Thursday 26 June 2014

တိုးချဲ့ဖွဲ့စည်းသည့် သမ္မတအကြံပေးအဖွဲ့၌ ယခင်အစိုးရနှင့် နီးစပ်သူများ ပါဝင်နေမှုအပေါ် ဝေဖန်

Photo: တိုးချဲ့ဖွဲ့စည်းသည့် သမ္မတအကြံပေးအဖွဲ့၌ ယခင်အစိုးရနှင့် နီးစပ်သူများ ပါဝင်နေမှုအပေါ် ဝေဖန်
Thursday, June 26, 2014

သမ္မတ ဦးသိန်းစိန်က သာသနာရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အကြံပေးအဖွဲ့များ တိုးချဲ့ ဖွဲ့စည်းခြင်းနှင့် အဖွဲ့ဝင်များ ခန့်ထားမှု၌ သမ္မတနှင့် နီးစပ်သူများ မဟုတ်ဘဲ သမ္မတနှင့် အယူအဆ မတူသူများ၊ ကြားနေ ပညာရှင်များပါ ပါဝင်နိုင်မည်ဆိုပါက ပိုမို အားကောင်းဖွယ် ရှိကြောင်း နိုင်ငံရေး လေ့လာသုံးသပ် သူများနှင့် သတင်းစာဆရာများက သုံးသပ်လျက် ရှိသည်။
ဇွန်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အကြံပေးအဖွဲ့ တိုးချဲ့ ဖွဲ့စည်းရာ၌ သာသနာရေးဆိုင်ရာ အကြံပေးအဖွဲ့၌ သူရဦးမြင့်မောင် (အဖွဲ့ခေါင်းဆောင်)နှင့် အဖွဲ့ဝင်အဖြစ် အငြိမ်းစား သံအမတ်ကြီး ဦးစိန်ဝင်းအောင်အား လည်းကောင်း၊ ကျန်းမာရေး အကြံပေးအဖွဲ့အဖြစ် အငြိမ်းစား ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာ၊ ပညာရေးအကြံပေး အဖွဲ့အဖြစ် အငြိမ်းစား ယူနီဆက်ဝန်ထမ်း ဒေါက်တာရင်ရင်နွယ် (အဖွဲ့ခေါင်းဆောင်)နှင့် အဖွဲ့ဝင်အဖြစ် ဒေါက်တာ ကျော်ရင်လှိုင်နှင့် စီးပွားရေး အကြံပေးအဖွဲ့အဖြစ် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွဋ်ဦးတို့အား ခန့်အပ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော် သန်းသင်း လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့ဖြစ်သည်။

““သမ္မတအနေနဲ့ သူနဲ့ အမြင်အယူအဆ မတူတဲ့သူတွေ၊ ကြားနေတဲ့ ပညာရှင်တွေကို ပါဝင်စေမယ် ဆိုရင် ပိုအားကောင်းမယ် ထင်ပါတယ်။ သမ္မတ အကြံပေး အဖွဲ့တွေကို အခုထက် ပိုမိုစနစ်ကျကျ၊ ထိထိ ရောက်ရောက် အလုပ်လုပ်ခွင့် ပေးသင့်တယ် ထင်တယ်။ နောက် အဖွဲ့ဝင်တွေထဲမှာ သမ္မတနဲ့ အမြင် အယူအဆ ပြောင်းပြန်ဖြစ်တဲ့၊ အတွေ့အကြုံရှိတဲ့ နိုင်ငံရေး သမားဟောင်းတွေ၊ စီးပွားရေး ပညာရှင်တွေအထိ ပါနိုင်အောင် ချဲ့ထွင်ဖို့ လိုမယ်ထင်တယ်။ နောက် အကြံပေးတွေရဲ့ သီးခြား လွတ်လပ်စွာ ရပ်တည်ပြောဆိုခွင့် ကိုလည်း မချုပ်ချယ်ဖို့ လိုမယ်ထင်တယ်””ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

သမ္မတ၏ အကြံပေးအဖွဲ့များအား၂၀၁၁ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စီးပွားရေး အကြံပေးအဖွဲ့၌ အဖွဲ့ခေါင်းဆောင် အနေဖြင့် ဒေါက်တာဦးမြင့်နှင့် အဖွဲ့ဝင်အဖြစ် ဦးဆက်အောင်နှင့် ဦးစိန်လှဗိုလ်၊ နိုင်ငံရေး အကြံပေးအဖွဲ့၌ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးကိုကိုလှိုင်နှင့် အဖွဲ့ဝင်အဖြစ် ဒေါက်တာ နေဇင်လတ်နှင့် ဦးရဲတင့်၊ ဥပဒေ အကြံပေးအဖွဲ့၌ အဖွဲ့ခေါင်းဆောင် အနေဖြင့် ဦးစစ်အေးနှင့် အဖွဲ့ဝင်အဖြစ် ဒေါ်ခင်မျိုးမြင့်နှင့် ဦးသန်းကျော်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။

ထို့ပြင် ၂၀၁၂ ခုနှစ် ဇွန်လ ၁၃ ရက်တွင် အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီကို ထပ်မံ ဖွဲ့စည်းခဲ့ပြီး နာယကအဖြစ် ဦးမော်သန်းနှင့် ဥက္ကဋ္ဌအဖြစ် ဦးတင်ထွဋ်ဦးတို့က ဦးဆောင်ကာ အဖွဲ့ဝင်များအဖြစ် ဒေါက်တာ အောင်ထွန်းသက်၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒေါက်တာကျော်ရင်လှိုင်၊ ဒေါက်တာဇော်ဦး၊ ဦးသီဟံမျိုးညွန့်၊ ဦးသန့်မြင့်ဦး၊ ဦးတင်မောင်သန်း၊ ဦးဝင်းအောင်၊ ဦးသောင်းတင်၊ ဦးကိုကိုကြီး၊ ဦးသန်းလွင်၊ ဦးခင်မောင်အေး၊ ဦးလှမောင်ရွှေ၊ ဦးမိုးကျော်၊ ဒေါက်တာ ဒေါ်ရင်ရင်နွယ်တို့ ပါဝင်ကာ အတွင်းရေးမှူးအဖြစ် ဦးဆက်အောင်က တာဝန်ယူခဲ့သည်။ ယင်းတို့အနက်မှ ဒေါက်တာ ဒေါ်ခင်စန်းရီအား ပညာရေးဝန်ကြီး၊ ဦးသောင်းတင်အား ဆက်သွယ်ရေးဒုဝန်ကြီးနှင့် ဦးဆက်အောင်အား ဗဟိုဘဏ် ဒုဥက္ကဋ္ဌအဖြစ် အသီးသီး တာဝန်ပေးအပ်ခံခဲ့ရပြီး ဒေါက်တာ အောင်ထွန်းသက်၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဒေါက်တာဇော်ဦးနှင့် ဒေါက်တာ ဒေါ်ရင်ရင်နွယ်တို့မှာ သမ္မတရုံး အကြံပေးအဖွဲ့ဝင်များ ဖြစ်လာခဲ့သည်။

““သမ္မတအကြံပေး အားလုံးနီးပါးဟာ လူထုကြားထဲမှာ ပြောရဲဆိုရဲ မရှိဘူး။ ပွဲလယ် မတင့်ဘူးဗျ။ ပြောရင်လည်း သမ္မတဘက်၊ အစိုးရဘက်က ကာကွယ် ပြောတာများတယ်။ အဲဒါကိုက မှားနေတာပါ။ သမ္မတ အကြံပေး အဖွဲ့ကနေ ထွက်တဲ့သူတွေက ဘာကြောင့် ထွက်ရတယ်ဆိုတာ ပြည်သူကို၊ သတင်းမီဒီယာကို ပွင့်ပွင့် လင်းလင်း အသိပေးတာမျိုး မတွေ့ရဘူးဗျ။ မြင်မြင်သမျှ အကြံပေးတွေကတော့ အားလုံး ကောင်းပါတယ်နဲ့ ရေငုံနှုတ်ပိတ် နှစ်မျိုးပဲ တွေ့မိပါတယ်””ဟု ဒေါက်တာရန်မျိုးသိမ်းက မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြား သည်။

သမ္မတ အကြံပေးအဖွဲ့ဝင် ဦးသန်းကျော်အား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်လည်းကောင်း၊ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် ဦးရဲတင့်အား ၂၀၁၃ သြဂုတ် ၇ ရက်တွင် လည်းကောင်း တာဝန်မှ အနားယူခွင့် ပေးခဲ့ကာ ၂၀၁၃ သြဂုတ် ၇ ရက်နေ့တွင်ပင် ဒေါက်တာ အောင်ထွန်းသက်နှင့် ဒေါက်တာဇော်ဦးအား စီးပွားရေး အကြံပေး အဖွဲ့ဝင်၊ ဦးဉာဏ်နိုင်ဝင်းအား ဥပဒေအကြံပေး အဖွဲ့ဝင်အဖြစ် တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ထိြု့ပင်၂၀၁၃ စက်တင်ဘာလ ၉ ရက်နေ့တွင် သံအမတ် (ငြိမ်း) ဦးသန်းဆွေအား နိုင်ငံရေး အကြံပေး အဖွဲ့ဝင်နှင့် ၀န်ကြီးဟောင်း ဦးသောင်းညွန့်အား ဥပဒေအကြံပေး အဖွဲ့ဝင်များအဖြစ် တိုးချဲ့ တာဝန်ပေးအပ်ခဲ့သည်။

ယင်းနောက် ၂၀၁၄ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် သမ္မတ အကြံပေး အဖွဲ့များအား ထပ်မံတိုးချဲ့ ဖွဲ့စည်း ခဲ့ခြင်းလည်း ဖြစ်သည်။ထိုသို့ ဖွဲ့စည်းရာ၌ သမ္မတ ဦးသိန်းစိန်၏ ခမည်းခမက်ဖြစ်သူ ရွှေတိဂုံဘုရား ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်၊ ယခင်ကြံခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးစိုးသာ (လက်ရှိ လွှတ်တော် ကိုယ်စားလှယ်)၏ ညီမဖြစ်ပြီး သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ခယ်မဖြစ်သူ အငြိမ်းစား ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်နုနုသာ၊ ယခင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေ၀င်း၏ ချွေးမဖြစ်ခဲ့သူ ယူနီဆက် ၀န်ထမ်းဟောင်း ဒေါက်တာ ရင်ရင်နွယ်နှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလ သာသနာရေး ၀န်ကြီးအဖြစ် ထမ်းဆောင်ခဲ့ဖူးသူ သူရဦးမြင့်မောင်တို့ ပါဝင်လာခြင်းအပေါ် ဝေဖန်မှုများ ဖြစ်ပေါ်လျက် ရှိသည်။
““ပြန်ကြားရေးက လူအားလုံး မေးကြည့် တစ်သံတည်းပဲ။ နောက် သမ္မတအကြံပေး ခန့်လိုက်တဲ့ ဒေါက်တာ ရင်ရင်နွယ်က ဦးနေ၀င်းရဲ့ချွေးမအရင်း။ ဖြိုးေ၀၀င်းရဲ့မိန်းမ။ ကျွန်တော်တို့ ခေတ်တုန်းက ရင်ရင်နွယ်ဟေ့ ဆိုရင်ဖျားပဲ။ ဘာကြောင့်ဆိုတော့ ရင်ရင်နွယ်က ဟော့ရှော့။ ဖြိုးေ၀၀င်းကလည်း ဟော့ရှော့။ အဲဒီမှာ ဖြိုးေ၀၀င်း ရှလန်ဘာဂျာ ကုမ္ပဏီမှာ အဲဒီခေတ်ကတည်းက ဒေါ်လာ ငါးထောင်လောက်စား၊ ရေနံကုမ္ပဏီမှာ။ ရင်ရင်နွယ်က Geology က Lecturer ။ ကွဲတော့ ကွဲသွားတာပေါ့ဗျာ။ ဒါပေမဲ့ ရင်ရင်နွယ်က ဦးနေ၀င်းရဲ့ ချွေးမတော်ပါသေး တယ်။ နောက်ပြီးတော့ နုနုသာ၊ (ဦး) စိုးသာရဲ့ ညီမအရင်း။ အောင်မင်းရဲ့ မရီးလား၊ ခယ်မလားမသိဘူး။ အဲဒါ ကလည်း ကျန်းမာရေးဌာနမှာ၊ ရှားလားဗျာလူ။ နောက်မြင့်မောင်က ဦးသန်းရွှေရဲ့ တကယ့်လူရင်းတပည့်။ မြင့်မောင်က အခု သာသနာရေးမှာ ခေါင်းဆောင်၊ အကြံပေးခေါင်းဆောင်။ အဲဒီအဆင်ကြီး ကြည့်ကတည်းက အကြံပေးက ဘယ်ဟုတ်တော့မလဲဗျာ။ သူတို့ လက်တံတွေက ဆက်လက်ပြီးတော့ ရှည်တုန်း။ မဟုတ်က ဟုတ်ကတွေ အကုန်လျှောက်လုပ်မယ်””ဟု ယခင် စာနယ်ဇင်း ကောင်စီဝင်ဟောင်း တစ်ဦးက ပြောသည်။

အလားတူ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကလည်း ““သမ္မတရဲ့ အကြံပေးအဖွဲ့ဆိုတာ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၂၃ အရ သမ္မတက ဖွဲ့စည်းတာပါ။ သမ္မတကို အကြံဉာဏ် ပေးနိုင်ဖို့ ဖွဲ့တာပါ။ သမ္မတနဲ့ နီးစပ်တဲ့သူတွေချည်း စုဖွဲ့တာမျိုးဆိုရင် နိုင်ငံနဲ့ ပြည်သူအတွက် မကောင်းနိုင်ပါဘူး””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။
ထို့ပြင် လက်ရှိတွင် ငွေအလွဲသုံးစားမှု စွပ်စွဲချက်ဖြင့် တာဝန်မှ ရပ်စဲခံရသည့် သာသနာရေးဝန်ကြီး ဦးဆန်းဆင့် နေရာတွင် သာသနာရေး ဒုဝန်ကြီး ဦးစိုးဝင်းအား ခန့်အပ်သည့်အပေါ်၌ ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ဦးစိုးဝင်းမှာ ယခင်ကပြန်ကြားရေးဝန်ကြီးဌာန ဦးဆောင် ညွှန်ကြားရေးမှူး လုပ်ကိုင်ခဲ့စဉ်က ငွေသိန်းထောင်ချီ ကွာဟမှုကြောင့် အမှုရင်ဆိုင် နေရသူဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက မီဒီယာ များသို့ တရားဝင် ပြောကြားခဲ့သည်။

ထို့ပြင်ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်မှာ မိမိသဘောဖြင့် နုတ်ထွက်သွားချိန်၌ ဗိုလ်ချုပ်အဆင့် ရာထူးရှိသူ တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးအား တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ပြည်ထောင်စု အစိုးရအဖွဲ့မှ စီစဉ်နေသည် ဆိုသည့်သတင်းများလည်း ထွက်ပေါ်လျက်ရှိကာ ရခိုင်အမျိုးသားပါတီက ပြည်နယ် ၀န်ကြီးချုပ်မှာ ရခိုင်တိုင်းရင်းသားသာ ဖြစ်သင့်ကြောင်းနှင့် လွှတ်တော် ကိုယ်စားလှယ်သာ ဖြစ်သင့်ကြောင်း ဇွန်လ ၂၃ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။

မြန်မာသံတော်ဆင့်သတင်းဌာန
သမ္မတ ဦးသိန်းစိန်က သာသနာရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အကြံပေးအဖွဲ့များ တိုးချဲ့ ဖွဲ့စည်းခြင်း နှင့် အဖွဲ့ဝင်များ ခန့်ထားမှု၌ သမ္မတနှင့် နီးစပ်သူများ မဟုတ်ဘဲ သမ္မတနှင့် အယူအဆ မတူသူများ၊ ကြားနေ ပညာရှင်များပါ ပါဝင်နိုင်မည်ဆိုပါက ပိုမို အားကောင်းဖွယ် ရှိကြောင်း နိုင်ငံရေး လေ့လာသုံးသပ် သူများနှင့် သတင်းစာဆရာများက သုံးသပ်လျက် ရှိသည်။

ဇွန်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အကြံပေးအဖွဲ့ တိုးချဲ့ ဖွဲ့စည်းရာ၌ သာသနာရေးဆိုင်ရာ အကြံပေးအဖွဲ့၌ သူရဦးမြင့်မောင် (အဖွဲ့ခေါင်းဆောင်)နှင့် အဖွဲ့ဝင်အဖြစ် အငြိမ်းစား သံအမတ်ကြီး ဦးစိန်ဝင်းအောင်အား လည်းကောင်း၊ ကျန်းမာရေး အကြံပေးအဖွဲ့အဖြစ် အငြိမ်းစား ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာ၊ ပညာရေးအကြံပေး အဖွဲ့အဖြစ် အငြိမ်းစား ယူနီဆက်ဝန်ထမ်း ဒေါက်တာရင်ရင်နွယ် (အဖွဲ့ခေါင်းဆောင်)နှင့် အဖွဲ့ဝင်အဖြစ် ဒေါက်တာ ကျော်ရင်လှိုင်နှင့် စီးပွားရေး အကြံပေးအဖွဲ့အဖြစ် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွဋ်ဦးတို့အား ခန့်အပ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော် သန်းသင်း လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့ဖြစ်သည်။

““သမ္မတအနေနဲ့ သူနဲ့ အမြင်အယူအဆ မတူတဲ့သူတွေ၊ ကြားနေတဲ့ ပညာရှင်တွေကို ပါဝင်စေမယ် ဆိုရင် ပိုအားကောင်းမယ် ထင်ပါတယ်။ သမ္မတ အကြံပေး အဖွဲ့တွေကို အခုထက် ပိုမိုစနစ်ကျကျ၊ ထိထိ ရောက်ရောက် အလုပ်လုပ်ခွင့် ပေးသင့်တယ် ထင်တယ်။ နောက် အဖွဲ့ဝင်တွေထဲမှာ သမ္မတနဲ့ အမြင် အယူအဆ ပြောင်းပြန်ဖြစ်တဲ့၊ အတွေ့အကြုံရှိတဲ့ နိုင်ငံရေး သမားဟောင်းတွေ၊ စီးပွားရေး ပညာရှင်တွေအထိ ပါနိုင်အောင် ချဲ့ထွင်ဖို့ လိုမယ်ထင်တယ်။ နောက် အကြံပေးတွေရဲ့ သီးခြား လွတ်လပ်စွာ ရပ်တည်ပြောဆိုခွင့် ကိုလည်း မချုပ်ချယ်ဖို့ လိုမယ်ထင်တယ်””ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

သမ္မတ၏ အကြံပေးအဖွဲ့များအား၂၀၁၁ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စီးပွားရေး အကြံပေးအဖွဲ့၌ အဖွဲ့ခေါင်းဆောင် အနေဖြင့် ဒေါက်တာဦးမြင့်နှင့် အဖွဲ့ဝင်အဖြစ် ဦးဆက်အောင်နှင့် ဦးစိန်လှဗိုလ်၊ နိုင်ငံရေး အကြံပေးအဖွဲ့၌ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးကိုကိုလှိုင်နှင့် အဖွဲ့ဝင်အဖြစ် ဒေါက်တာ နေဇင်လတ်နှင့် ဦးရဲတင့်၊ ဥပဒေ အကြံပေးအဖွဲ့၌ အဖွဲ့ခေါင်းဆောင် အနေဖြင့် ဦးစစ်အေးနှင့် အဖွဲ့ဝင်အဖြစ် ဒေါ်ခင်မျိုးမြင့်နှင့် ဦးသန်းကျော်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။

ထို့ပြင် ၂၀၁၂ ခုနှစ် ဇွန်လ ၁၃ ရက်တွင် အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီကို ထပ်မံ ဖွဲ့စည်းခဲ့ပြီး နာယကအဖြစ် ဦးမော်သန်းနှင့် ဥက္ကဋ္ဌအဖြစ် ဦးတင်ထွဋ်ဦးတို့က ဦးဆောင်ကာ အဖွဲ့ဝင်များအဖြစ် ဒေါက်တာ အောင်ထွန်းသက်၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒေါက်တာကျော်ရင်လှိုင်၊ ဒေါက်တာဇော်ဦး၊ ဦးသီဟံမျိုးညွန့်၊ ဦးသန့်မြင့်ဦး၊ ဦးတင်မောင်သန်း၊ ဦးဝင်းအောင်၊ ဦးသောင်းတင်၊ ဦးကိုကိုကြီး၊ ဦးသန်းလွင်၊ ဦးခင်မောင်အေး၊ ဦးလှမောင်ရွှေ၊ ဦးမိုးကျော်၊ ဒေါက်တာ ဒေါ်ရင်ရင်နွယ်တို့ ပါဝင်ကာ အတွင်းရေးမှူးအဖြစ် ဦးဆက်အောင်က တာဝန်ယူခဲ့သည်။ ယင်းတို့အနက်မှ ဒေါက်တာ ဒေါ်ခင်စန်းရီအား ပညာရေးဝန်ကြီး၊ ဦးသောင်းတင်အား ဆက်သွယ်ရေးဒုဝန်ကြီးနှင့် ဦးဆက်အောင်အား ဗဟိုဘဏ် ဒုဥက္ကဋ္ဌအဖြစ် အသီးသီး တာဝန်ပေးအပ်ခံခဲ့ရပြီး ဒေါက်တာ အောင်ထွန်းသက်၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဒေါက်တာဇော်ဦးနှင့် ဒေါက်တာ ဒေါ်ရင်ရင်နွယ်တို့မှာ သမ္မတရုံး အကြံပေးအဖွဲ့ဝင်များ ဖြစ်လာခဲ့သည်။

““သမ္မတအကြံပေး အားလုံးနီးပါးဟာ လူထုကြားထဲမှာ ပြောရဲဆိုရဲ မရှိဘူး။ ပွဲလယ် မတင့်ဘူးဗျ။ ပြောရင်လည်း သမ္မတဘက်၊ အစိုးရဘက်က ကာကွယ် ပြောတာများတယ်။ အဲဒါကိုက မှားနေတာပါ။ သမ္မတ အကြံပေး အဖွဲ့ကနေ ထွက်တဲ့သူတွေက ဘာကြောင့် ထွက်ရတယ်ဆိုတာ ပြည်သူကို၊ သတင်းမီဒီယာကို ပွင့်ပွင့် လင်းလင်း အသိပေးတာမျိုး မတွေ့ရဘူးဗျ။ မြင်မြင်သမျှ အကြံပေးတွေကတော့ အားလုံး ကောင်းပါတယ်နဲ့ ရေငုံနှုတ်ပိတ် နှစ်မျိုးပဲ တွေ့မိပါတယ်””ဟု ဒေါက်တာရန်မျိုးသိမ်းက မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြား သည်။

သမ္မတ အကြံပေးအဖွဲ့ဝင် ဦးသန်းကျော်အား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်လည်းကောင်း၊ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် ဦးရဲတင့်အား ၂၀၁၃ သြဂုတ် ၇ ရက်တွင် လည်းကောင်း တာဝန်မှ အနားယူခွင့် ပေးခဲ့ကာ ၂၀၁၃ သြဂုတ် ၇ ရက်နေ့တွင်ပင် ဒေါက်တာ အောင်ထွန်းသက်နှင့် ဒေါက်တာဇော်ဦးအား စီးပွားရေး အကြံပေး အဖွဲ့ဝင်၊ ဦးဉာဏ်နိုင်ဝင်းအား ဥပဒေအကြံပေး အဖွဲ့ဝင်အဖြစ် တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ထိြု့ပင်၂၀၁၃ စက်တင်ဘာလ ၉ ရက်နေ့တွင် သံအမတ် (ငြိမ်း) ဦးသန်းဆွေအား နိုင်ငံရေး အကြံပေး အဖွဲ့ဝင်နှင့် ၀န်ကြီးဟောင်း ဦးသောင်းညွန့်အား ဥပဒေအကြံပေး အဖွဲ့ဝင်များအဖြစ် တိုးချဲ့ တာဝန်ပေးအပ်ခဲ့သည်။

ယင်းနောက် ၂၀၁၄ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် သမ္မတ အကြံပေး အဖွဲ့များအား ထပ်မံတိုးချဲ့ ဖွဲ့စည်း ခဲ့ခြင်းလည်း ဖြစ်သည်။ထိုသို့ ဖွဲ့စည်းရာ၌ သမ္မတ ဦးသိန်းစိန်၏ ခမည်းခမက်ဖြစ်သူ ရွှေတိဂုံဘုရား ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်၊ ယခင်ကြံခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးစိုးသာ (လက်ရှိ လွှတ်တော် ကိုယ်စားလှယ်)၏ ညီမဖြစ်ပြီး သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ခယ်မဖြစ်သူ အငြိမ်းစား ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်နုနုသာ၊ ယခင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေ၀င်း၏ ချွေးမဖြစ်ခဲ့သူ ယူနီဆက် ၀န်ထမ်းဟောင်း ဒေါက်တာ ရင်ရင်နွယ်နှင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလ သာသနာရေး ၀န်ကြီးအဖြစ် ထမ်းဆောင်ခဲ့ဖူးသူ သူရဦးမြင့်မောင်တို့ ပါဝင်လာခြင်းအပေါ် ဝေဖန်မှုများ ဖြစ်ပေါ်လျက် ရှိသည်။

““ပြန်ကြားရေးက လူအားလုံး မေးကြည့် တစ်သံတည်းပဲ။ နောက် သမ္မတအကြံပေး ခန့်လိုက်တဲ့ ဒေါက်တာ ရင်ရင်နွယ်က ဦးနေ၀င်းရဲ့ချွေးမအရင်း။ ဖြိုးေ၀၀င်းရဲ့မိန်းမ။ ကျွန်တော်တို့ ခေတ်တုန်းက ရင်ရင်နွယ်ဟေ့ ဆိုရင်ဖျားပဲ။ ဘာကြောင့်ဆိုတော့ ရင်ရင်နွယ်က ဟော့ရှော့။ ဖြိုးေ၀၀င်းကလည်း ဟော့ရှော့။ အဲဒီမှာ ဖြိုးေ၀၀င်း ရှလန်ဘာဂျာ ကုမ္ပဏီမှာ အဲဒီခေတ်ကတည်းက ဒေါ်လာ ငါးထောင်လောက်စား၊ ရေနံကုမ္ပဏီမှာ။ ရင်ရင်နွယ်က Geology က Lecturer ။ ကွဲတော့ ကွဲသွားတာပေါ့ဗျာ။ ဒါပေမဲ့ ရင်ရင်နွယ်က ဦးနေ၀င်းရဲ့ ချွေးမတော်ပါသေး တယ်။ နောက်ပြီးတော့ နုနုသာ၊ (ဦး) စိုးသာရဲ့ ညီမအရင်း။ အောင်မင်းရဲ့ မရီးလား၊ ခယ်မလားမသိဘူး။ အဲဒါ ကလည်း ကျန်းမာရေးဌာနမှာ၊ ရှားလားဗျာလူ။ နောက်မြင့်မောင်က ဦးသန်းရွှေရဲ့ တကယ့်လူရင်းတပည့်။ မြင့်မောင်က အခု သာသနာရေးမှာ ခေါင်းဆောင်၊ အကြံပေးခေါင်းဆောင်။ အဲဒီအဆင်ကြီး ကြည့်ကတည်းက အကြံပေးက ဘယ်ဟုတ်တော့မလဲဗျာ။ သူတို့ လက်တံတွေက ဆက်လက်ပြီးတော့ ရှည်တုန်း။ မဟုတ်က ဟုတ်ကတွေ အကုန်လျှောက်လုပ်မယ်””ဟု ယခင် စာနယ်ဇင်း ကောင်စီဝင်ဟောင်း တစ်ဦးက ပြောသည်။

အလားတူ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကလည်း ““သမ္မတရဲ့ အကြံပေးအဖွဲ့ဆိုတာ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၂၃ အရ သမ္မတက ဖွဲ့စည်းတာပါ။ သမ္မတကို အကြံဉာဏ် ပေးနိုင်ဖို့ ဖွဲ့တာပါ။ သမ္မတနဲ့ နီးစပ်တဲ့သူတွေချည်း စုဖွဲ့တာမျိုးဆိုရင် နိုင်ငံနဲ့ ပြည်သူအတွက် မကောင်းနိုင်ပါဘူး””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ထို့ပြင် လက်ရှိတွင် ငွေအလွဲသုံးစားမှုစွပ်စွဲချက်ဖြင့် တာဝန်မှရပ်စဲခံရသည့် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်နေရာတွင် သာသနာရေးဒုဝန်ကြီး ဦးစိုးဝင်းအား ခန့်အပ်သည့်အပေါ်၌ ဝေဖန်မှုများ ဖြစ်ပေါ် လျက် ရှိသည်။

ဦးစိုးဝင်းမှာ ယခင်ကပြန်ကြားရေးဝန်ကြီးဌာန ဦးဆောင် ညွှန်ကြားရေးမှူး လုပ်ကိုင်ခဲ့စဉ်က ငွေသိန်းထောင် ချီ ကွာဟမှုကြောင့် အမှုရင်ဆိုင် နေရသူဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက မီဒီယာ များသို့ တရားဝင် ပြောကြားခဲ့သည်။

ထို့ပြင်ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်မှာ မိမိသဘောဖြင့် နုတ်ထွက်သွားချိန်၌ ဗိုလ်ချုပ်အဆင့် ရာထူးရှိသူ တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးအား တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ပြည်ထောင်စု အစိုးရအဖွဲ့မှ စီစဉ်နေသည် ဆိုသည့်သတင်းများလည်း ထွက်ပေါ်လျက်ရှိကာ ရခိုင်အမျိုးသားပါတီက ပြည် နယ် ၀န်ကြီးချုပ်မှာ ရခိုင်တိုင်းရင်းသားသာ ဖြစ်သင့်ကြောင်းနှင့် လွှတ်တော် ကိုယ်စားလှယ်သာ ဖြစ်သင့်ကြောင်း ဇွန်လ ၂၃ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။

မြန်မာသံတော်ဆင့်သတင်းဌာန 

No comments:

Post a Comment