

မြန်မာနိုင်ငံ၏ အထင်ကရ ရွှေတိဂုံစေတီတော်ပေါ်တွင် ဘုရားဖူးများတွေ့ရစဉ် (ဓာတ်ပုံ − Bloomberg)
မြန်မာနိုင်ငံ၏ အထင်ကရ ရွှေတိဂုံစေတီတော်ပေါ်တွင် ဘုရားဖူးများတွေ့ရစဉ် (ဓာတ်ပုံ − Bloomberg)
ပြီးခဲ့တဲ့ မတ်လက အာရှကနေ ငါးလကြာ ခရီးကနေ ပြန်ရောက်လာသော အမေရိကန်နိုင်ငံသား ဒင်နီရယ် ရတ်ဘန်သည် ဆန်းထရက်စ်(Sun Trust) ဘဏ်ကနေ  စာတစ်စောင်ကို လက်ခံရရှိပါသည်။ စာထဲမှာ ဘဏ်ကရေးထားသည်မှာ မစ္စတာရတ်ဘန်သည် သူ၏ဘဏ်အကောင့်ကို အမေရိကန်က ပိတ်ဆို့မှုလုပ် ထားသော မြန်မာပြည်က ကွန်ပျူတာကနေလှမ်းသုံးခြင်းဖြင့် ဘဏ်၏စည်းကမ်းကို ချိုးဖောက်သည်ဟုဆို သည်။
ထို့ပြင် ဘဏ်က မစ္စတာ ရက်ဘန်သည် သူတို့ဘဏ်စာရင်း ဖွင့်ထားသူတစ်ဦး အနေဖြင့် မြန်မာပြည်ခရီး မတိုင်ခင် ဘဏ်ကို ၁၅ ရက် ကြိုတင်ပြီး အကြောင်းကြား ရန်လည်း ပျက်ကွက်ခဲ့သည် ဟုလည်း ရေးသား ထားသည်။ အထက်ဖော်ပြပါ အကြောင်းအရာများနှင့်ပတ်သက်ပြီး နောက်တစ်ကြိမ် ကျူးလွန်ပါက သူ၏ ဘဏ်ငွေသွင်းစာရင်းကို ပိတ်လိုက်မည်ဟု ဘဏ်အရာရှိက ပြီးခဲ့သည့် သြဂုတ်က ပေးပို့သော စာတွင်ရေး သားထား၏။

 မစ္စတာရတ်ဘန် အတော် စိတ်အနှောင့်အယှက်ဖြစ်သွားပါ သည်။ ဘဏ်ကတောင်းဆိုသော ပြီးခဲ့သော ၁၂ လအတွင်း သူ၏ ငွေကြေးဆိုင်ရာ ဆောင်ရွက်မှုများ အသေးစိတ်ကို ဖော်ပြရမည့်စာ ကိုလည်း ပြန် ပို့ရန် ငြင်းဆိုခဲ့ သည်။ မြန်မာကိုပိတ်ဆို့မှုများ ပြီး ဆုံးခဲ့သည်မှာ တစ်နှစ်ကျော်ခန့် ကတည်းကဖြစ်ပြီး ယခု အချိန်မှာ အမေရိကန်နိုင်ငံက မြန်မာနှင့် ကုန်သွယ်ရေးကို တိုးမြှင့်နေပါ သည်။ အမှန်က မစ္စတာရတ်ဘန် က ဒီအေအိုင်အတိုင်ပင်ခံ လုပ် ငန်းက နိုင်ငံတကာ ဖွံ့ဖြိုးမှုကျွမ်း ကျင်သူတစ်ဦးဖြစ်ပြီး အမေရိကန် က နောက်ခံပေးပို့ကူညီပေးနေ သော မြန်မာနိုင်ငံက စိုက်ပျိုးရေး ကဏ္ဍ၏ တစ်စိတ်တစ်ပိုင်း အဖြစ် မြန်မာပြည် သို့ သွားရောက်ခြင်း ဖြစ်သည်။

‘‘ကျွန်တော်ဘဏ်ကို စာပြန် ရေးပြီး ပြောလိုက်တယ်။ အမေရိကန်ကုန်သွယ်ရေးဌာနကတောင် မြန်မာမှာ လူတစ်ယောက်ထားပြီး ကုန်သွယ်ရေးတိုးမြှင့်ဖို့ လုပ်နေတာလို့။ သူတို့တွေအတော်ကို ခေတ်နောက် ကျနေ ပြီ’’ ဟု မစ္စတာရတ်ဘန်က ပြောပါသည်။

ဆန်းထရက်စ်(Sun Trust) ဘဏ်မန်နေဂျာဟုဂ်ျဆာအာက သူ့အနေဖြင့် သီးခြားအကောင့် တစ်ခုအပေါ်မှာ မှတ်ချက်မပေး လိုသော်လည်း မြန်မာနှင့်ပတ် သက်သည့် အမေရိကန်၏ ပိတ် ဆို့မှုများ အကုန်မရုပ် သိမ်းသေး ဟု ဆိုပါသည်။ ဘဏ်အနေဖြင့် ကျန်ရှိနေသေးသော ပိတ်ဆို့မှုများ နှင့်ပတ်သက်သော စည်းမျဉ်း များ ကို လိုက်နာရမည်ဖြစ်ပြီး ချိုး ဖောက်မှုများ ဖြစ်လာမှုကို ရှောင် ရှားသည့်အနေဖြင့် လိုက်လျော ညီထွေရှိအောင် ဆောင်ရွက်နေရ သည်ဟု ပြောကြားသည်။

အမေရိကန်က မြန်မာကို ပိတ်ဆို့မှုများ ဖြေလျှော့ပေးခဲ့ သည်မှာ ၂ နှစ်ရှိပါပြီ။ မြန်မာ အစိုးရက ၂၀၁၁ ခုနှစ်မှ စစ်အာ ဏာရှင်စနစ်ကနေ အရပ်သား အစိုးရအဖြစ် ပြောင်းလဲခဲ့ချိန်မှာ ထိုသို့ ပြောင်းလဲခဲ့ခြင်း ဖြစ်ပါ သည်။ ယခုအချိန်မှာ တိုင်းပြည် ခေါင်းဆောင်များက ဒီမိုကရေစီ ပြောင်းလဲမှုဆီကို သွားနေသလို အမေရိ ကန် သံအမတ်များက လည်း အမေရိကန်ကုမ္ပဏီများကို မြန်မာမှာ ရင်းနှီးမြှုပ်နှံရန် တိုက် တွန်းနေပါသည်။

သို့သော်လည်း စီးပွားရေး ပိတ်ဆို့မှု၏ လက်ကျန်ပြဿနာ တွေက ထိုအားထုတ်ကြိုးပမ်းမှု များကို အခက် အခဲများ ဖြစ်ပေါ် လာစေခဲ့သည်။ ဘဏ်တွေကလည်း ဒဏ်ငွေကောက်ခံမှုကြောင့် တိုင်တန်းမှုတွေအပေါ် ဂရုပြုစရာတွေ တိုးလာသည်။ ဘဏ်အနည်းငယ်ကပဲ အမေရိကန်နိုင်ငံ အပြင်ဘက်နှင့် ငွေအသွင်း၊ အထုတ် လုပ်ရန် ဆန္ဒရှိကြသည်။ မြန်မာနိုင်ငံကုမ္ပဏီများ နာမည်ပါလျှင် စင်ကာပူလို နိုင်ငံက ကြားခံပြီး ငွေ လွှဲ ရာတွင်ပင် တစ်ခါတလေ အမေရိကန်လုပ်ငန်းများက ပိတ်ဆို့တာကို ခံရသည်ဟု ရန်ကုန်အခြေစိုက် လူ့ အခွင့်အရေးအတိုင်ပင်ခံ ရှားလော့တ်အိုဆူလီဗန်က ပြောသည်။

‘‘ဒါတရားဝင်ပါလို့ ဘဏ်ကို ဘယ်နှကြိမ်ပဲ ပြောပြော သူတို့ ကတော့ ကြောက်နေသေးတာပဲ။ ဒီလောက်နဲ့ က သူတို့အတွက် မတန်ဘူးလေ’’

ဘဏ်အများစုက မြန်မာ ပြည်နှင့်ပတ်သက်ပြီး ငွေသွင်း၊ ငွေထုတ်ခြင်း ခွင့်ပြုခြင်းကို ပြဿ နာအဖြစ် မြင်နေကြ သည်။ စီးပွား ရေးပိတ်ဆို့မှုများ အတော်များ များ ရုပ်သိမ်းထားသော်လည်း မြန်မာစစ်တပ်နှင့်ပတ်သက်နေ သည်ဆိုသော ကုမ္ပဏီနှင့် စီးပွား ရေးသမား တစ်ရာကျော်မှာ ပိတ် ဆို့မှုစာရင်းတွင် ရှိနေဆဲ ဖြစ်၏။

‘‘သူတို့က မြန်မာပြည်မှာ ငွေအသွင်း၊ အထုတ် လုပ်တဲ့အ ခါ အဲဒီငွေ ဘယ်ရောက်သွား သလဲ။ ကျွန်တော်တို့ မသိနိုင်ဘူး လေ’’ ဟု ဆန်းထရက်စ်ဘဏ်မှ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာဆာက ပြောပါသည်။

ရှည်လျားသော အမည်ပျက် စာရင်းသည် မြန်မာပြည်၏ စီး ပွားရေးကို ၇၀ ရာခိုင်နှုန်းတိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ထိန်း ချုပ်ထားသည့် ထိုလူများနှင့် စီးပွားရေးလုပ်ရန် တားမြစ်ထားခြင်း ဖြစ်သည်ဟု ရန်ကုန် တွင် ခြောက် လခန့်နေထိုင်ဖူးသည့် ရှေ့နေ အဲရစ်ရို့စ်က ဆိုသည်။ သံတမန် များက ပိတ်ပင်ခံထားရသော ကုမ္ပဏီများကို မြန်မာစစ်တပ်နှင့် အဆက်အသွယ်ဖြတ်ပြခြင်းဖြင့် အမည်ပျက် စာရင်းမှ လွတ် အောင်ကြိုး စား ရန် တိုက်တွန်း အားပေးနေသည်။ သို့ရာတွင် အမည်ပျက်စာရင်းမှ ဖျက်ခံရအောင် လုပ်ခြင်း က နှစ်နှင့်ချီကြာပြီး ယခုနောက်ဆုံးချိန်အထိ မည်သူကမျှ စာရင်းဖျက်ခံရခြင်း မရှိပါ။

အမေရိကန်နိုင်ငံခြားရေး ဌာနက တာဝန်ရှိသူများက အမေ ရိကန်စီးပွားရေးလုပ်ငန်းများကို မြန်မာမှာ ရင်းနှီးမြှုပ်နှံ ရန် အား ပေးနေသော်လည်း ဘဏ်လုပ် ငန်းနှင့် အမည်ပျက်စာရင်းက အမေရိကန် ကုမ္ပဏီတော်တော် များများကို မလုပ်နိုင်အောင် တား ဆီးထားပါသည်။ အရေအတွက် တစ်ဒါဇင်ထက် နည်းသည့် ကုမ္ပဏီများသာ မြန်မာတွင် ဒေါ်လာသန်းအနည်းငယ်မျှ ရင်း နှီးမြှုပ်နှံနေကြသည်။ ထိုအထဲမှာ ကိုကာကိုလာ။ ၀က်စတန်ယူနီယံနှင့် ဂတ်(Gap) အ၀တ်အစားကုမ္ပဏီတို့ပါသည်။

နောက်ထပ်အသေးစား နှင့် အလတ်စားကုမ္ပဏီများ လာ ရောက်ရင်းနှီးမြှုပ်နှံရန်အတွက် အမေရိကန်အစိုးရ သက်ဆိုင်သူ များက ဘဏ်တွေနှင့် ပေါင်းပြီး မြန်မာမှာငွေကြေးလမ်းကြောင်း အသစ်ကို ဖန်တီးဖို့ လိုသည်ဟု မစ္စတာရို့စ်က ပြောကြားသည်။

‘‘အမေရိကန်က ဘဏ်နဲ့ ပတ်သက်ပြီး နည်းနည်းပါးပါးပဲ လုပ်သေးတယ်။ ဒါကြောင့် အခု အချိန်မှာ ကုမ္ပဏီတွေကလာဖို့ ဆိုင်းထားတာတို့၊ ပြန်သွားတာ တို့ ပြီးတော့ မြန်မာကိုမလာဖို့ ဆုံး ဖြတ်တာတို့ ဖြစ်နေ တာပေါ့’’

(ဝေါစထရိဂျာနယ်မှ ဆောင်းပါး ရှင် Joel Schectman ရေးသားသော Old Sanctions Fears Stall New Myanmar Trade ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်)

7Day DAILY

No comments:

Post a Comment