Friday 22 August 2014

ALS အာရုံကြောရောဂါတိုက်ဖျက်ရေးအတွက် ‘Ice Bucket Challenge’ အစီအစဉ်တွင် ကမ္ဘာကျော်ပုဂ္ဂိုလ်များစွာ ပါဝင်

စတီဗင်စ ပီးလ်ဘာ့ဂ်၊ ဂျပ်စတင်ဘီဘာ၊ ဒေးဗစ်ဘက်ခမ်းနှင့် ဘီလ်ဂိတ်တို့ သည် ALS အာရုံကြောရောဂါ တိုက်ဖျက်ရေးအတွက် မိမိတို့၏ ခေါင်းပေါ်သို့ ရေခဲရေပုံးလိုက် လောင်းချ၍ ရန်ပုံငွေရှာဖွေပေး သော ‘‘Ice Bucket Challenge’’ တက်ကြွလှုပ်ရှားမှုတွင် ပါဝင်ခဲ့ ကြသူများဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လမှစ၍ ကမ္ဘာတစ်ဝန်းမှ လူထောင်ပေါင်း များစွာသည် ၎င်းတို့၏ ခေါင်းပေါ် မှနေ၍ ရေခဲရေ ပုံးလိုက်လောင်းချ သည်ကို ဗီဒီယိုရိုက်ကူးမှတ်တမ်း တင်ထားပြီး အွန်လိုင်းပေါ်တင်၍ အခြားလူများအား ၎င်းတို့ကဲ့သို့ ပြုလုပ်ရန် စိန်ခေါ်ခဲ့ကြသည်။ ယင်းစိန်ခေါ်မှုကို ၂၄ နာရီအတွင်း လက်မခံလျှင် အမေရိကန် နိုင်ငံရှိ ALS ပရဟိတ အဖွဲ့သုတေသနလုပ်ငန်းသို့ အမေရိကန်ဒေါ်လာ ၁၀၀ လှူဒါန်းရမည်ဖြစ် သည်။ လူများစွာသည် ALS အာရုံ ကြောရောဂါ တိုက်ဖျက်ရေးကို ဆောင်ရွက်နေသော ALS ပရဟိတအဖွဲ့ အတွက် ရန်ပုံငွေပိုမိုရရှိ စေရန် ရေခဲရေလောင်းခြင်းနှင့် ပိုက်ဆံလှူ ဒါန်းခြင်းနှစ်ခုစလုံးကို ပြုလုပ်ခဲ့ကြသည်။

များမကြာသေးမီ သီတင်း ပတ်များအတွင်း ‘‘ALS Ice Bucket Challenge’’ အစီအစဉ် တွင် ကမ္ဘာကျော် ပုဂ္ဂိုလ်များစွာ ပါဝင်ခဲ့ကြသည်။ လေဒီဂါဂါ၊ ဘရစ်တနီစပီးယား၊ ဂျက်စတင် တင်းဘားလိတ်၊ တေလာဆွစ်ဖ်၊ ဂျနီဖာလိုပက်ဇ်စသည့် ကျော် ကြားသူ အနုပညာရှင်များအပြင် ဒေးဗစ်ဘက်ခမ်း၊ နေမာ၊ မက်စီ စသည့် ကမ္ဘာကျော်အားကစား သမားများလည်း ပါဝင်ခဲ့ကြ သည်။ ဖေ့စ်ဘွတ်ခ်ထူထောင်သူ မာ့ခ်ဇူကာဘာ့ဂ်က စိန်ခေါ်သောကြောင့် မိုက်ကရိုဆော့ဖ်ထူထောင် သူ ဘီလ်ဂိတ်က ၎င်း၏ခေါင်း ပေါ်သို့ ရေခဲရေပုံး လိုက်လောင်း ချ၍ ‘‘ALS Ice Bucket Chall-enge’’ အစီအစဉ်တွင် ပါဝင်ခဲ့ သည်။ အမေရိကန်သမ္မတဘား ရက်အိုဘားမားသည် ယင်းအစီ အစဉ်အတွက် စိန်ခေါ်မှုများစွာကို  လက်ခံရရှိခဲ့သော်လည်း စိန်ခေါ် မှုများကို ငြင်းပယ်၍ ALS အဖွဲ့ သို့ ရန်ပုံငွေထည့်ဝင်မည်ဟု ကတိပြုခဲ့သည်။

‘‘ALS Ice Bucket Challe-nge’’ အစီအစဉ်သည် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၁၉ ရက်အတွင်း အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၆ သန်း ရန်ပုံငွေရှာဖွေပေးနိုင်ခဲ့ သည်ဟု  သိရသည်။ အမေရိကန် နိုင်ငံ ၌ နှစ်စဉ် ALS အာရုံကြော ရောဂါဖြစ်ပွားသူပေါင်း ၅၆၀၀ ခန့်ရှိသည်ဟု သိရသည်။

Ref:AFP
7Day DAILY

No comments:

Post a Comment