Thursday 26 June 2014

လူသတ်ပြီး ထွက်ပြေး တိမ်းရှောင် နေသော ထိုင်းနိုင်ငံသား (၃) ဦးအား မြန်မာနိုင်ငံ မှ ပြန်လည် လွှဲပြောင်းပေး

Photo: လူသတ်ပြီး ထွက်ပြေး တိမ်းရှောင် နေသော ထိုင်းနိုင်ငံသား (၃) ဦးအား မြန်မာနိုင်ငံ မှ ပြန်လည် လွှဲပြောင်းပေး
Thursday, June 26, 2014

ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် လူသတ်ပြီး မြန်မာနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသည့် ထိုင်းနိုင်ငံ သား ပါကွေ့ယူဒရ ၂၆ နှစ် (ဘ) ဦးပွန်းထိုး၊ မွန်ထယ် ၂၈ နှစ် (ဘ) ဦးချိုင်းဝတ်နှင့် ထိုင်းနိုင်ငံသူ မနွန်းစပါး ၂ဝ နှစ် (ဘ) ဦးစိုးလန်းတို့ သုံးဦးအား ဖမ်းဆီးပေးရန် ထိုင်းနိုင်ငံရဲတပ်ဖွဲ့၏ အကူအညီ တောင်းခံမှုအရ တပ်မတော် စစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှာဖွေဆောင်ရွက်ခဲ့ရာ ဇွန် ၂ ရက်တွင် တာချီလိတ်မြို့နယ် လွယ်တော်ခမ်း ကျေးရွာအုပ်စု နာကျဲကျေးရွာ၌ အဆိုပါ တရားခံ သုံးဦးအား ဖမ်းဆီးရမိ ခဲ့သည်။

၎င်းတရားခံ သုံးဦးကို ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့ရှိ မြန်မာ- ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတား၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဦး စီးဌာန ဦးစီးမှူး ရဲမှူးကြီး စစ်စီလ် ကန်ဝတ်ကွန်း ဦးစီးအဖွဲ့ထံသို့ စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment