Friday 22 August 2014

ရွှေဈေး အကျဘက်ဦးတည်

Photo: ရွှေဈေး အကျဘက်ဦးတည်
Friday, August 22, 2014

 ရွှေဈေးနှုန်းများ အကျဘက်သို့သာ ဦးတည်နေခြင်း ကြောင့် စောင့်ကြည်သူများနေပြီး ဈေးကွက်တွင် အပိုင်းဝယ်လိုအားရပ်ဆိုင်းလုနီးပါးကျဆင်းနေကြောင်းရွှေလုပ်ငန်းရှင်များကပြောသည်။

ပြည်တွင်း ရွှေဈေးမှာ အ ခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၇၅,၀၀၀ ကျပ်နှင့် ၆၆၅,၀၀၀ကြားတွင် အတက်အကျပြောင်းလဲနေသည်။

လက်ရှိကမ္ဘာ့ရွှေဈေးကွက် အနေအထားမှာလည်း ဆက်ကျ နိုင်သည့်အတွက် ပြည်တွင်းဈေး ကွက် ဈေးနှုန်းများမှာ အကျဘက်သို့သာရောက်ရှိနိုင်သည်ဟုဈေး ကွက်ကျွမ်းကျင်သူများကခန့်မှန်း နေကြသည်။

‘‘ရွှေဈေးက ပြီးခဲ့တဲ့အပတ် ထဲမှာတစ်လျှောက်လုံး ၆၇၀,၀၀၀ ကျော်ရှိနေရာကနေ အခုပြန်ကျ လာတော့ ဈေးကိုအားလုံးဆက် ကျမယ်ပဲမှန်းနေကြတော့ ၀ယ် မယ့်သူတွေက မ၀ယ်ကြသေးဘဲ စောင့်နေကြတော့အ၀ယ်ကမရှိ သလောက်နည်းနေတယ်’’ဟု ရွှေ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ကမ္ဘာ့ရွှေဈေးနှုန်းများပြီးခဲ့ သည့်ရက်ပိုင်းတွင် တစ်အောင်စ လျှင် ၁၃၀၀ ဒေါ်လာကျော်တွင်ရှိ နေရာမှ ယခုရက်ပိုင်းတွင် ၁၂၉၀ ဒေါ်လာထိဈေးနှုန်းများကျဆင်း နေပြီဖြစ်သည်။

ထို့ကြောင့် ပြည်တွင်းရွှေ ဈေးနှုန်းများမှာလည်း အခေါက် ရွှေတစ်ကျပ်သားလျှင် ၆၇၃,၀၀၀ ကျပ်ထိရှိနေရာမှ ယခုသြဂုတ် ၂၁ ရက်တွင် ၆၆၉,၀၀၀ ကျပ်သို့ ကျ ဆင်းနေပြီဖြစ်သည်။

သို့သော် ယခုကျဆင်းမှုမှာအခေါက်ရွှေတစ်ကျပ်သားလျှင် ၆၆၅,၀၀၀ ကျပ်ထိ ဈေးဆက်လက် ကျဆင်းနိုင်သေးကြောင်းရွှေလုပ် ငန်းရှင်များကပြောသည်။

ဈေးကျသည်ဟု ဆိုသော် လည်း ပြည်တွင်းရွှေဈေးနှုန်းများ မှာ နယ်စပ်ရွှေဈေးများထက်စာ လျှင် ဈေးမြင့်နေသေးသည့် အတွက် နယ်စပ်ရွှေများဝင်ရောက်မှုမှာလည်း နည်းနေကြောင်း လုပ်ငန်းရှင်များကပြောသည်။

7Day DAILY
ရွှေဈေးနှုန်းများ အကျဘက်သို့သာ ဦးတည်နေခြင်း ကြောင့် စောင့်ကြည်သူများနေပြီး ဈေးကွက်တွင် အပိုင်းဝယ်လိုအားရပ်ဆိုင်းလုနီးပါးကျဆင်းနေကြောင်းရွှေလုပ်ငန်းရှင်များကပြောသည်။
ပြည်တွင်း ရွှေဈေးမှာ အ ခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၇၅,၀၀၀ ကျပ်နှင့် ၆၆၅,၀၀၀ကြားတွင် အတက် အကျပြောင်းလဲနေသည်။

လက်ရှိကမ္ဘာ့ရွှေဈေးကွက် အနေအထားမှာလည်း ဆက်ကျ နိုင်သည့်အတွက် ပြည်တွင်းဈေး ကွက် ဈေးနှုန်း များမှာ အကျဘက်သို့သာရောက်ရှိနိုင်သည်ဟုဈေး ကွက်ကျွမ်းကျင်သူများကခန့်မှန်း နေကြသည်။

‘‘ရွှေဈေးက ပြီးခဲ့တဲ့အပတ် ထဲမှာတစ်လျှောက်လုံး ၆၇၀,၀၀၀ ကျော်ရှိနေရာကနေ အခုပြန်ကျ လာတော့ ဈေး ကို အားလုံးဆက် ကျမယ်ပဲမှန်းနေကြတော့ ၀ယ် မယ့်သူတွေက မ၀ယ်ကြသေး ဘဲ စောင့်နေ ကြတော့အ၀ယ်ကမရှိ သလောက်နည်းနေတယ်’’ဟု ရွှေ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ကမ္ဘာ့ရွှေဈေးနှုန်းများပြီးခဲ့ သည့်ရက်ပိုင်းတွင် တစ်အောင်စ လျှင် ၁၃၀၀ ဒေါ်လာကျော်တွင်ရှိ နေရာမှ ယခုရက်ပိုင်းတွင် ၁၂၉၀ ဒေါ်လာထိဈေးနှုန်းများကျဆင်း နေပြီဖြစ်သည်။

ထို့ကြောင့် ပြည်တွင်းရွှေ ဈေးနှုန်းများမှာလည်း အခေါက် ရွှေတစ်ကျပ်သားလျှင် ၆၇၃,၀၀၀ ကျပ်ထိရှိနေရာမှ ယခုသြဂုတ် ၂၁ ရက်တွင် ၆၆၉,၀၀၀ ကျပ်သို့ ကျ ဆင်းနေပြီဖြစ်သည်။

သို့သော် ယခုကျဆင်းမှုမှာအခေါက်ရွှေတစ်ကျပ်သားလျှင် ၆၆၅,၀၀၀ ကျပ်ထိ ဈေးဆက်လက် ကျဆင်းနိုင်သေးကြောင်းရွှေလုပ် ငန်းရှင်များကပြောသည်။

ဈေးကျသည်ဟု ဆိုသော် လည်း ပြည်တွင်းရွှေဈေးနှုန်းများ မှာ နယ်စပ်ရွှေဈေးများထက်စာ လျှင် ဈေးမြင့်နေေ သး သည့် အတွက် နယ်စပ်ရွှေများဝင်ရောက်မှုမှာလည်း နည်းနေကြောင်း လုပ်ငန်းရှင်များကပြောသည်။

7Day DAILY

No comments:

Post a Comment