Thursday 26 June 2014

၁ဝဝ ကျပ်တန်နှင့် ၅ဝဝ ကျပ်တန် အထူးထုတ် စာပို့ တံဆိပ်ခေါင်း သစ်နှစ်မျိုးနှင့် တံဆိပ်ခေါင်းပါ စာအိတ်များ ရောင်းချမည်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မြန်မာ၊ တရုတ်၊ အိန္ဒိယနိုင်ငံ တို့မှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ရပ် ချမှတ်နိုင်ခဲ့သည့် နှစ်(၆ဝ)ပြည့် အထိမ်းအမှတ် အနေဖြင့် ထုတ်ဝေသည့် ၁ဝဝကျပ်တန်နှင့် ၅ဝဝကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်း သစ် နှစ်မျိုးနှင့် တံဆိပ်ခေါင်းပါ စာအိတ်များကို ဇွန် ၂၈ရက် (စနေနေ့) နံနက်၉နာရီခွဲမှ စတင်၍ တိုင်းဒေ သကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် ဆက်သွယ်ရေးစခန်း (စာတိုက်) များ၌ ရောင်းချမည် ဖြစ်သည်။


အထူး အစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့တွင် ဇွန် ၂၈ရက် ဝယ်ယူသော စာပို့ တံဆိပ် ခေါင်းများ ပေါ်၌ နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ်ပေး မည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီ 

No comments:

Post a Comment