Friday 22 August 2014

လူလေးဦးသေဆုံးခဲ့သည့် ယာဉ်တိုက်မှုမှဒဏ်ရာရသူများ အသက်အန္တရာယ်မစိုးရိမ်ရတော့

မန္တလေးမြို့မှ လူလေး ဦးပွဲချင်းပြီး သေဆုံးသည့် ၆၂ လမ်းယာဉ်တိုက်မှုတွင် ထိခိုက်ဒဏ်ရာ ရရှိ၍ ဆေးရုံ တက်ရောက်ကုသ နေရသူ သုံးဦးမှာ အသက်အန္တ ရာယ်စိုးရိမ်ရသည့် အနေအထား မရှိတော့ကြောင်း မန္တလေးတိုင်း ဒေသကြီး ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ယာဉ်မှုစစ်တာဝန်ခံ ဒုရဲမှူး လှိုင်ဦးက ပြောသည်။
၆၂ လမ်း ယာဉ်တိုက်မှု ကြောင့် မန္တလေးအထွေထွေရော ဂါကု ဆေးရုံကြီးသို့ တက်ရောက် ကုသနေရသူ အမျိုးသားတစ်ဦး နှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း သုံးဦးအနက် အမျိုးသမီးတစ်ဦး မှာ သက်သာ၍ ဆေးရုံမှ ဆင်း သွားပြီဖြစ်ကြောင်း၊ ကျန်နှစ်ဦးမှာလည်း ဦးနှောက်နှင့်အာရုံ ကြောဌာနနှင့် အရိုးထိခိုက် ကုသ ဆောင် များ တွင်   တက်ရောက် ကုသနေပြီး အခြေအနေကောင်း မွန်ကြောင်း ဒုရဲမှူးလှိုင်ဦး က ပြောသည်။

လူလေးဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရစေခဲ့သည့် ယာဉ် မောင်းမှာ အသက်(၂၄)နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးဖြစ်ပြီး အရက်သောက်စားထားပြီး မောင်းနှင်ခဲ့သည်ဟုဝန်ခံ ကြောင်း၊ မူးယစ်ဆေး ၀ါး သုံးစွဲ ထားခြင်း ရှိ၊ မရှိ ဆက်လက်စစ် ဆေးနေဆဲဖြစ်ပြီး သုံးစွဲထားပါက မူးယစ်ဆေးဝါးမှုနှင့်ပါ အရေးယူ မည်ဟု ယာဉ်ထိန်းရဲအရာရှိတစ် ဦးက ပြောကြားသည်။

ယခုနှစ် ဇွန်လဆန်းပိုင်းက လည်း ယခုအခင်းဖြစ်ပွားသည့် ၆၂ လမ်းမကြီးတွင်ပင် ကားတစ် စီးက ဆိုင်ကယ် တစ်စီးကို   တိုက် မိကာ ထွက်ပြေးခဲ့သည့်ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ဖူးပြီး ယင်းဖြစ်စဉ် တွင် အသက်(၁၂)နှစ် အရွယ် ခုနှစ်တန်းကျောင်းသူတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ ၆၂ လမ်းမကြီးမှာ   မန္တလေးမြို့ တွင်းမှ မြို့သစ် ပိုင်းသို့ သွားလာရာတွင် အဓိက အသုံးပြုသည့် လမ်းမကြီးတစ်ခု ဖြစ်ပြီး ယာဉ်သွား ယာဉ်လာ ရှုပ် ထွေးသည့် လမ်းမကြီးတစ်ခု ဖြစ် ကြောင်း မြို့သစ်တွင် နေထိုင်သူ အချို့က ပြောသည်။ ‘‘၆၂ လမ်း မကြီးက ကျယ်တော့ ယာဉ်တွေ က တအားမောင်းကြတယ်။ ယာဉ်စည်း ကမ်းလည်း မလိုက်နာကြ ဘူး။ ညပိုင်းဆိုပိုဆိုးတယ်’’ဟု မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်ပင် လယ် ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။ မန္တလေးမြို့တွင် ယာဉ်တိုက်မှုများမှာ ညဦးပိုင်း ရုံးဆင်းချိန်နှင့် ညလယ်ပိုင်းတို့တွင် အများဆုံး ဖြစ်ပွားနေပြီး ယာဉ်တိုက်မှုများ ကြောင့် နှစ်ရက် လျှင် တစ်ဦးနှုန်း သေဆုံးနေသည်။

7Day DAILY

No comments:

Post a Comment