Wednesday 10 September 2014

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အပြီးသတ်အစီရင်ခံစာ လာမည့် လွှတ်တော် တွင် တင်သွင်းမည်

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လေ့လာသုံးသပ် အစီရင်ခံ ရေး သား ထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပြီးသတ် အစီရင် ခံစာ ကို လာမည့် စက်တင်ဘာလ ၁၁ ရက်နေ့တွင် စတင်ကျင်းပမည့် ဧကာဒသမ အကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများတွင် တင်သွင်း သွား မည် ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည် ဖော်မှု ကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြောကြားသည်။ဖွဲ့စည်းပုံ အခြေခံဥပဒေရှိ ပုဒ်မများ အားလုံးနှင့် ပတ်သက်ပြီး ပြင်ဆင်သင့်သည့် အကြံပြုချက်များ အားလုံး ကို အပြီးသတ် ရေးဆွဲထားပြီး လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ဇယား ၁၊၂၊၃၊၄၊၅ ကို ဆွေးနွေးပြီး သွားပြီ၊ ပြင်ဆင်သင့်တဲ့ အကြံပြုချက် အားလုံးကို လည်း ရေးဆွဲပြီးသွားပြီ” ဟု ၎င်းကဆိုသည်။

အခြေခံဥပဒေအတွင်း ပြင်ဆင်သင့်သည့် အချက်များကိုမူ လွှတ်တော်သို့ မတင်သွင်းမီ အသေး စိတ် ပြောဆို မရကြောင်း ၎င်းကရှင်းပြသည်။ ဧကာဒသမကြိမ် လွှတ်တော် အစည်းအဝေးများကို စက်တင်ဘာ ၁၁ ရက်နေ့တွင် စတင်မည် ဖြစ်သော်လည်း လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းမည့် ရက် အတိ အကျကို မဆုံးဖြတ်ရသေးကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်းအထည်ဖော် မှု ကော်မတီထံမှ သိရသည်။

အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်ရေး ကော်မတီ ကို ဖေဖော်ဝါရီ ၃ ရက်နေ့ တွင် ပြုလုပ်သော ပြည်ထောင် စုလွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား ကိုယ်စားလှယ် ခုနစ်ဦး အပါ အဝင် ကိုယ်စားလှယ် ၃၁ ဦးဖြင့် အတည်ပြု ဖွဲ့စည်းထားသည်။

ယင်းကော်မတီက ဇူလိုင်လ ပထမပတ်အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ ကနဦး အစီရင် ခံစာကို တင်သွင်းထားပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခန်း(၁၅) ခန်း၊ ပုဒ်မပေါင်း (၄၅၇) ခုရှိသည့်အနက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအခန်း (၁၂) အပါအဝင် အခန်း (၇) ခန်းရှိ ပုဒ်မပေါင်း (၃၄၀) ကို ပြင်ဆင်နိုင်ရန် ဆွေးနွေးညှိနှိုင်းပြီး ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော် မှု ကော်မတီက အစည်းအဝေးများ ပြုလုပ်နေသော် လည်း ကော်မတီအတွင်း ဆွေးနွေး ညှိနှိုင်းမှုများမှာ အချိန်ကြာမြင့်နေကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က ထောက်ပြ ဝေဖန်ထားသည်။ သို့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပမီ ၆ လအလိုတွင် အပြီးသတ် ပြင်ဆင် ရမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ အတွင်း ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွင် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက အခြေခံဥပဒေ ပြင် ဆင်ရေး အကောင် အထည်ဖော်ရေး ကော်မတီသို့ အခြေခံမူများ ပေးပို့ထားသည်။

The Voice Weekly 

No comments:

Post a Comment