Friday 22 August 2014

အစ္စရေးသို့ နိုင်ငံတကာ လေယာဉ်များ ပျံသန်းခြင်းမပြုရန် ဟားမက်စ်သတိပေး

Photo: အစ္စရေးသို့ နိုင်ငံတကာ လေယာဉ်များ ပျံသန်းခြင်းမပြုရန် ဟားမက်စ်သတိပေး
Friday, August 22, 2014

အစ္စရေးနှင့် ပါလက်စတိုင်း အပစ်ရပ် ဆွေးနွေးပွဲများ ပျက်ပြက်သွားပြီးနောက်အစ်္စရေးနှင့်စစ်ပွဲများပိုမို ဖြစ်ပွားလာမည် ဖြစ်သောကြောင့် နိုင်ငံခြားလေေ ကြာင်း လိုင်းများ အနေဖြင့် သြဂုတ် ၂၁ ရက်မှ စတင်ကာ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့သို့ ပျံသန်းခြင်းမပြုရန် ဟားမက်စ်တို့က သတိပေးလိုက်သည်ဟု သြဂုတ် ၂၁ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကိုးရက်ကြာ သေနတ်သံများ တိတ်ဆိတ်နေရာမှ အစ္စရေး တောင်ပိုင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခံရသည် ကို လက်တုံ့ ပြန်သည့်အနေဖြင့် သြဂုတ် ၂၀ ရက်တွင် အစ္စရေးတို့က ဂါဇာကမ်းမြောင်တစ်လျှောက် လေ ကြောင်း တိုက်ခိုက်မှုများ ဆင်နွှဲလာပြီးနောက် ယခုကဲ့သို့ ဟားမက်စ်များက သတိပေးချက် ထုတ်ပြန်လာ ခြင်း ဖြစ်သည်။

အစ္စရေးနှင့် ပါလက်စတိုင်းအနေဖြင့် ဂါဇာတွင် အပစ်ရပ်ရေးကို အလျင်အမြန် သဘောတူမှုရရန် စေ့စပ်  ဆွေးနွေးပွဲများ တစ်ဖန်ဆောင်ရွက်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ထပ်၍ ဆော်သြထားသည်။

အပစ်အခတ်ရပ်ရေး တာရှည် တည်တံ့ရန် စေ့စပ်ဆွေးနွေးပွဲများ ပြန်လည် ကျင်းပရေး တိုက်တွန်းကြောင်း အဖွဲ့ဝင် ၁၅ ပါဝင်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်သည်။ ဇူလိုင် ၈ ရက် မှစ၍ ရေတွက်လျှင် သေဆုံးသူ ပါလက်စတိုင်း ၂၀,၀၀၀ ကျော်ရှိပြီ ဖြစ်သည်။

အပစ်ရပ်စဲရေး လုပ်ငန်းစဉ်က ဆုံးဖြတ်ချက်တစ်ရပ် မဖော်ဆောင်နိုင်သေးသော်လည်း အီဂျစ်ဦးဆောင် သည့် ငြိမ်းချမ်းရေး လမ်းစပျောက်သွားပါက ပို၍ခိုင်မာသည့် တုံ့ပြန်မှုများဆီ ဦးတည်လုပ်ဆောင်ရန်အသင့် ရှိမည်ဖြစ်ကြောင်း လုံခြုံရေးကောင်စီ အစည်းဝေးတွင် နိုင်ငံတကာ သံတမန်များက အရိပ်အမြွက် ပြောဆို သည်။

သို့သော်လည်း မရိုးဖြောင့်သည့် အစ္စရေး နှင့် အပစ်ရပ်ရေးကို စေ့စပ်ဆွေးနွေးရန် အားထုတ်မှုကို မျက် ကွယ်ပြုလိုက်ပြီ ဖြစ်ကြောင်း ဟားမက်စ် လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရသူ အဘူအိုအိုင်ဒါက ပြောသည်။

“နိုင်ငံတကာ လေကြောင်းလိုင်းတွေကိုလည်း သတိပေးထားပါတယ်။ နံနက် ၆ နာရီကစပြီး ဘင်ဂူရီယံ လေဆိပ် ကို မပျံသန်းတော့ဖို့ အလေးထား ပြောချင်တယ်” ဟု ၎င်းက ကြေညာထားသည်။

Mizzima - News in Burmese
အစ္စရေးနှင့် ပါလက်စတိုင်း အပစ်ရပ် ဆွေးနွေးပွဲများ ပျက်ပြက်သွားပြီးနောက်အစ်္စရေးနှင့်စစ်ပွဲများပိုမို ဖြစ်ပွားလာမည် ဖြစ်သောကြောင့် နိုင်ငံခြားလေေ ကြာင်း လိုင်းများ အနေဖြင့် သြဂုတ် ၂၁ ရက်မှ စတင်ကာ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့သို့ ပျံသန်းခြင်းမပြုရန် ဟားမက်စ်တို့က သတိပေးလိုက်သည်ဟု သြဂုတ် ၂၁ ရက် က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကိုးရက်ကြာ သေနတ်သံများ တိတ်ဆိတ်နေရာမှ အစ္စရေး တောင်ပိုင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခံရသည် ကို လက်တုံ့ ပြန်သည့်အနေဖြင့် သြဂုတ် ၂၀ ရက်တွင် အစ္စရေးတို့က ဂါဇာကမ်းမြောင်တစ်လျှောက် လေ ကြောင်း တိုက်ခိုက်မှုများ ဆင်နွှဲလာပြီးနောက် ယခုကဲ့သို့ ဟားမက်စ်များက သတိပေးချက် ထုတ်ပြန်လာ ခြင်း ဖြစ်သည်။

အစ္စရေးနှင့် ပါလက်စတိုင်းအနေဖြင့် ဂါဇာတွင် အပစ်ရပ်ရေးကို အလျင်အမြန် သဘောတူမှုရရန် စေ့စပ်  ဆွေးနွေးပွဲများ တစ်ဖန်ဆောင်ရွက်ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ထပ်၍ ဆော်သြထားသည်။

အပစ်အခတ်ရပ်ရေး တာရှည် တည်တံ့ရန် စေ့စပ်ဆွေးနွေးပွဲများ ပြန်လည် ကျင်းပရေး တိုက်တွန်းကြောင်း အဖွဲ့ဝင် ၁၅ ပါဝင်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်သည်။ ဇူလိုင် ၈ ရက် မှစ၍ ရေတွက်လျှင် သေဆုံးသူ ပါလက်စတိုင်း ၂၀,၀၀၀ ကျော်ရှိပြီ ဖြစ်သည်။

အပစ်ရပ်စဲရေး လုပ်ငန်းစဉ်က ဆုံးဖြတ်ချက်တစ်ရပ် မဖော်ဆောင်နိုင်သေးသော်လည်း အီဂျစ်ဦးဆောင် သည့် ငြိမ်းချမ်းရေး လမ်းစပျောက်သွားပါက ပို၍ခိုင်မာသည့် တုံ့ပြန်မှုများဆီ ဦးတည်လုပ်ဆောင်ရန်အသင့် ရှိမည်ဖြစ်ကြောင်း လုံခြုံရေးကောင်စီ အစည်းဝေးတွင် နိုင်ငံတကာ သံတမန်များက အရိပ်အမြွက် ပြောဆို သည်။

သို့သော်လည်း မရိုးဖြောင့်သည့် အစ္စရေး နှင့် အပစ်ရပ်ရေးကို စေ့စပ်ဆွေးနွေးရန် အားထုတ်မှုကို မျက် ကွယ်ပြုလိုက်ပြီ ဖြစ်ကြောင်း ဟားမက်စ် လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရသူ အဘူအိုအိုင်ဒါက ပြောသည်။

“နိုင်ငံတကာ လေကြောင်းလိုင်းတွေကိုလည်း သတိပေးထားပါတယ်။ နံနက် ၆ နာရီကစပြီး ဘင်ဂူရီယံ လေဆိပ် ကို မပျံသန်းတော့ဖို့ အလေးထား ပြောချင်တယ်” ဟု ၎င်းက ကြေညာထားသည်။

Mizzima - News in Burmese 

No comments:

Post a Comment