Friday 22 August 2014

ကျောင်းသားအား သမံတလင်းကို လျှာဖြင့်လျက်ခိုင်းသည့် ဆရာမအမှု ၀န်ကြီးဌာနသို့တင်

အတန်းထဲတွင် စကားများသော အကြောင်းပြချက်ဖြင့် စတုတ္ထတန်းကျောင်းသားအား သမံတလင်းကို လျှာဖြင့်လျက်ခိုင်းမှုဖြင့် တိုင်ကြားခံရသော အတန်းပိုင်ဆရာမအမှုကို ပညာရေးဝန်ကြီးဌာနသို့ တင်ပြ ထား ကြောင်း စစ်ဆေးရေးအဖွဲ့ထံမှ သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့ နယ်၊ သူရဲသမိန်စံပြကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်း၌ အတန်းပိုင် ဆရာမတစ် ဦးက ၂၀၁၃-၁၄ ပညာသင်နှစ် ကုန်ခါနီးတွင် ၎င်း၏ သားဖြစ်သူ အား ကျောင်းသမံတလင်းကို လျှာဖြင့် လျက်ခိုင်းခဲ့ကြောင်း ကျောင်းသားဖခင်တစ်ဦးက ပြီးခဲ့ သည့် ဇူလိုင်လအတွင်းက ပညာ ရေးဝန်ကြီး ဌာန သို့ တိုင်ကြားခဲ့ ခြင်းဖြစ်သည်။

ဇူလိုင် ၆ ရက်တွင် မြို့နယ် စစ်ဆေးရေးအဖွဲ့က တိုင်ကြားခဲ့ သော ကျောင်းသားဖခင်နှင့် ကျောင်းသား၊ အတန်းဖော် ကျောင်းသားများ၊ စတုတ္ထတန်း အတန်းပိုင်ဆရာမနှင့် ကျောင်း အုပ်ဆရာမကြီးတို့ကို စစ်ဆေးခဲ့ ခြင်းဖြစ်သည်။

‘‘တိုင်ထားတဲ့ ကလေးဖခင်ကိုစစ်ဆေးတယ်။ ကလေးကိုလည်းစစ်ဆေးတယ်။ အတန်း ဖော် ကလေးတွေ ကိုလည်း ရွာထဲ မှာ ကစားနေတာကိုခေါ်ပြီး စစ် မေးပါတယ်။ ဆရာမကိုလည်း စစ်ဆေးတယ်။ တခြား ကလေး တွေကလည်း အဲဒီလို လုပ်ခိုင်း တယ်ပြောပါတယ်။ ဒါပေမဲ့ ကာယကံရှင်ဆရာမ ကတော့ ငြင်းဆို ထားတယ်’’ ဟု စစ်ဆေးရေးအဖွဲ့ တွင် ပါဝင်ခဲ့သော ကျောင်းအုပ်ဆရာမကြီးတစ်ဦး ကပြော သည်။

အတန်းဖော်ကျောင်းသား များအား စစ်မေးမှုအရ ကျောင်း သားတစ်ဦးတည်းသာမက အခြားကျောင်းသား များကိုလည်း သမံ တလင်းကို လျှာဖြင့် လျက်ခိုင်း ကြောင်း စစ်ဆေးတွေ့ရှိချက် များကို ပညာရေးဝန်ကြီး ဌာန သို့ တင်ပြထားပြီး ၀န်ကြီးဌာနမှ ဆုံး ဖြတ်ချက်ပြန်လည်ညွှန်ကြားမှု မရှိသေးကြောင်း အဆိုပါကျောင်း အုပ် ဆရာမကြီးက ဆိုသည်။

 ကျောင်းသားများအား ကျောင်းကြမ်းပြင်ကို လျှာဖြင့်လျက်ခိုင်းသည့် ဆရာမတစ်ဦး၏စိတ်ဓာတ် မှာ နား လည်ရခက်ခဲနေပြီး သားသမီးအတွက်စိတ်ထိခိုက် ခံစားနေရကြောင်း ကျောင်းသားဖခင် ဖြစ် သူက ပြော သည်။

‘‘ရိုက်ရင်တောင် လက်ခံနိုင် စရာရှိပါတယ်။ ဒါက ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ပါဘူး။ အစိုးရ ကျောင်းတွေ မှာ ထားတာ ဒီလိုပုံစံ ဖြစ်နေရင် တော်တော်စိုးရိမ်စရာ ကောင်းနေပါတယ်’’ဟု တိုင် ကြားခဲ့သူ ကျောင်းသား ဖခင်က ဆိုသည်။

ကာယကံရှင်ဆရာမက ငြင်းဆန်သော်လည်း ကျောင်းသားများက ဟုတ်မှန်နေကြောင်း အစစ်ခံ ခဲ့သောေ ကြာင့် ဆရာမတစ်ဦး အနေဖြင့် ကျောင်းသားများကို ယင်းကဲ့သို့ ပြုမူဆက်ဆံမှုမပြု လုပ်သင့်ကြောင်း အထက် ပါ ကျောင်းအုပ်ဆရာမကြီးက သုံး သပ်သည်။

‘‘ဆရာမလေးက အရမ်း တက်ကြွတယ်။ ငယ်လည်း ငယ် သေးတယ်။ တကယ်လုပ်ခဲ့တာ ဆိုရင်တော့ ဒီလိုမျိုးမလုပ်သင့်ပါ ဘူး’’ဟု ကာယကံရှင် ဆရာမကို စစ်ဆေးခဲ့သော ကျောင်းအုပ် ဆရာမကြီးကပြော သည်။

7Day DAILY

No comments:

Post a Comment