Friday 22 August 2014

ဂျပန်နိုင်ငံအနောက်ပိုင်း မြေပြိုမှုတွင် သေဆုံးသူအရေအတွက် မြင့်တက် လာဖွယ်ရှိ

ဂျပန်နိုင်ငံအနောက်ပိုင်း ဟီရိုရှီးမားမြို့စွန်တွင် သြဂုတ် ၂၀ ရက်က ဖြစ်ပွားခဲ့ သည့် မြေပြိုမှု တွင် သေဆုံးသူ ၃၉ ဦးသာ ရှိခဲ့သော်လည်း  ပျောက်ဆုံးနေသူ ၅၁ ဦး ထပ်မံစာရင်းရရှိထားသောကြောင့် သေဆုံး သူ အရေအတွက် ပိုမိုမြင့်တက် လာနိုင်ကြောင်း သိရသည်။

ယခုအခါ မြေပြိုမှုများ ထပ်မံဖြစ်ပွားနေသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်း များကိုလည်း ရပ်ဆိုင်း ထားရသည်။တောင်ကုန်းများတွင်အခြေအနေ ထူးခြားပြောင်းလဲမှုများဖြစ်ပေါ်နေခြင်းသည် နောက်ထပ်မြေပြိုနိုင်သည့် လက္ခဏာဖြစ်သောကြောင့် မီးသတ်သမားများ၊ ရဲများနှင့် စစ်သားများပါဝင်သည့် ကယ်ဆယ်ရေး အဖွဲ့များအနေဖြင့် ရှာဖွေရေးလုပ်ငန်းများကို ရပ်ဆိုင်းထားရန် သြဂုတ် ၂၂ ရက်ညနေပိုင်း ညွှန်ကြား ထား သည်။

မိုးသည်ထန်မှုများလည်း ဆက်လက်ဖြစ်ပေါ်နေသောကြောင့် လူပေါင်း ၄၀၀၀ ကျော်ကို နေရာ ရွှေ့ပြောင်း ပေးထားရသည်။

Ref:AFP
Mizzima - News in Burmese 

No comments:

Post a Comment