Friday 22 August 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးအား ကြိုဆို

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် 2nd High Level Committee Meetingသို့ တက်ရောက် မည့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Tanasak Patimapragorn နှင့် ဇနီး Mrs. Penlaksana Patimapragorn ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁ဝ နာရီတွင် ပုဂံ-ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှဦးဆောင်သော မြန်မာ့တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်း နိုင်ငံသံ အမတ်ကြီး H.E. Mr. Pisanu Suvanajata 2nd HLC အစည်းအဝေး ထိုင်းပူးတွဲအတွင်းရေးမှူး Lt.Gen. Boonchu Kirdchok နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Tanasak Patimapragorn ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ Aureum Palace Hotel တွင် 2nd High Level Committee Meeting ကို ကျင်းပပြီး ကော်မတီဝင်များနှင့်အတူနန်းမြင့်မျှော်စင်တွင် နေ့လယ်စာ အတူတကွ သုံးဆောင်ကြသည်။

ယင်းနောက်မွန်းလွဲပိုင်းတွင် 2nd HLC ပူးတွဲဥက္ကဋ္ဌများနှင့်ကော်မတီဝင်များသည် ပုဂံမြို့ရှိ ပုဂံရှေးဟောင်း သုတေသနပြတိုက်အတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများ၏ ရှင်းလင်းပြသမှုအပေါ် စိတ်ပါ ဝင်စားစွာ လေ့လာမေးမြန်းဆွေးနွေးကြသည်။

အလားတူ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်၏ဇနီး Mrs. Penlaksana Patimapragorn ဦးဆောင်သည့်အဖွဲ့သည် နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှနှင့်အတူ ပုဂံမြို့ရှိ ရွှေပြည်နန်းသနပ်ခါးပြတိုက်သို့ သွားရောက် ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက မြန်မာ့ သနပ်ခါး ဖြစ်ပေါ်တိုးတက်မှုသမိုင်းကို ရှင်းလင်းပြသခဲ့ကြောင်း သိရှိရသည်။

မြဝတီ

No comments:

Post a Comment