Friday 22 August 2014

စွန့်ပစ်ခံရသူက ချစ်သူမောင်းသည့် ရထားဖြင့် အသေခံ

gary








ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက စကော့တလန်မှာ နေထိုင်တဲ့ ဂယ်ရီဝဲလ်ဟာ သူနှစ်နှစ်ကာကာနဲ့ ကာလရှည် ချစ်ခဲ့ရတဲ့ ချစ်သူဆီက လမ်းခွဲကြမယ် ဆိုတဲ့ စကားတစ်ခွန်းကို ကြားခဲ့ရပါတယ်။ ရှစ်နှစ်ကျော် ကိုးနှစ်နီးပါး ချစ်သူတွေ အဖြစ် ရှိခဲ့ကြပြီးမှ ချစ်ရသူက လမ်းခွဲမယ်လို့ ဆိုခဲ့တာကြောင့် အသက် ၃၆ နှစ်အရွယ် အချစ်ကြီးသူ ဂယ်ရီဝဲလ် အတွက်ကတော့ ကမ္ဘာကြီး ပျက်ခဲ့သလို ပါပဲ။

mcdonalds
ချစ်သူကို ဆုံးရှုံးခဲ့ရသူ ဂယ်ရီအနေနဲ့ သူတို့နှစ်ယောက်ရဲ့ သာယာခဲ့တဲ့ ဘ၀လေးကို ပြန်ပြီး gary အဖတ် ဆယ်ဖို့ ကြိုးစားခဲ့သေး ပေမယ့် ဖြစ်မလာ ခဲ့တဲ့ နောက်မှာတော့ ငြီးငွေ့စရာ ဘ၀ကြီးကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပုံ ရပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်တဲ့ အနေနဲ့ ဂယ်ရီဟာ ပြီးခဲ့တဲ့ သြဂတ် ၂၀  ရက်က ချစ်သူ ဒိုင်နီး မက်ဒေါ်နယ် မောင်းတဲ့ ရထားရှေ့မှာ ၀င်ရပ်ပြီး ရထားအတိုက်ခံကာ ဘ၀ကို အဆုံးသတ်လိုက် ပါတော့တယ်။

“ဂယ်ရီဟာ လူကောင်း တစ်ယောက်ပါ”လို့ သေဆုံးသွားခဲ့ပြီ ဖြစ်တဲ့ အသဲကွဲသမားကြီး ဂယ်ရီဝဲလ်ရဲ့ သူငယ်ချင်း တစ်ယောက်က ၀မ်းနည်းပက်လက်နဲ့ ပြောပါတယ်။ “ဂယ်ရီနဲ့ ဒိုင်နီးတို့ နှစ်ယောက်ဟာ အိုးထဲက ပဲစိတွေ လိုပါပဲ။ အမြဲတမ်း တပူးတွဲတွဲ ရှိနေခဲ့ကြတာပါ။ သူတို့ ရှစ်နှစ်၊ ကိုးနှစ်လောက် ချစ်ခဲ့ ကြပြီးမှ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က စိတ်မကောင်းစရာ လမ်းခွဲခဲ့ပါတယ်။ သူဒီလို လုပ်သွား တယ် ဆိုတာကို ကျွန်တော် အခုထိ မယုံနိုင် သေးပါဘူး။ ခုတော့ ဒိုင်နီးလည်း ဘာမှမပြောနိုင် လော က်အော င် ဆွံ့အနေပါတယ်”ဟု သူက ဆက်ပြောပါတယ်။

ခုတော့ ဂယ်ရီဝဲလ်လည်း အသဲကွဲတဲ့ ခံစားချက်ကနေ လွတ်ရာကျွတ်ရာကို ထွက်သွားခဲ့ပါပြီ။ အသက် ၂၉ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ရထားမောင်းသမား မစ္စ ဒိုင်နီးမက်ဒေါ်နယ် ကတော့ ချစ်သူဟောင်းကို သတ် လိုက် မိသလို ဖြစ်ခဲ့တာကြောင့် စိတ်မကောင်း ဖြစ်နေရ သလို ရဲတွေရဲ့ စစ်ဆေးမှုကိုလည်း ခံနေရပါတယ်။ ရဲတွေကတော့ ဒီဖြစ်ရပ်ကို သေချာစစ်ဆေးမယ်လို့ ဆိုထားပြီး သေဆုံးသူရဲ့ မိသားစုတွေ ဆီကနေလည်း စစ်ချက်တွေ ရယူသွားမယ်လို့ ပြောကြား ခဲ့ပါတယ်။

Ref: Daily Mail
Mizzima - News in Burmese

No comments:

Post a Comment