Thursday 26 June 2014

ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ မေးမြန်းစုံစမ်း လျှောက်ထားသူ များပြား

Photo: ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ မေးမြန်းစုံစမ်း လျှောက်ထားသူ များပြား
Thursday, June 26, 2014

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာစီမံကိန်းတွင် တိုက် ၂၄ လုံး၊အခန်း ၅၇၆ ခန်း တည်ဆောက်ပြီးစီး ပြီဖြစ်၍ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတွင် လျှောက်ထားနိုင် ရန် အသိပေးအကြောင်းကြားစာ ကပ်ထားရာ လာရောက်မေးမြန်းစုံစမ်း လျှောက်ထားသူများဖြင့် စည်ကား လျက်ရှိသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာ လျှောက်ထားသူသည် နိုင်ငံ့ဝန်ထမ်း ဖြစ်လျှင်၊ ပုံမှန်ဝင်ငွေရှိ ပြည်သူဖြစ် လျှင်၊ အငြိမ်းစားဝန်ထမ်းဖြစ်လျှင်၊ အသင်းအဖွဲ့ဝင်ဖြစ်လျှင်၊ ကုမ္ပဏီ ဝန်ထမ်းဖြစ်လျှင်၊ သက်ဆိုင်ရာအကြီး အကဲလက်မှတ်နှင့်အတူ နိုင်ငံသား စိစစ်ရေးကတ်မိတ္တူ၊ ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းကတ်မိတ္တူ၊ အငြိမ်းစားလစာ ထုတ်ယူခွင့်မိတ္တူ၊ အသင်း၊ အဖွဲ့ဝင်၊ ကုမ္ပဏီကတ် မိတ္တူတို့နှင့်အတူ လိပ်စာ အပြည့်အစုံဖြင့် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

ရွှေလင်ပန်းချောင်းအနီးရှိ ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာ တစ်ခန်း လျှင် ၄၆၈ စတုရန်းပေစီရှိသော ခြောက်ခန်းတွဲ လေးထပ် Sအနနူ Steel Structure Hall Type ၁၈ လုံး၊ ခြောက်ခန်းတွဲလေးထပ် (RCC Structure) Hall Type ခြောက်လုံး တည်ဆောက်ထားခြင်း ဖြစ်သည်။

တိုက်ခန်းများကို အရစ်ကျငွေပေးချေစနစ်နှင့် ဘဏ်ချေးငွေဖြင့် ဝယ်ယူသည့်စနစ်တို့ဖြင့် ဝယ်ယူနိုင်ပြီး ရောင်းချမည့် ဈေးနှုန်းများကိုလည်း သတ်မှတ်ထားကြောင်း သိရသည်။ ခြောက်ခန်းတွဲလေးထပ် (Steel Structure) တွင် မြေညီထပ်ကို ငွေကျပ်သိန်း ၁၂၀၊ ပထမထပ်အတွက် ငွေကျပ် ၁၁၅ သိန်း၊ ဒုတိယထပ် အတွက် ငွေကျပ် ၁၁၃ သိန်းနှင့် တတိယထပ်အတွက် ငွေကျပ် သိန်း ၁၁၀ ဖြင့်လည်းကောင်း၊ ခြောက်ခန်းတွဲ လေးထပ် (RCC Structure) တွင် မြေညီထပ် ငွေကျပ် ၁၂၅ သိန်း၊ ပထမ ထပ်အတွက် ၁၂၂ သိန်း၊ ဒုတိယထပ်အတွက် ၁၁၉ သိန်းနှင့် တတိယထပ်အတွက် ငွေကျပ် ၁၁၆ သိန်း သတ်မှတ်ထားသည်။

လျှောက်ထားသူသည် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်၍ အသက် ၂၅ နှစ်ထက် မငယ်သူဖြစ်ရမည်။ လစဉ်မိသားစုဝင်ငွေ စုစုပေါင်းသည် အနည်းဆုံးငွေကျပ် သုံးသိန်း ရှိရမည်ဖြစ်ပြီး ခုနစ်သိန်းကျပ်ထက် မကျော်လွန်သော ဝင်ငွေရှိ မိသားစုဖြစ်ရမည်။ စည်းကမ်းချက်အသေးစိတ်ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် စုံစမ်းနိုင်ပါကြောင်း၊ လျှောက်ထားသူသည် ကြော်ငြာသင်ပုန်းတွင် ကပ်ထားသည့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ၊ တိုက်ခန်းလျှောက်လွှာပုံစံကို မိမိအစီအစဉ်ဖြင့်ဆောင်ရွက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဇူလိုင် ၃၁ ရက် နောက် ဆုံးထား၍ စာတိုက်မှတစ်ဆင့်မှတ်ပုံတင် ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း၊ တိုက်ခန်းများနေရာချ ထားမှုကို မဲစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး မဲနှိုက်မည့်အစီအစဉ်ကိုထပ်မံ ကြေညာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဟူ၍ အသိပေးကြေညာထားသည်။

တန်ဖိုးနည်းအိမ်ရာကို နည်း လမ်းနှစ်သွယ်ဖြင့်ဝယ်ယူနိုင်ပြီး ပထမ တစ်နည်းသည် တိုက်ခန်းတန်ဖိုးကို အရစ်ကျစနစ် လေးလအတွင်း လေးရစ်ဖြင့်လည်းကောင်း၊ ဒုတိယနည်း သည် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို ဆက်သွယ်ဆောင်ရွက်၍ ဘဏ်ချေးငွေကို လေးနှစ်သတ်မှတ်ပြီး တိုက်ခန်းတန်ဖိုးကို လေးနှစ်အတွင်း အရစ်ကျ အကျေပေးချေသော စနစ်ဖြစ်သည်။ တိုက်ခန်း ဝယ်ယူခွင့်ရရှိသူသည် ကိုယ်တိုင် နေထိုင်ရမည်ဖြစ်ပြီး ငါးနှစ်အတွင်း ငှားရမ်းခြင်း၊ တစ်ဆင့် လွှဲပြောင်း ရောင်းချခြင်းမပြုလုပ်ရန် အခါအား လျော်စွာ စစ်ဆေးတွေ့ရှိပါက တိုက် ခန်း ပြန်လည်သိမ်းယူမည်ဖြစ်ပြီး စည်ကမ်းပျက် အမည်စာရင်းဖြစ် သော (Black List) သတ်မှတ်၍ တိုက်ခန်းလျှောက်လွှာ ထပ်မံတင်ခွင့်အား ရပ်ဆိုင်းခံရမည်ဟု အသိပေးထားသည်။

သတ်မှတ်ကာလ ငါးနှစ်ပြည့်၍ပြန်လည်ရောင်းချလိုပါက ရရှိထား သော တန်ဖိုးနည်းတိုက်ခန်းများကို အခြားပြည်သူများသို့ ပြန်လည် ရောင်းချနိုင်ရန်အတွက် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သတ် မှတ်သောတန်ဖိုးဖြင့် ဌာနသို့ပြန်လည် အပ်နှံ ရောင်းချရမည်ဖြစ်ကြောင်း၊
အရစ်ကျစနစ်လေးလအတွင်း လေး ရစ်ဖြင့် အကျေပေးသွင်းသောစနစ်ဖြင့် ဝယ်ယူပါက မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဘဏ်ချေးငွေစနစ်ဖြင့် ဝယ်ယူလိုပါက အရစ်ကျလေးနှစ်ဖြစ်သော တိုက်ခန်း တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းဖြစ်သော ဘဏ်ဝန်ဆောင်ခ တစ်ရာခိုင်နှုန်းကို လက်ငင်းပေးသွင်းခြင်း၊ ကျန် ၇၀ ရာခိုင်နှုန်းကို ပထမနှစ်အတွင်း အတိုးနှုန်း ကိုးရာခိုင်နှုန်း၊ ဒုတိယ၊တတိယ၊ စတုတ္ထနှစ်တို့တွင် အတိုးနှုန်း ငါးရာခိုင်နှုန်းစီဖြင့် ပေးသွင်းခြင်းစနစ် တို့ဖြင့် တိုက်ခန်းကိုဝယ်ယူနိုင်ပြီး ဘဏ်ချေးငွေဖြင့် တိုက်ခန်းဝယ်ယူ ခွင့်ရှိသူသည် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်နှင့် စာချုပ်ချုပ်ဆိုဆောင်ရွက် ရမည်ဖြစ်ကြောင်း အသိပေးကြေညာ ထားသည်။

MOI Webportal Myanmar
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာစီမံကိန်းတွင် တိုက် ၂၄ လုံး၊ အခန်း ၅၇၆ ခန်း တည်ဆောက်ပြီးစီး ပြီဖြစ်၍ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတွင် လျှောက် ထားနိုင်ရန် အသိပေးအကြောင်းကြားစာ ကပ်ထားရာ လာရောက်မေးမြန်းစုံစမ်း လျှောက်ထားသူများဖြင့် စည်ကား လျက်ရှိသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာ လျှောက်ထားသူသည် နိုင်ငံ့ဝန်ထမ်း ဖြစ်လျှင်၊ ပုံမှန်ဝင်ငွေရှိ ပြည်သူဖြစ် လျှင်၊ အငြိမ်းစားဝန်ထမ်းဖြစ်လျှင်၊ အသင်းအဖွဲ့ဝင်ဖြစ်လျှင်၊ ကုမ္ပဏီ ဝန်ထမ်းဖြစ်လျှင်၊ သက်ဆိုင်ရာအကြီး အကဲလက်မှတ်နှင့်အတူ နိုင်ငံသား စိစစ်ရေးကတ်မိတ္တူ၊ ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းကတ်မိတ္တူ၊ အငြိမ်းစား လစာ ထုတ်ယူခွင့်မိတ္တူ၊ အသင်း၊ အဖွဲ့ဝင်၊ ကုမ္ပဏီကတ် မိတ္တူတို့နှင့်အတူ လိပ်စာ အပြည့်အစုံဖြင့် လျှောက် ထား ရမည် ဖြစ်ကြောင်း သိရသည်။

ရွှေလင်ပန်းချောင်းအနီးရှိ ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာ တစ်ခန်း လျှင် ၄၆၈ စတုရန်းပေစီရှိသော ခြောက် ခန်းတွဲ လေးထပ် Sအနနူ Steel Structure Hall Type ၁၈ လုံး၊ ခြောက်ခန်းတွဲလေးထပ် (RCC Structure) Hall Type ခြောက်လုံး တည်ဆောက်ထားခြင်း ဖြစ်သည်။

တိုက်ခန်းများကို အရစ်ကျငွေပေးချေစနစ်နှင့် ဘဏ်ချေးငွေဖြင့် ဝယ်ယူသည့်စနစ်တို့ဖြင့် ဝယ်ယူနိုင်ပြီး ရောင်းချမည့် ဈေးနှုန်းများကိုလည်း သတ်မှတ်ထားကြောင်း သိရသည်။ ခြောက်ခန်းတွဲလေးထပ် (Steel Structure) တွင် မြေညီထပ်ကို ငွေကျပ်သိန်း ၁၂၀၊ ပထမထပ်အတွက် ငွေကျပ် ၁၁၅ သိန်း၊ ဒုတိယထပ် အတွက် ငွေကျပ် ၁၁၃ သိန်းနှင့် တတိယထပ်အတွက် ငွေကျပ် သိန်း ၁၁၀ ဖြင့်လည်းကောင်း၊ ခြောက်ခန်းတွဲ လေးထပ် (RCC Structure) တွင် မြေညီထပ် ငွေကျပ် ၁၂၅ သိန်း၊ ပထမ ထပ်အတွက် ၁၂၂ သိန်း၊ ဒုတိယထပ်အတွက် ၁၁၉ သိန်းနှင့် တတိယထပ်အတွက် ငွေကျပ် ၁၁၆ သိန်း သတ်မှတ်ထားသည်။

လျှောက်ထားသူသည် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်၍ အသက် ၂၅ နှစ်ထက် မငယ်သူဖြစ်ရမည်။ လစဉ်မိသားစုဝင်ငွေ စုစုပေါင်းသည် အနည်းဆုံးငွေကျပ် သုံးသိန်း ရှိရမည်ဖြစ်ပြီး ခုနစ်သိန်းကျပ်ထက် မကျော်လွန်သော ဝင်ငွေရှိ မိသားစုဖြစ်ရမည်။ စည်းကမ်းချက်အသေးစိတ်ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် စုံစမ်းနိုင်ပါကြောင်း၊ လျှောက်ထားသူသည် ကြော်ငြာသင်ပုန်းတွင် ကပ်ထားသည့် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ၊ တိုက်ခန်းလျှောက်လွှာပုံစံကို မိမိအစီအစဉ်ဖြင့်ဆောင်ရွက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဇူလိုင် ၃၁ ရက် နောက် ဆုံးထား၍ စာတိုက်မှတစ်ဆင့်မှတ်ပုံတင် ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း၊ တိုက်ခန်းများနေရာချ ထားမှုကို မဲစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး မဲနှိုက်မည့်အစီအစဉ်ကိုထပ်မံ ကြေညာမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဟူ၍ အသိပေးကြေညာထားသည်။

တန်ဖိုးနည်းအိမ်ရာကို နည်း လမ်းနှစ်သွယ်ဖြင့်ဝယ်ယူနိုင်ပြီး ပထမ တစ်နည်းသည် တိုက်ခန်းတန်ဖိုးကို အရစ်ကျစနစ် လေးလအတွင်း လေးရစ်ဖြင့်လည်းကောင်း၊ ဒုတိယနည်း သည် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို ဆက်သွယ်ဆောင်ရွက်၍ ဘဏ်ချေးငွေကို လေးနှစ်သတ်မှတ်ပြီး တိုက်ခန်းတန်ဖိုးကို လေးနှစ်အတွင်း အရစ်ကျ အကျေပေးချေသော စနစ်ဖြစ်သည်။ တိုက်ခန်း ဝယ်ယူခွင့်ရရှိသူသည် ကိုယ်တိုင် နေထိုင်ရမည်ဖြစ်ပြီး ငါးနှစ်အတွင်း ငှားရမ်းခြင်း၊ တစ်ဆင့် လွှဲပြောင်း ရောင်းချခြင်းမပြုလုပ်ရန် အခါအား လျော်စွာ စစ်ဆေးတွေ့ရှိပါက တိုက် ခန်း ပြန်လည်သိမ်းယူမည်ဖြစ်ပြီး စည်ကမ်းပျက် အမည်စာရင်းဖြစ် သော (Black List) သတ်မှတ်၍ တိုက်ခန်းလျှောက်လွှာ ထပ်မံတင်ခွင့်အား ရပ်ဆိုင်းခံရမည်ဟု အသိပေးထားသည်။

သတ်မှတ်ကာလ ငါးနှစ်ပြည့်၍ပြန်လည်ရောင်းချလိုပါက ရရှိထားသော တန်ဖိုးနည်းတိုက်ခန်းများကို အခြားပြည်သူ များသို့ ပြန်လည် ရောင်းချနိုင်ရန်အတွက် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သတ် မှတ်သောတန်ဖိုးဖြင့် ဌာနသို့ပြန်လည် အပ်နှံ ရောင်းချရမည်ဖြစ်ကြောင်း၊ 

အရစ်ကျစနစ်လေးလအတွင်း လေး ရစ်ဖြင့် အကျေပေးသွင်းသောစနစ်ဖြင့် ဝယ်ယူပါက မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဘဏ်ချေးငွေစနစ်ဖြင့် ဝယ်ယူလိုပါက အရစ်ကျလေးနှစ်ဖြစ်သော တိုက်ခန်း တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းဖြစ်သော ဘဏ်ဝန်ဆောင်ခ တစ်ရာခိုင်နှုန်း ကို လက်ငင်းပေးသွင်းခြင်း၊ ကျန် ၇၀ ရာခိုင်နှုန်းကို ပထမနှစ်အတွင်း အတိုးနှုန်း ကိုးရာခိုင်နှုန်း၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှစ်တို့တွင် အတိုးနှုန်း ငါးရာခိုင်နှုန်းစီဖြင့် ပေးသွင်းခြင်းစနစ် တို့ဖြင့် တိုက်ခန်းကို ဝယ်ယူနိုင်ပြီး ဘဏ်ချေးငွေဖြင့် တိုက်ခန်းဝယ်ယူ ခွင့်ရှိသူသည် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်နှင့် စာချုပ်ချုပ်ဆိုဆောင်ရွက် ရမည်ဖြစ်ကြောင်း အသိပေးကြေညာ ထားသည်။

MOI Webportal Myanmar 

No comments:

Post a Comment