Friday 22 August 2014

ထူးအိမ်သင်ဖျော်ဖြေပွဲ 4TV ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်မည်

ထူးအိမ်သင်ဂီတပွဲ တော် လွမ်းခြင်းအားဖြင့် ၁၀ နှစ်တာ ဖျော်ဖြေပွဲကို ပရိသတ်စိတ်ဝင်စားမှု  မြင့် မားသောကြောင့် မူလကအစီအစဉ်မရှိသော်လည်း 4TV ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်သွား မည် ဖြစ်ေ ကြာင်း Forever Blossom မှ အုပ်ချုပ်မှု ဒါရိုက်တာ ကိုပြည့်ဖြိုးဟန်က ပြောသည်။
‘‘4HD နဲ့ Fortune ရုပ်သံ လိုင်းကနေ တိုက်ရိုက်လွှင့်ပေးမှာ ပါ။ ဒါပေမဲ့ အိုင်စီအဖွဲ့ကတော့ တိုက်ရိုက် ထုတ်လွှင့်ပြသခွင့်ပေး လေ့မရှိတော့ ပါမှာမဟုတ်ဘူး။ တခြားလူတွေရဲ့ ဖျော်ဖြေမှုအစီ အစဉ်တွေကတော့ အကုန်လုံး တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာ ပါ’’ဟု ၎င်းကပြောသည်။

ယင်းကဲ့သို့စီစဉ်ခြင်းမှာ အဆိုပါ ဖျော်ဖြေပွဲကို တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် စိတ်ဝင်စား သောကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် နိုင်ငံတ ကာမှ ထူးအိမ်သင် ၏ ပရိသတ် များ ကြည့်ရှုနိုင်ရန်အတွက် www.mrtv4.tv မှ တိုက်ရိုက်ကြည့်ရှု နိုင်မည်ဖြစ်ကြောင်း ကိုပြည့်ဖြိုး ဟန်က ပြောသည်။

ယင်းဖျော်ဖြေပွဲကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အစရှိသည့် မြို့ကြီးများတွင် 4TV Receiver တပ်ဆင် ထားသူတိုင်း တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြည့်ရှုနိုင်ရန် အပိုင်းငါးပိုင်း ခွဲ၍ MRTV4 ရုပ်သံလိုင်းမှ အပတ်စဉ်စနေနေ့တိုင်း ထုတ်လွှင့်ပြသပေးသွားမည်ဟု ၎င်းက ပြောသည်။

ထူးအိမ်သင်ဂီတပွဲတော် လွမ်းခြင်းအားဖြင့် ၁၀ နှစ်တာ ဖျော်ဖြေပွဲလက်မှတ်များကို ပရိသတ်အားပေးမှု များသောကြောင့် ယခင်စီစဉ်ထားသည့် လက်မှတ်စောင်ရေထက်တိုး၍ ရောင်းချပေးလျက်ရှိသော်လည်း လက် မှတ်များမှာ ရောင်းချသည့် နာရီပိုင်းအတွင်း ကုန်သွားကြောင်း ယင်းဖျော်ဖြေပွဲ လက်မှတ် ရောင်း ချသည့်နေရာတစ်ခုဖြစ်သော 1876 Hot Line က  ပြန်လည် ဖြေကြားသည်။

‘‘ခုံတွေနဲ့ဆိုတော့ လက်မှတ် အများကြီးလည်း ထပ်လုပ်လို့မရ ဘူး။ စုစုပေါင်း လက်မှတ်လေး ထောင်ေ ကျာ်လော က်တော့ ရှိ တယ်။ တကယ်လို့ပွဲနေ့ကျရင် အားပေးတဲ့   ပရိသတ်အပေါ်မူ တည်ပြီး Standing လက်မှတ် ရောင်းပေးဖို့ စီစဉ်ထားတယ်’’ဟု ဆိုသည်။ အဆိုပါ ဖျော်ဖြေပွဲကို သြဂုတ် ၂၃ ရက် ညနေ ၅ နာရီမှစ တင်၍ Myanmar Event Park ၌ ပြုလုပ်သွားမည်ဖြစ်ပြီး ဂီတ လောကမှ အနုပညာရှင် ၄၀ခန့်ပါဝင်သီဆိုကြမည်ဖြစ်သည်။

7Day DAILY

No comments:

Post a Comment