Friday 22 August 2014

တရုတ်နိုင်ငံမှ မြေပဲဆန် အ၀ယ်များပြားနေခြင်းကြောင့် ဈေးကွက်အတွင်း ပဲဆီဈေးနှုန်းများ မြင့်တက်လျက်ရှိ

Photo: တရုတ်နိုင်ငံမှ မြေပဲဆန် အ၀ယ်များပြားနေခြင်းကြောင့် ဈေးကွက်အတွင်း ပဲဆီဈေးနှုန်းများ မြင့်တက်လျက်ရှိ
Friday, August 22, 2014

ဆီစက်ရုံလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်။ ယခင်လအတွင်း ပဲဆီတစ်ပိဿာလျှင် ကျပ် ၃၅၀ဝ ခန့် ရှိရာမှ ဩဂုတ်လလယ်တွင် ၄၁၀ဝခန့် ဖြစ်လာသည်။ ဓာတ်ပုံ-ဟိန်းထက်

ဆီစက်ရုံလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်။ ယခင်လအတွင်း ပဲဆီတစ်ပိဿာလျှင် ကျပ် ၃၅၀ဝ ခန့် ရှိရာမှ ဩဂုတ်လလယ်တွင် ၄၁၀ဝခန့် ဖြစ်လာသည်။ ဓာတ်ပုံ-ဟိန်းထက်

တရုတ်မူဆယ်လိုင်းတွင် ဆီထွက်သီးနှံဖြစ်သော မြေပဲဆန် ၀ယ်ယူမှုပိုမိုလာခြင်းနှင့် ဆီကြိတ်ပဲဆန် ကုန်ကြမ်း ရှားပါးမှုကြောင့် ပြည်တွင်းပဲဆီ ကုန်ကြမ်းဈေး မြင့်တက်နေရာ ပဲဆီဈေးနှုန်းများ မြင့်တက်လာသည်ဟု ဘုရင့်နောင် အခြေစိုက်ဆီလုပ်ငန်းရှင်များက ပြောသည်။

ဇွဲ အာမခံ ပဲဆီရောင်းဝယ်ရေးမန်နေဂျာ ဦးဇော်ရဲမင်းက “ဈေးကွက်မှာ ဆီကြိတ်တဲ့ ပဲဆန်က ကုန်ကြမ်း ပြတ်သွားတဲ့အတွက် ၀ယ်ရတာ ခက်သွားတယ်။ ဒီကြားထဲ တရုတ်ကလည်း မြေပဲဆန်အ၀ယ်များသွားတော့ ပဲဆီ ဈေးတက်သွားတာပါ ”ဟု ဆိုသည်။

ပြည်တွင်း ပဲဆီဈေးကွက်အတွင်း ပဲဆီလက်လီဈေးမှာ ဇူလိုင်လလယ်ပိုင်းတွင် တစ်ပိဿာလျှင် ကျပ် ၃,၅၀၀ သာရှိရာမှ ယခုသြဂုတ်လတွင် တစ်ပိသာလျှင်ကျပ် ၄,၁၀၀ ကျော်အထိ မြင့်တက်နေသည်ဟု ဘုရင့်နောင် ဈေးအခြေစိုက် ဆီပွဲရုံလုပ်ငန်းရှင်များက ပြောသည်။

နှင်းသဇင်ဆီပွဲရုံမှ အရောင်းတာဝန်ခံ ဦးကိုဇော်က “ ပဲဆီဈေးက ဒီလကုန်လောက်အထိ ဆက်မြင့်သွားဖို့ ရှိတယ်။ မိုးပဲဆန်က ဒီလကုန်လောက်ဆို ပြန်ထွက်နိုင်မယ်။ ဒါပေမဲ့ ပဲအထွက်ကို တစ်ချက်ကြည့်ရဦးမယ်။ ပဲအထွက် နည်းရင်လည်း ပဲဆီဈေးအမြင့်မှာ ဆက်ရှိနိုင်ဦးမယ်” ဟု ဆိုသည်။

ပဲဆီကြိတ်ခွဲသည့် ပဲဆန်မှာ ယခင်လတွင် တစ်ပိဿာလျှင် ကျပ် ၁,၄၀၀ သာ ရှိရာမှ ယခုလတွင် ၁,၇၀၀ ကျော်အထိ မြင့်တက်နေသည်။

ဘုရင့်နောင်အခြေစိုက် ပဲကုန်သည် ဦးမင်းဇော်က“ မြေပဲဆန်က တရုတ်တို့၊ ယိုးဒယားတို့ကို သွားတာများပါတယ်။ ဒီလပိုင်းမှာ အ၀ယ်လိုက်တတ်တော့ ဈေးလိုက်တက်တာပါ။ တခြားအကြောင်းတော့ မရှိပါဘူး”ဟု ဆိုသည်။

ဈေးကွက်အတွင်း ပဲဆီဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ် ၄၀၀ ကျော်မြင့်လာပြီး ဈေးကွက်အတွင်း ကျပ် ၄,၁၀၀ ခန့်အထိ ရှိလာကာ စားအုန်းဆီဈေးနှုန်းမှာမူ တစ်ပိဿာလျှင် ကျပ် ၁,၄၈၀ ၀န်းကျင် ဖြင့် ဈေးငြိမ်လျက်ရှိသည်။

Mizzima - News in Burmese
ဆီစက်ရုံလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်။ ယခင်လအတွင်း ပဲဆီတစ်ပိဿာလျှင် ကျပ် ၃၅၀ဝ ခန့် ရှိရာမှ ဩဂုတ်လလယ်တွင် ၄၁၀ဝခန့် ဖြစ်လာသည်။ ဓာတ်ပုံ-ဟိန်းထက်
တရုတ်မူဆယ်လိုင်းတွင် ဆီထွက်သီးနှံဖြစ်သော မြေပဲဆန် ၀ယ်ယူမှုပိုမိုလာခြင်းနှင့် ဆီကြိတ်ပဲဆန် ကုန်ကြမ်း ရှား ပါး မှုကြောင့် ပြည်တွင်းပဲဆီ ကုန်ကြမ်းဈေး မြင့်တက်နေရာ ပဲဆီဈေးနှုန်းများ မြင့်တက် လာသည်ဟု ဘုရင့်နောင် အခြေစိုက်ဆီလုပ်ငန်းရှင်များက ပြောသည်။
ဇွဲ အာမခံ ပဲဆီရောင်းဝယ်ရေးမန်နေဂျာ ဦးဇော်ရဲမင်းက “ဈေးကွက်မှာ ဆီကြိတ်တဲ့ ပဲဆန်က ကုန်ကြမ်း ပြတ် သွားတဲ့အတွက် ၀ယ်ရတာ ခက်သွားတယ်။ ဒီကြားထဲ တရုတ်ကလည်း မြေပဲဆန် အ၀ယ် များ သွားတော့ ပဲဆီ ဈေးတက်သွားတာပါ ”ဟု ဆိုသည်။

ပြည်တွင်း ပဲဆီဈေးကွက်အတွင်း ပဲဆီလက်လီဈေးမှာ ဇူလိုင်လလယ်ပိုင်းတွင် တစ်ပိဿာလျှင် ကျပ် ၃,၅၀၀ သာရှိရာမှ ယခုသြဂုတ်လတွင် တစ်ပိသာလျှင်ကျပ် ၄,၁၀၀ ကျော်အထိ မြင့်တက်နေသည်ဟု ဘုရင့်နောင် ဈေးအခြေစိုက် ဆီပွဲရုံလုပ်ငန်းရှင်များက ပြောသည်။

နှင်းသဇင်ဆီပွဲရုံမှ အရောင်းတာဝန်ခံ ဦးကိုဇော်က “ ပဲဆီဈေးက ဒီလကုန်လောက်အထိ ဆက်မြင့်သွားဖို့ ရှိတယ်။ မိုးပဲဆန်က ဒီလကုန်လောက်ဆို ပြန်ထွက်နိုင်မယ်။ ဒါပေမဲ့ ပဲအထွက်ကို တစ်ချက်ကြည့်ရဦးမယ်။ ပဲအထွက် နည်းရင်လည်း ပဲဆီဈေးအမြင့်မှာ ဆက်ရှိနိုင်ဦးမယ်” ဟု ဆိုသည်။

ပဲဆီကြိတ်ခွဲသည့် ပဲဆန်မှာ ယခင်လတွင် တစ်ပိဿာလျှင် ကျပ် ၁,၄၀၀ သာ ရှိရာမှ ယခုလတွင် ၁,၇၀၀ ကျော်အထိ မြင့်တက်နေသည်။

ဘုရင့်နောင်အခြေစိုက် ပဲကုန်သည် ဦးမင်းဇော်က“ မြေပဲဆန်က တရုတ်တို့၊ ယိုးဒယားတို့ကို သွားတာများ ပါတယ်။ ဒီလပိုင်းမှာ အ၀ယ်လိုက်တတ်တော့ ဈေးလိုက်တက်တာပါ။ တခြားအကြောင်းတော့ မရှိပါဘူး”ဟု ဆိုသည်။

ဈေးကွက်အတွင်း ပဲဆီဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ် ၄၀၀ ကျော်မြင့်လာပြီး ဈေးကွက်အတွင်း ကျပ် ၄,၁၀၀ ခန့်အထိ ရှိလာကာ စားအုန်းဆီဈေးနှုန်းမှာမူ တစ်ပိဿာလျှင် ကျပ် ၁,၄၈၀ ၀န်းကျင် ဖြင့် ဈေးငြိမ်လျက် ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment