Wednesday 10 September 2014

ပြုပြင်ပြောင်းလဲရေးတည်ငြိမ်ခြင်း တပ်မတော်ကျေးဇူးကြောင့်ဟု သမ္မတပြောကြားချက် နိုင်ငံရေးအင်အားစုအချို့ သဘောမတူ

မြန်မာ့နိုင်ငံရေးပြုပြင် ပြောင်းလဲမှုလုပ်ငန်းစဉ်သည် အာ ရပ်နွေဦး ဖြစ်စဉ်ကဲ့သို့ မဖြစ်ဘဲ တည်ငြိမ်နေခြင်းမှာ တပ်မတော်၏ ကျေးဇူးကြောင့်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က စက်တင်ဘာ ၈ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ၌ ပြောကြားခဲ့မှု အပေါ် မြန်မာ့ နိုင်ငံရေးအင်အားစုအချို့က သ ဘောမတူနိုင်ကြောင်း ပြော ကြသည်။
ဥရောပတွင် ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်က ဆွစ်ဇာလန် ခရီးစဉ် အတွင်း ဆွစ် ဇာလန် အခြေစိုက် The Neue Zurcher Zeitung(NZZ)သတင်း ဌာနနှင့် အင်တာဗျူးစဉ်ယင်းကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

‘‘တပ်မတော်ခေါင်းဆောင် ပိုင်းဟာ မြန်မာနိုင်ငံအနေနဲ့အကူး အပြောင်း ကာလတစ်ရပ်ကို ဖြတ် သန်းနေ တယ် ဆိုတာကိုအပြည့် အ၀သတိပြုမိကြ ပါတယ်။ ခင် ဗျားတို့ သတိထားမိကောင်းထားမိ မှာဖြစ်သလိုပဲ ကျွန်တော် တို့ရဲ့ပြု ပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်ဟာ အာရပ်နွေဦးရဲ့ တစ်ချိန်တည်းနီး ပါးမှာ စတင်ခဲ့တာပါ။ ဒါပေမဲ့အ ရှေ့အလယ်ပိုင်းက နိုင်ငံတချို့က ဖရိုဖရဲ ပရမ်းပတာ အဖြစ်ကို ရောက်သွားချိန်မှာ မြန်မာကယှဉ် ကြည့်လိုက်ရင် တည်တည်ငြိမ် ငြိမ်ရှိနေခဲ့ပါတယ်။ အဲဒါဟာ လည်းပဲ တပ်မတော်ရဲ့ ကျေးဇူး ကြောင့်ပါ’’ဟု သမ္မတဦးသိန်းစိန် ကပြောသည်။

အဆိုပါ ပြောကြားချက်နှင့် ပတ်သက်ပြီး သမ္မတအပါအ၀င် ယခုလက်ရှိ တိုင်းပြည်ကို အုပ်ချုပ် နေသူ အများစုသည်တပ်မတော် ဘက်မှ ကူးပြောင်းလာသူ များဖြစ် ၍ ၎င်းတို့အနေဖြင့် တပ်မတော် နှင့် ပတ်သက်ပြီး ပြန်လည်ဝေဖန် ရာ၌ အခက်အခဲရှိနေပုံရသည် ဟု ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)မှ ဦးမြအေးကပြော ကြား သည်။

‘‘တပ်မတော်ရဲ့  ကျေးဇူး ကြောင့်အခုလိုတည်တည်ငြိမ်ငြိမ် ဖြစ်နေတာလို့ပြောတာကတော့ မပြည့်စုံဘူး လို့ပြောချင်ပါတယ်။ အခုပြုပြင်ပြောင်းလဲရေးကိုလူထု ရဲ့အသိနဲ့ နိုင်ငံရေးသမားတွေက ထိန်းကျောင်းနေ တာပါ။ တပ်မ တော်က အရေးမကြီးဘူးလို့ မ ပြောပါဘူး။ ဒါပေမဲ့ တပ်မတော် က ကျေးဇူးရှင်ကြီးပါ။ မဖြစ်မနေ ပါရမယ်လို့ပြောတာမျိုးကတော့ အပြည့်အ၀ မမှန်ဘူးလို့ပြောချင် ပါတယ်’’ဟုကျောင်း သားခေါင်း ဆောင်ဦးမြအေး က ပြောကြားသည်။

လက်နက်ကိုင် တွန်းလှန်မှု များဖြစ်ပွားနေခဲ့သော ပြီးခဲ့သည့် ဆယ်စုနှစ်များကိုရည်ညွှန်း ရင်း နိုင်ငံ စည်းလုံးမှုကို ထိန်းသိမ်းရန် တစ်ခုတည်းသော နည်းလမ်းမှာ တပ်မတော်သာ ဖြစ်ကြောင်း သမ္မတက ဆွစ်ဇာလန်သတင်းဌာနနှင့် အင်တာဗျူးတွင်ပြောကြားခဲ့သည်။ ထို့ကြောင့်တပ်မတော်သည် နိုင်ငံရေး အခန်းကဏ္ဍတစ်ရပ်ကို တာဝန်ယူရသည်ဟု ၎င်းကဆိုသည်။

တအောင်း(ပလောင်)အမျိုး သားပါတီအထွေထွေအတွင်းရေး မှူးမန်းအုဏ်းခိုင်ကလည်း ပြီးခဲ့ သည့် နှစ်ပေါင်း ခြောက် ဆယ် ကျော်ကာလကို တပ်မတော်က သာတာဝန်ယူခဲ့ပုံကိုထောက်ပြ၍ သမ္မတ ၏ ပြောကြားမှုနှင့်ပတ် သက်ပြီး အပြည့်အ၀သဘောမတူ နိုင်ဟုဆိုသည်။

‘‘တပ်မတော်က နိုင်ငံတာ ၀န်ကို ၁၉၆၂ခုနှစ်ကတည်းကယူ ခဲ့တာပါ။ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်နောက်ပိုင်းအာဏာရ အစိုးရကိုတိုက်တဲ့ရောင်စုံသူပုန်ဆိုတာ ငါးဖွဲ့၊ ခြောက်ဖွဲ့ပဲရှိတာ ပါ။ ဦးနေ၀င်း လက်လက်နောက် မှာ အဖွဲ့ နှစ်ဆယ်ကျော်သွား တယ်။ နောက် န၀တ/နအဖ လက်ထက်မှာ အဖွဲ့ ရှစ်ဆယ် ကျော်အထိရှိသွားပြီ။ ဒါကို သုံး သပ်လိုက်ရင် နိုင်ငံတော်တည်ငြိမ် မှုဟာ တပ်မတော်ကြောင့် ဆိုတာ တပ်တော်က တာဝန်ယူဖို့လို တယ်ဆိုတာ မှန်လား၊မမှန်လား သုံးသပ်လို့ရပါတယ်။ ငြိမ်း ချမ်း ရေးဆိုတာ လက်နက်နဲ့ယူလို့ဖြေ ရှင်းလို့မရပါဘူး’’ဟု မန်းအုဏ်း ခိုင်ကပြောသည်။

7Day DAILY

No comments:

Post a Comment