Wednesday 10 September 2014

အရှေ့တောင်ပိုင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ စောလွန်းနေသေးဟု KPSN ပြောကြား

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသအတွင်း စီးပွားရေးဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဂျပန် အပြည်ပြည် ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ရေးဆွဲအဆိုပြုထားသော အသေးစိတ် လုပ်ငန်း စဉ် (Blueprint) သည် အချိန်စောလွန်းနေပြီး ပဋိပက္ခပို၍  ဆိုးရွားလာနိုင်သည့်အလားအလာရှိကြောင်း ကရင်ငြိမ်းချမ်းရေးကွန်ရက် (KPSN)က ထုတ်ဖော်ပြောကြားသည်။
စက်တင်ဘာ ၉ ရက်က ရန်ကုန်တွင် ပြုလုပ်သည့်  သတင်းစာရှင်းလင်းပွဲ၌  စီမံကိန်းလုပ်ငန်း မှာ   ဒေသခံ များအတွက် အကျိုးစီးပွားပေါ်ပေါက်လာရန်အတွက်ထက် ပဋိပက္ခများပိုဖြစ်လာနိုင်ကြောင်းပြောကြားသည်။

‘‘အခုလို စီမံကိန်းကို ဆောင် ရွက်ဖို့လုပ်တဲ့ နေရာမှာပြည်နယ် အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့ လုပ်တဲ့ လုပ်ရပ်သာ  ဖြစ်တယ်။ ဒေသခံတွေအတွက် ဘာအသိ ပေးခြင်းမှလည်း မရှိဘူး။ ဒီနေရာ မှာ စီမံကိန်း ထက် ငြိမ်းချမ်းရေး လုပ်ဖို့က ပိုအရေးကြီးတယ်။ ကချင်ပြည်နယ်က လိုင်ဇာကိုပဲ ကြည့် ဘယ်လောက်ပဲ ဖွံ့ဖြိုးတိုး တက်တာတွေ ရှိခဲ့ရှိခဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေးမရှိတော့  ပျက်စီး ကုန်တာပါပဲ’’ ကရင်ငြိမ်းချမ်းရေး ကွန်ရက် (KPSN) မှ နော်စူဇဲနာ လှလှစိုးက ရှင်းလင်းပွဲတွင် ပြော သည်။

 လက်ရှိ JICA အစီအ စဉ်မှာ ဒေသခံများ အကျိုးစီးပွားဟု ဆိုထားသော်လည်း သဘာဝပတ် ၀န်းကျင်နှင့် ထိခိုက်နိုင်မည့်အ ချက်များကို ထည့်သွင်းတွက်ချက် ထားခြင်းမရှိကြောင်း၊ စီမံကိန်း နေရာများမှာ လက်နက်ကိုင်များ၊အဖွဲ့အစည်းများရှိသည့်အတွက် ရေးဆွဲသည်။ စီမံချက်များတွင် ဒေသခံများ၏ သဘောတူညီချက် အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောတူညီချက်များကို တစ်ပါတည်း ထည့်သွင်း စဉ်းစား ရန် လိုအပ်ကြောင်း၎င်းကဆက်လက်ရှင်းပြသည်။

‘‘JICA မှာပါတဲ့ စည်းကမ်း ချက်တွေအတိုင်း လိုက်နာပြီး လုပ်တာမတွေ့ရတဲ့အတွက်  ဂျပန်နိုင်ငံက ရုံးချုပ်အထိ သွားပြီးတွေ့ဆုံဖို့   ကြိုးစားခဲ့ပါတယ်။ အမှုဆောင်အရာရှိက တွေ့မယ်ဆိုပြီး နောက်ပိုင်း ကျတော့ ခေါင်းရှောင်သွားတယ်။ ကျွန်တော်တို့ လိုချင်တာ ဂျိုက်ကာမှာ ထားရှိထားတဲ့ စည်းမျဉ်း စည်းကမ်း ချက်   အတိုင်း လုပ်သွားဖို့အတွက် လိုအပ်ပါတယ်’’ ဟု  ကရင်ရေးရာညှိ နှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးကျော်စွာက ပြောသည်။

လက်ရှိ (JICA) စီမံချက်မှာ ၎င်းတို့သတ်မှတ်ထားသော နည်း စနစ်များအတိုင်း  ဆောင်ရွက် ထားမှု မရှိခြင်း၊ ကရင်ပြည်နယ် အစိုးရ၏ ထုတ်ပြန်ပြောဆိုမှုများ တွင် ပွင့်လင်းမှု မရှိခြင်းတို့မှာ သယံဇာတအတွက် ပဋိပက္ခဖြစ်ပေါ်လာနိုင်၍     ညှိနှိုင်းအဖြေရှာသည့် နည်းလမ်းတစ်ရပ်ကို  ဆောင်ရွက်ပေးသွားရန် လို အပ်ကြောင်း ဦးကျော်စွာက ရှင်းပြသည်။

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ဒေသတွင်း  ဖွံ့ဖြိုးတိုးတက်ရန်ဆောင် ရွက်ရာတွင် ပဋိပက္ခအသွင်ဆောင်သည့် လုပ်ရပ်များ လုပ်ဆောင်နေသည့် အထင်မှားမှုများဖြင့်  ရင်ဆိုင်နေရကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) မှ အရည် အသွေးပြည့်မီသောမျိုးစပါး ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုနစ်  ဖွံ့ဖြိုးရေးစီမံကိန်း အမှုဆောင်အရာရှိချုပ်က သြဂုတ်က 7Day  News နှင့် သီးသန့် အင်တာဗျူးတွင် ပြောသည်။

 ‘‘အပြင်မှာ ကျွန်တော့်တို့ကို မြင်နေကြတာ ပတ်ဝန်းကျင်ပျက် စီးအောင်  လုပ်နေတဲ့သူတွေ၊ ပဋိပက္ခဖန်တီးနေတဲ့ သူတွေလို့ အထင်ခံနေရပါတယ်။ သတင်း တွေလည်း ကြားနေရတယ်။ တကယ်ေ တာ့ အောက်ခြေ က လူ တန်းစားတွေကို တိုးတက်အောင် ဘာအခကြေးငွေမှမယူဘဲ ကူညီပေးနေတဲ့ အဖွဲ့ အစည်းပါပဲ’’ဟု ၎င်းက ပြောသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး အေဂျင်စီ မှ မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင် ရာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာနှင့် ငွေကြေးအကူအညီများ ပံ့ပိုးဆောင်ရွက်ပေးလျက်သည်။   ယင်း လုပ်ငန်း များ အ ကောင်အထည်ဖော်ဆောင်ရွက် နေစဉ် ဂျပန်မှ ပညာရှင်များမှာ ကာလတို၊ ကာလရှည် လာရောက်အကူအညီပေးလျက်ရှိသည်။ JICA ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဒေသအချို့တွင် ပဋိပက္ခ အသွင်ဆောင်စေသော လုပ်ငန်းများ လုပ်ဆောင်နေသည်ဟု ဒေသခံများ၏ ထင်မှားသံသယများ ရှိနေကြောင်း ဂျပန်ပညာရှင် အချို့က ထောက်ပြပြောဆိုသည်။

7Day DAILY

No comments:

Post a Comment