Thursday 26 June 2014

ဟိန္ဒားသတ္တုတွင်းစီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံများက တရားစွဲဆိုထားသော် လည်း သက်ဆိုင်ရာဌာနနှင့် ကုမ္ပဏီ၏ ရုံးချိန်း ပျက်ကွက်မှု ကြောင့် ယခုအချိန် အထိ ထူးခြားမှုမရှိသေးဟုဆို

ရန်ကုန်၊ ဇွန် ၂၅- ဟိန္ဒားခဲမဖြူတူး ဖော်ရေးသတ္တုတွင်းစီမံကိန်းနှင့်ပတ် သက်ပြီး တနင်္သာရီတိုင်းဒေသကြီး မြောင်ပြိုကျေးရွာဒေ သခံများ က တ ရားစွဲဆိုထား သော် လည်း သက်ဆိုင် ရာဌာနနှင့် ကုမ္ပဏီတို့ ရုံးချိန်းပျက် ကွက်မှုကြောင့် ယခုအချိန်အထိ ထူး ခြားမှုမရှိသေးကြောင်း အဆိုပါဒေသခံ တချို့ထံမှ သိရသည်။
အဆိုပါစီမံကိန်းမှာ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာ မြို့နယ် တွင် တည်ရှိပြီး၊ ယင်းဒေသ ခံများအနေဖြင့် အဆိုပါ စီမံကိန်း ကြောင့် ပျက်စီး ဆုံးရှုံးမှုများအတွက် တနင်္သာရီတိုင်းဒေသကြီးရှိ အမှတ် (၂)သတ္တုတွင်းဦးစီးဌာန၊ သတ္တုတွင်း လုပ်ငန်းနှင့် Myanmar Pongpipat Company Ltd.(MPCL) တို့ ကို တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။ 

မြောင်ပြိုကျေးရွာ အုပ်ချုပ်ရေး မှူးဦးသန်းဝင်းက ''သူတို့ဘက်က ရုံး ချိန်းပျက်ကွက်တော့ ဘာမှမညှိနှိုင်း ရသေးဘူး။ နောက်ရုံး ချိန်းမှာစောင့် ကြည့်ရမှာပဲ''ဟုပြောသည်။

အဆိုပါစီမံကိန်းကြောင့် ထိ ခိုက်ပျက်စီးမှု အများဆုံးခံစားရ သော မြောင်ပြိုကျေးရွာနှင့် အနီး ဝန်းကျင်ရှိ မြစ်ချောင်းများ တိမ် ကောခြင်း ၊ ရေတွင်းရေကန်ပျက်စီး ခြင်းနှင့် စိုက်ခင်းများ၊ လယ်ယာမြေ များ ပျက်စီးခြင်းတို့အပြင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးထိခိုက်မှု များရှိနေကာ ယင်းမြောင်ပြိုကျေးရွာ တွင် အိမ်ခြေပေါင်း ၁၅ဝခန့်ရှိပြီး လယ်ယာစိုက်ပျိုးခြင်း၊ ခြံစိုက်ပျိုးခြင်း နှင့် တစ်နိုင်တစ်ပိုင်ခဲကျင်ခြင်းလုပ် ငန်းများကို လုပ်ကိုင်ကြကြောင်း သိရသည်။

''ကျွန်တော်တို့ဘက်ကတောင်း ဆိုတာက ပျက်စီးမှုအားလုံးအတွက် ငွေကျပ်သိန်း ၃၀၀ဝပါ။ သူတို့ဘက် က ဘာမှမပြောသေးဘူး''ဟု မြောင် ပြိုကျေးရွာဒေသခံတစ်ဦးကလည်း ဆိုသည်။
ယင်းတရားစွဲဆိုခြင်းအတွက် ပထမအကြိမ်ရုံးချိန်းကို ပြီးခဲ့သည့် မေလအတွင်းနှင့် ဒုတိယအကြိမ်ကို ယခုလအတွင်းခေါ်ယူခဲ့ခြင်းဖြစ်ကာ တတိယအကြိမ်ကို လာမည့် ဇူလိုင် ၂ရက်တွင် ခေါ်ယူထားကြောင်း သိ ရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အမှတ်(၂)သတ္တုတွင်းဦးစီးဌာန၊ ဟိန္ဒား စီမံကိန်းမန်နေဂျာ ဦးဌေးအောင်က ''ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးစီးဌာနက တိုက်ရိုက်ကိုင်တာပါ။ ကျွန်တော် ညွှန်ကြားချက်အတိုင်းပဲ လုပ်ရတာ ပါ''ဟု ပြောကြားခဲ့သည်။

ယင်းသတ္တုတွင်းစီမံကိန်းမှာ တနင်္သာရီတိုင်းဒေသကြီးတွင် လုပ် ဆောင်နေသောစီမံကိန်းများအနက် အကြီးဆုံးစီမံကိန်းတစ်ခုဖြစ်ကာ ယခုတရားရင်ဆိုင်မှုသည် မြန်မာ နိုင်ငံသို့လာရောက်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများအတွက်ပါ နိုင်ငံတကာ စံနှုန်းများ၊ ကျင့်ဝတ်များကိုလိုက်နာ ကြရန်အတွက် သတိပေးချက်တစ်ခု ဖြစ်သွားနိုင်ကြောင်းလည်း ပတ်ဝန်း ထိန်းသိမ်းရေးပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

Yangon Media Group 

No comments:

Post a Comment