Wednesday 10 September 2014

ဆရာတော် ဦးဥတ္တမနေ့ကို ရုံးပိတ်ရက် သတ်မှတ်ပေးရန် တောင်းဆို

Photo: ဆရာတော် ဦးဥတ္တမနေ့ကို ရုံးပိတ်ရက် သတ်မှတ်ပေးရန် တောင်းဆို
Wednesday, September 10, 2014

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမနေ့ကို ရုံးပိတ်ရက် သတ်မှတ်ပေးရန် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပသည့် ဆရာတော် ဦးဥတ္တမနေ့ စိန်ရတု အခမ်းအနားတွင် တက္ကသိုလ် ကျောင်း သား၊ ကျောင်းသူများ အပါအဝင် ရခိုင်လူထုက တောင်းဆိုသည်။
အဆိုပါ အခမ်းအနားကို စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတွင် စက်တင်ဘာလ ၉ ရက်နေ့က ကျင်းပခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် အစိုးရ တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ ဒေသခံများ လူပေါင်း သောင်းနှင့်ချီ တက်ရောက် ဂါရဝ ပြုခဲ့ကြသည်။

ရန်ကုန်မြို့တော်တွင် ရှိသည် ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံအဖြစ် ပြန်လည် သတ်မှတ်ပေးရန်၊ ဆရာတော် အတ္ထုပ္ပတ္တိကို ကျောင်းသင်ရိုးများတွင် ထည့်သွင်း သင်ကြားရန်၊ ဦးဥတ္တမနေ့ကို ရုံးပိတ်ရက် သတ်မှတ်ပေးရန် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက ဆရာတော် ဦးဥတ္တမ ရုပ်တုရှေ့တွင် ဟစ်ကြွေး တောင်းဆိုခဲ့ကြသည်။ အဆိုပါ တောင်းဆိုချက်များကို ပြည်ထောင်စုအစိုးရသို့ တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း ရခိုင်အမျိုးသမီး ကွန်ရက် ဒုတိယဥက္ကဋ္ဌ ဒေါ်ကျော့မေက ပြောကြားသည်။
အဆိုပါ တောင်းဆိုချက်များအပြင် ဆရာတော်ဦးဥတ္တမ အခမ်းအနားကို တစ်နိုင်ငံလုံးတွင် ကျင်းပပေးရန် လိုအပ်ကြောင်း ရခိုင်အမျိုးသမီး အစည်းအရုံး (RWU) က ဒုတိယဥက္ကဋ္ဌ စောစံငြိမ်းသူက ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားများကို နှစ်စဉ်နှစ်တိုင်း ကျင်းပမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားသည်။ ဆရာတော်၏ နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်ကို အလေးထားရန် လိုအပ်ကြောင်း စာရေးဆရာ တစ်ဦးဖြစ်သူ သားလှက ပြောဆိုသည်။

“ကိုယ့်လူမျိုးကို နယ်ချဲ့သူ၊ ကိုယ့်နယ်မြေကို နယ်ချဲ့သူဟူသမျှ ကာကွယ်ရမယ်၊ တွန်းလှန်ရမယ်၊ ဒါဟာ ဆရာတော် ဦးဥတ္တမရဲ့အဓိက မြင့်မြတ်တဲ့ စိတ်ဓာတ်ပဲ” ဟု ၎င်းကဆိုသည်။ ဆရာတော် ဦးဥတ္တမနေ့ ၇၅ နှစ် မြောက် အခမ်းအနားများကို ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် ပြုလုပ်နေကြကြောင်း ပွဲစီစဉ်သူများထံမှ သိရှိရသည်။
စစ်တွေမြို့ ရူပရပ်တွင် မွေးဖွားခဲ့သော ဆရာတော် ဦးဥတ္တမသည် မြန်မာလူထုကို ဖိနှိပ်သည့် မြန်မာနိုင်ငံ ဘုရင်ခံ ဆာရယ် ဂျီနယ်ကရက်ဒေါက်ကို ‘မင်းဗမာပြည်မှ ထွက်သွား’ ပါဝင်သောစာကို ပေးပို့ခြင်းဖြင့် မြန်မာနိုင်ငံသားများကို နိုင်ငံရေး မျက်စိဖွင့်ပေးခဲ့ပြီး သက်တော် ၆၀ အရွယ် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။

(ခင်မောင်အေး)
The Voice Weekly
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည့် ဆရာတော် ဦးဥတ္တမနေ့ကို ရုံးပိတ်ရက် သတ်မှတ်ပေးရန် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပသည့် ဆရာတော်ဦးဥတ္တမနေ့ စိန်ရတုအခမ်းအနားတွင် တက္ကသိုလ် ကျောင်း သား၊ ကျောင်းသူများ အပါအဝင် ရခိုင်လူထုက တောင်းဆိုသည်။
အဆိုပါ အခမ်းအနားကို စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတွင် စက်တင်ဘာလ ၉ ရက်နေ့က ကျင်းပခြင်းဖြစ်ပြီး ရခိုင်ပြည် နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် အစိုးရ တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများ၊ တက္က သိုလ် ကျောင်းသား ကျောင်းသူများ၊ ဒေသခံများ လူပေါင်း သောင်းနှင့်ချီ တက်ရောက် ဂါရဝ ပြုခဲ့ ကြသည်။

ရန်ကုန်မြို့တော်တွင် ရှိသည် ကန်တော်မင်ပန်းခြံကို ဦးဥတ္တမ ပန်းခြံအဖြစ် ပြန်လည် သတ်မှတ်ပေးရန်၊ ဆရာတော် အတ္ထုပ္ပတ္တိကို ကျောင်းသင်ရိုးများတွင် ထည့်သွင်း သင်ကြားရန်၊ ဦးဥတ္တမနေ့ကို ရုံးပိတ်ရက် သတ်မှတ်ပေးရန် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက ဆရာတော် ဦးဥတ္တမ ရုပ်တုရှေ့တွင် ဟစ်ကြွေး တောင်းဆိုခဲ့ကြသည်။ အဆိုပါ တောင်းဆိုချက်များကို ပြည်ထောင်စုအစိုးရသို့ တင်ပြတောင်းဆို သွားမည် ဖြစ်ကြောင်း ရခိုင်အမျိုးသမီး ကွန်ရက် ဒုတိယဥက္ကဋ္ဌ ဒေါ်ကျော့မေက ပြောကြားသည်။

အဆိုပါ တောင်းဆိုချက်များအပြင် ဆရာတော်ဦးဥတ္တမ အခမ်းအနားကို တစ်နိုင်ငံလုံးတွင် ကျင်းပပေးရန် လိုအပ်ကြောင်း ရခိုင်အမျိုးသမီး အစည်းအရုံး (RWU) က ဒုတိယဥက္ကဋ္ဌ စောစံငြိမ်းသူက ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားများကို နှစ်စဉ်နှစ်တိုင်း ကျင်းပမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားသည်။ ဆရာတော်၏ နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်ကို အလေးထားရန် လိုအပ်ကြောင်း စာရေးဆရာ တစ်ဦးဖြစ်သူ သားလှက ပြောဆိုသည်။

“ကိုယ့်လူမျိုးကို နယ်ချဲ့သူ၊ ကိုယ့်နယ်မြေကို နယ်ချဲ့သူဟူသမျှ ကာကွယ်ရမယ်၊ တွန်းလှန်ရမယ်၊ ဒါဟာ ဆရာတော် ဦးဥတ္တမရဲ့အဓိက မြင့်မြတ်တဲ့ စိတ်ဓာတ်ပဲ” ဟု ၎င်းကဆိုသည်။ ဆရာတော် ဦးဥတ္တမနေ့ ၇၅ နှစ် မြောက် အခမ်းအနားများကို ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် ပြုလုပ်နေကြကြောင်း ပွဲစီစဉ်သူများထံမှ သိရှိရသည်။

စစ်တွေမြို့ ရူပရပ်တွင် မွေးဖွားခဲ့သော ဆရာတော် ဦးဥတ္တမသည် မြန်မာလူထုကို ဖိနှိပ်သည့် မြန်မာနိုင်ငံ ဘုရင်ခံ ဆာရယ် ဂျီနယ်ကရက်ဒေါက်ကို ‘မင်းဗမာပြည်မှ ထွက်သွား’ ပါဝင်သောစာကို ပေးပို့ခြင်းဖြင့် မြန် မာနိုင်ငံ သား များကို နိုင်ငံရေး မျက်စိဖွင့်ပေးခဲ့ပြီး သက်တော် ၆၀ အရွယ် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။

(ခင်မောင်အေး)
The Voice Weekly

No comments:

Post a Comment