Friday 22 August 2014

မြစ်ရေ မြင့်တက်မှုနှင့် မြစ်ကမ်းပါးပြိုကျမှုများကြောင့် မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရှိ စည်ပင်ကျွန်းကျေးရွာ ရွာလုံးကျွတ် ပြောင်းရွှေ့နေရ

Photo: မစ်ရေ မြင့်တက်မှုနှင့် မြစ်ကမ်းပါးပြိုကျမှုများကြောင့် မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရှိ စည်ပင်ကျွန်းကျေးရွာ ရွာလုံးကျွတ် ပြောင်းရွှေ့နေရ
Friday, August 22, 2014

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် စည်ပင်ကျွန်းကျေးရွာ တွင် မြစ် ကမ်းပါးပြိုကျ တိုက်စားမှုနှင့် မြစ်ရေမြင့်တက်လာမှုကြောင့် ရွာလုံးကျွတ် နီးပါး ပြောင်းရွှေ့နေရကြောင်း သိရသည်။
 
ဟင်္သာဖိုကျေးရွာအုပ်စု စည်ပင်ကျွန်းကျေးရွာသစ်တွင် ဩဂုတ် ၁၁ ရက်မှစတင်၍ ကမ်းပါးပြိုကျမှုများဖြစ်ပေါ်ကာ ဘုန်းတော်ကြီးကျောင်းအဆောက်အအုံ အနည်းငယ် တိုက်စားခံခဲ့ရပြီး ဆက်လက်၍ ကမ်းပါးပြိုကျမှုများဖြစ်ပေါ် လာခြင်းနှင့်အတူ မြစ်ရေပါ မြင့်တက်လာမှုကြောင့် ကျေးရွာရှိလူနေအိမ်များ ပြောင်းရွှေ့နေထိုင်ရလျက်ရှိကြောင်း သိရသည်။
 
“အခုဆိုရင် ရွာရဲ့သုံးပုံနှစ်ပုံလောက်က တဖြည်းဖြည်းနဲ့ ကမ်းပါးပြိုတဲ့ထဲ ပါသွားပြီ။ ရေကလည်းတက်လာတော့ ရွှေ့ပြောင်းရတာ အရမ်းဒုက္ခရောက်တယ်။ အရင်ရွာဟောင်းတုန်းက နတ်တော်၊ ပြာသိုရေနည်းကာလမှာ ပြိုတာဆိုတော့ ရွှေ့ပြောင်းရတာ အခုလောက်မဆိုးဘူး။ အခု ရွာသစ်မှာပြိုတာက ရေများချိန်ဖြစ်တဲ့အတွက် မမြင်ရတော့ ဒုက္ခပိုရောက်တယ်။ ရွှေ့ပြောင်းနေရတဲ့ ကုန်းမြေလေးပေါ်ကိုလည်း ရေကရောက်နေတော့ ရေထဲကို အိမ်တိုင်ပြန်စိုက်ပြီးနေရတာ” ဟု စည်ပင်ကျွန်းကျေးရွာသားတစ်ဦးက ဆိုသည်။
 
စည်ပင်ကျွန်းကျေးရွာတွင် အိမ်ခြေ ၉ဝ ကျော်ရှိပြီး ယင်းကဲ့သို့မြစ်ကမ်းပါးပြိုကျမှုနှင့် မြစ်ရေမြင့်တက်လာမှုကြောင့် ဩဂုတ် ၁၉ ရက် တွင် နေအိမ် ၃၁ လုံး၊ ၂ဝရက်တွင် ၁၆ လုံး ရွှေ့ပြောင်းခဲ့ရပြီး လူနေအိမ် ၂၆ လုံးပြောင်း ရွှေ့ရန်ကျန်ရှိနေသေးကြောင်း သိရသည်။
 
လက်ရှိအခြေအနေတွင် မြစ်ရေမြင့်တက်လာမှုကြောင့် ကျေးရွာရှိ မူလတန်းကျောင်းဝင်းမှာ ရေဝင်နစ်မြုပ်လျက်ရှိပြီး ကျောင်းအား ယာယီပိတ်ထားရကြောင်း၊ အနည်းငယ်ကျန်ရှိနေသည့်နေအိမ်များလည်း ရွှေ့ပြောင်းလျက်ရှိကြောင်း သိရသည်။
 
ယင်းကဲ့သို့ မြစ်ကမ်းပါးပြိုကျမှုနှင့် မြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့နေထိုင်ရ၍ အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့နေရသော စည်ပင်ကျွန်းကျေးရွာသို့ ဩဂုတ် ၂၁ ရက်နံနက်ပိုင်းက မန္တလေးတိုင်ဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအပါအဝင် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသွား ရောက်ကြည့်ရှုကာ ဒေသခံများအား ကူညီထောက်ပံပေးမှုများပြုလုပ်ခဲ့ပြီး အရေးပေါ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို အချိန်မီလုပ်ဆောင်သွားနိုင်ရန် စီစဉ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
မြစ်ကမ်းပါးပြိုကျမှုကြောင့် စည်ပင်ကျွန်းကျေးရွာဒေသခံအများစုသည် ပြောင်းရွှေ့နေထိုင်စရာနေရာမရှိမှုကြောင့် ရွာအနီးဝန်းကျင်ကုန်းပေါ်ရာမြေများပေါ်တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး အချို့မှာ ဇီးကုန်း၊ ရွာတော်၊ ရွာသာ၊ ဟင်္သာဖို၊ ဆင်ကျွန်း၊ မြေနု၊ မြစိမ်း၊ ဇီးကုန်း စသည့် အနီးဝန်းကျင် ကျွန်းရွာများရှိ နီးစပ်ရာဆွေမျိုးသားချင်းများ ထံတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

Eleven Media Group 

စဥ့်ကူးမြို့နယ် စည်ပင်ကျွန်းကျေးရွာမှ အိမ်များ ပြောင်းရွှေ့နေမှုကို သြဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ) 
စဥ့်ကူးမြို့နယ် စည်ပင်ကျွန်းကျေးရွာမှ အိမ်များ ပြောင်းရွှေ့နေမှုကို သြဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ -အောင်သူ) 
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် စည်ပင်ကျွန်းကျေးရွာတွင် မြစ်ကမ်းပါးပြိုကျ တိုက်စား မှုနှင့် မြစ်ရေမြ င့် တက် လာမှုကြောင့် ရွာလုံးကျွတ် နီးပါး ပြောင်းရွှေ့နေရကြောင်း သိရသည်။
ဟင်္သာဖိုကျေးရွာအုပ်စု စည်ပင်ကျွန်းကျေးရွာသစ်တွင် ဩဂုတ် ၁၁ ရက်မှစတင်၍ ကမ်းပါးပြိုကျမှု များဖြ စ်ပေါ်ကာ ဘုန်းတော်ကြီးကျောင်းအဆောက်အအုံ အနည်းငယ်တိုက်စားခံခဲ့ရပြီး ဆက်လက်၍ ကမ်းပါးပြို ကျမှု များဖြစ်ပေါ်လာခြင်းနှင့်အတူ မြစ်ရေပါ မြင့်တက်လာမှုကြောင့် ကျေးရွာရှိလူနေအိမ်များ ပြော င်းရွှေ့နေ ထိုင်ရလျက်ရှိကြောင်း သိရသည်။

“အခုဆိုရင် ရွာရဲ့သုံးပုံနှစ်ပုံလောက်က တဖြည်းဖြည်းနဲ့ ကမ်းပါးပြိုတဲ့ထဲ ပါသွားပြီ။ ရေကလည်းတက် လာတော့ ရွှေ့ပြောင်း ရတာ အရမ်းဒုက္ခရောက်တယ်။ အရင်ရွာဟောင်းတုန်းက နတ်တော်၊ ပြာသိုရေနည်း ကာလမှာ ပြိုတာဆိုတော့ ရွှေ့ပြောင်းရတာ အခုလောက်မဆိုးဘူး။ အခု ရွာသစ်မှာပြိုတာ က ရေများ ချိန်ဖြစ်တဲ့အတွက် မမြင်ရတော့ ဒုက္ခပိုရောက်တယ်။ ရွှေ့ပြောင်းနေရတဲ့ ကုန်းမြေလေးပေါ်ကို လည်း ရေ ကရောက်နေတော့ ရေထဲကို အိမ်တိုင်ပြန်စိုက်ပြီးနေရတာ” ဟု စည်ပင်ကျွန်းကျေးရွာသားတစ်ဦးက ဆိုသည်။

စည်ပင်ကျွန်းကျေးရွာတွင် အိမ်ခြေ ၉ဝ ကျော်ရှိပြီး ယင်းကဲ့သို့မြစ်ကမ်းပါးပြိုကျမှုနှင့် မြစ်ရေမြင့် တက်လာ မှုကြောင့် ဩဂုတ် ၁၉ ရက် တွင် နေအိမ် ၃၁ လုံး၊ ၂ဝရက်တွင် ၁၆ လုံး ရွှေ့ပြောင်းခဲ့ရပြီး လူနေအိမ် ၂၆ လုံးပြောင်း ရွှေ့ရန်ကျန်ရှိနေသေးကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် မြစ်ရေမြင့်တက်လာမှုကြောင့် ကျေးရွာရှိ မူလတန်းကျောင်း ဝင်းမှာ ရေ ဝင်နစ်မြုပ် လျက်ရှိပြီး ကျောင်းအား ယာယီပိတ်ထားရကြောင်း၊ အနည်းငယ်ကျန်ရှိနေသည့်နေအိမ်များ လည်း ရွှေ့ပြောင်းလျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ မြစ်ကမ်းပါးပြိုကျမှုနှင့် မြစ်ရေမြင့်တက်မှုကြောင့် ပြောင်းရွှေ့နေထိုင်ရ၍ အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့နေရသော စည်ပင်ကျွန်းကျေးရွာသို့ ဩဂုတ် ၂၁ ရက်နံနက်ပိုင်းက မန္တလေးတိုင်ဒေသကြီး လမ်း ပန်း ဆက်သွယ်ရေးဝန်ကြီးအပါအဝင် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာ ဝန် ရှိသူများသွား ရောက်ကြည့်ရှုကာ ဒေသခံများအား ကူညီထောက်ပံပေးမှုများပြုလုပ်ခဲ့ပြီး အရေးပေါ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို အချိန်မီလုပ်ဆောင်သွားနိုင်ရန် စီစဉ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်ကမ်းပါးပြိုကျမှုကြောင့် စည်ပင်ကျွန်းကျေးရွာဒေသခံအများစုသည် ပြောင်းရွှေ့နေထိုင်စရာနေရာ မရှိ မှုကြော င့် ရွာအနီးဝန်းကျင်ကုန်းပေါ်ရာမြေများပေါ်တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး အချို့မှာ ဇီးကုန်း၊ ရွာတော်၊ ရွာသာ၊ ဟင်္သာဖို၊ ဆင်ကျွန်း၊ မြေနု၊ မြစိမ်း၊ ဇီးကုန်း စသည့် အနီးဝန်းကျင် ကျွန်းရွာများရှိ နီးစပ်ရာဆွေမျိုးသားချင်းများ ထံတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။

Eleven Media Group

No comments:

Post a Comment