Friday 22 August 2014

စည်ပင်သတ်မှတ်ချက်ဖြင့် တည်ဆောက်ရမည်ဖြစ်၍ ဝန်ထမ်းများအတွက် အိမ်ရာခွဲတမ်းလျော့သွားနိုင်

Photo: စည်ပင်သတ်မှတ်ချက်ဖြင့် တည်ဆောက်ရမည်ဖြစ်၍ ဝန်ထမ်းများအတွက် အိမ်ရာခွဲတမ်းလျော့သွားနိုင်
Friday, August 22, 2014

စိတ္တရမဟီဝန်ထမ်း အိမ်ရာကို  စည်ပင်သာယာ၏ ခွင့်ပြုချက်နှင့်အညီ    ပြန်လည် ဒီဇိုင်းရေးဆွဲတည်ဆောက်ရမည် ဖြစ်၍ ဝန်ထမ်းများအတွက် မူလရည်မှန်းထားသည့် အခန်းအရေအတွက် မပြည့်မီနိုင်တော့ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်    မင်္ဂလာတံတားအနီး ကျုံးတောင်ဘက်ခြမ်း စိတ္တရမဟီ ရပ်ကွက်ရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာနပိုင် မြေငါးဧက ပေါ်တွင် ကိုးထပ်အမြင့်ရှိ ကွန်ဒို တိုက်ခန်းများ၊ ဝန်ထမ်းအိမ်ရာ တိုက်ခန်းများကို ၂၀၁၃  နှစ်ကုန် ပိုင်းမှစတင်တည်ဆောက်ခဲ့သော် လည်း  ယင်းနှစ်  ဇွန်လတွင် စည်ပင်မှသတ်မှတ်ထားသည့် ကျုံးဘေးအထပ်မြင့်ဆောက်လုပ်ရာ တွင် လိုက်နာရမည့်အချက်များနှင့် ငြိစွန်းနေသဖြင့် စည်ပင်ခွင့်ပြုချက်အတိုင်း    အထပ်လျှော့ချ တည်ဆောက်သွားရမည်ဖြစ် သည်။

ကျုံးဘေးပတ်လည်တွင် အမြင့်ဆုံး ၄၆ ပေရှိသည့် အဆောက်အအုံများကိုသာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်ခွင့် ပြုထားခြင်းဖြစ် သည်။ ‘‘ကိုးထပ်ကွန်ဒိုသုံးလုံးနဲ့ တိုက်ခန်းနှစ်လုံးက   သွားငြိနေ တာ။ ဝန်ထမ်းတွေက မူလလျာ ထားတာထက်တော့ လျော့သွားရ မှာပေါ့။ ဒါပေမဲ့ ဒီထက်ပိုတိုးရ အောင်လုပ်ပေးနိုင်ဖို့လည်း ပြန် ဆွေးနွေးရဦးမှာ’’ဟု ဦးကျော် ကျော်လင်းက ထည့်သွင်းပြော ကြားသည်။

အိမ်ရာတည်ဆောက်ရန် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ ခွင့်ပြုချက်မရ သေးသော်လည်း တည်ဆောက် ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေကြောင်း၊ စည်ပင် ခွင့်ပြုချက်ကျလာပြီးပါကလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ခွင့်ပြုချက်  ထပ်မံရယူသွားမည် ဖြစ်ကြောင်း၊ အားလုံး၏ထောက်ခံချက်များရရှိပြီးမှသာ အိမ်ရာ ဒီဇိုင်းများကို အသေးစိတ်ပြန် လည်ရေးဆွဲရမည်ဖြစ်ပြီး အခန်း စုစုပေါင်းမည်မျှထွက်ရှိလာမည် ကိုလည်း ယင်းအချိန်မှသာ အတိ အကျသိရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

စုစုပေါင်း  အခန်းလေးရာ ကျော်ပါရှိမည့် ယင်းအဆင့်မြင့် တိုက်ခန်းအိမ်ရာစီမံကိန်းကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီငါးခုတို့ အကျိုးတူဖက်စပ်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး   အစိုးရဝန်ထမ်းများအ တွက် အခန်းပေါင်း နှစ်ရာကျော် နှင့် ကုမ္ပဏီဘက်မှ အခန်းပေါင်း နှစ်ရာဟု အချိုးကျသတ်မှတ်ပြီး ပြီးခဲ့သည့်နှစ်  နိုဝင်ဘာက စီမံ ကိန်းစတင်ခဲ့ခြင်းဖြစ်သည်။

7Day DAILY 

တည်ဆောက်လျက်ရှိသည့် အိမ်ရာများ (ဓာတ်ပုံ−ညီညီဇော်)
တည်ဆောက်လျက်ရှိသည့် အိမ်ရာများ (ဓာတ်ပုံ−ညီညီဇော်)
စိတ္တရမဟီဝန်ထမ်း အိမ်ရာကို  စည်ပင်သာယာ၏ ခွင့်ပြုချက်နှင့်အညီ    ပြန်လည် ဒီဇိုင်းရေးဆွဲတည်ဆော က် ရမည် ဖြစ်၍ ဝန်ထမ်းများအတွက် မူလရည်မှန်းထားသည့် အခန်းအရေအတွက် မပြည့်မီနိုင်တော့ကြော င်း သတင်းရရှိသည်။
မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်    မင်္ဂလာတံတားအနီး ကျုံးတောင်ဘက်ခြမ်း စိတ္တရမဟီ ရပ်ကွက်ရှိ မြို့ ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာနပိုင် မြေငါးဧက ပေါ်တွင် ကိုးထပ်အမြင့်ရှိ ကွန်ဒို တိုက်ခန်းများ၊ ဝန်ထမ်း အိမ်ရာ တိုက်ခန်းများကို ၂၀၁၃  နှစ်ကုန် ပိုင်းမှစတင်တည်ဆောက်ခဲ့သော်လည်း  ယင်းနှစ်  ဇွန်လတွင် စည်ပင်မှ သတ်မှတ်ထားသည့် ကျုံးဘေးအထပ်မြင့်ဆောက်လုပ်ရာတွင် လိုက်နာရမည့်အချက်များနှင့် ငြိစွန်းနေ သဖြင့် စည်ပင်ခွင့်ပြုချက်အတိုင်း    အထပ်လျှော့ချ တည်ဆောက်သွားရမည်ဖြစ် သည်။

ကျုံးဘေးပတ်လည်တွင် အမြင့်ဆုံး ၄၆ ပေရှိသည့် အဆောက်အအုံများကိုသာ မန္တလေးမြို့တော် စည်ပင် သာယာရေးကော် မတီက ဆောက်လုပ်ခွင့် ပြုထားခြင်းဖြစ် သည်။ ‘‘ကိုးထပ်ကွန်ဒိုသုံးလုံးနဲ့ တိုက်ခန်းနှစ် လုံးက   သွားငြိနေ တာ။ ဝန်ထမ်းတွေက မူလလျာ ထားတာထက်တော့ လျော့သွားရ မှာပေါ့။ ဒါပေမဲ့ ဒီထက် ပိုတိုးရ အောင်လုပ်ပေးနိုင်ဖို့လည်း ပြန် ဆွေးနွေးရဦးမှာ’’ဟု ဦးကျော် ကျော်လင်းက ထည့်သွင်းပြော ကြားသည်။

အိမ်ရာတည်ဆောက်ရန် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ ခွင့်ပြုချက်မရ သေးသော်လည်း တည်ဆောက် ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေကြောင်း၊ စည်ပင် ခွင့်ပြုချက် ကျလာပြီး ပါကလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ခွင့်ပြုချက်  ထပ်မံရယူသွားမည် ဖြစ်ကြောင်း၊ အားလုံး ၏ထောက်ခံ ချက်များရရှိပြီးမှသာ အိမ်ရာ ဒီဇိုင်းများကို အသေးစိတ်ပြန် လည်ရေးဆွဲရမည်ဖြစ်ပြီး အခန်း စုစုပေါင်း မည်မျှထွက်ရှိလာမည် ကိုလည်း ယင်းအချိန်မှသာ အတိ အကျသိရှိနိုင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

စုစုပေါင်း  အခန်းလေးရာ ကျော်ပါရှိမည့် ယင်းအဆင့်မြင့် တိုက်ခန်းအိမ်ရာစီမံကိန်းကို မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီး ဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီငါးခုတို့ အကျိုးတူဖက်စပ်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး အစိုးရဝန်ထမ်း များအ တွက် အခန်းပေါင်း နှစ်ရာကျော် နှင့် ကုမ္ပဏီဘက်မှ အခန်းပေါင်း နှစ်ရာဟု အချိုးကျသတ်မှတ်ပြီး ပြီးခဲ့သည့်နှစ်  နိုဝင်ဘာက စီမံ ကိန်းစတင်ခဲ့ခြင်းဖြစ်သည်။

7Day DAILY

No comments:

Post a Comment