Thursday 26 June 2014

(၅၁) ကြိမ် မြောက် မြန် မာ့ ကျောက် မျက် ရ တ နာ ပြပွဲ ဒု တိ ယ နေ့ ဆက် လက် ကျင်းပ၊ ပုလဲအတွဲ များအား စတင် ရောင်းချ

Photo: (၅၁) ကြိမ် မြောက် မြန် မာ့ ကျောက် မျက် ရ တ နာ ပြပွဲ ဒု တိ ယ နေ့ ဆက် လက် ကျင်းပ၊ ပုလဲအတွဲ များအား စတင် ရောင်းချ
Thursday, June 26, 2014

မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဗဟို ကော်မတီက ကြီးမှူး ကျင်းပသည့် (၅၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့ နံနက် ၈နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ဆက်လက်ကျင်းပပြီး ပုလဲတင်ဒါ အမှတ်(၁)အနေဖြင့် ပုလဲအတွဲပေါင်း (၁ဝ၄)တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စတင်ရောင်းချပေးခဲ့သည်။

ပုလဲအတွဲ တင်ဒါအမှတ်(၂) နှင့် အမှတ်(၃) တို့ကို ဇွန် ၂၆ ရက်တွင် ကျောက်မျက် ရတနာပြတိုက် ရတနာဈေး အထပ်တွင် ဆက်လက် ရောင်းချ ပေးသွားမည်ဖြစ်ပြီး ပုလဲ အတွဲပေါင်း ၃ဝ တွဲကို ဇွန် ၂၇ရက်တွင် ဈေးပြိုင် စနစ်ဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲ ဒုတိယနေ့တွင် နံနက် ၈နာရီမှစ၍ ပြည်တွင်း ပြည်ပမှ ရတနာ ကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမနှင့် သတ်မှတ် နေရာများ၌ ဧရိယာ အလိုက် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်း အတွဲများ၊ ကျောက်မျက် အတွဲများ၊ ကျောက်စိမ်းနှင့် ကျောက်မျက် အချောထည်များအား မိမိတို့ စိတ်ကြိုက် လှည့်လည် ကြည့်ရှု လေ့လာ မှတ်သားကြရာ ပြပွဲဗဟို အတွင်းရေးမှူးနှင့် တာဝန် ရှိသူများက လိုအပ်သည်များကို လိုက်လံကြီးကြပ် ဆောင်ရွက် ပေးကြသည်။

ကျောက်စိမ်း အတွဲပေါင်း ၇၁၆ဝတွဲကို ဇွန် ၂၈ရက်မှ ဇူလိုင် ၃ရက်အထိ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ကျောက်စိမ်း အတွဲပေါင်း ၂၉၄ တွဲကို ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ ဈေးပြိုင်စနစ်ဖြင့် လည်းကောင်း၊ ဇွန် ၂၇ ရက်တွင် ကျောက်မျက် အတွဲပေါင်း ၂၇၁ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့်လည်းကောင်း၊ ကျောက်မျက် အတွဲပေါင်း ၁၆၅ တွဲကို ဈေးပြိုင်စနစ်ဖြင့် လည်းကောင်း ရောင်းချ သွားမည်ဖြစ်သည်။

(၅၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ကျောက်စိမ်း အရိုင်းတုံးများ၊ သွေးပြီး ကျောက်စိမ်း အချောထည်များ၊ ကျောက်မျက် အရိုင်းများ၊ သွေးပြီး ကျောက်မျက် အချောထည်များ၊ ပုလဲများ၊ ကျောက် စိမ်း ကျောက်မျက် ပုလဲတို့ဖြင့် ပြုလုပ်ထားသော လက်ဝတ် ရတနာများ၊ ကျောက်စိမ်းနှင့် ဆင်တူသော ကျောက်များ၊ အင်ကြင်းကျောက် အရိုင်းနှင့် အချောထည်များ၊ ရုပ်တုရုပ်ထွင်းများ၊ ပုံဆောင်ခဲ များ၊ ကျောက်ကပ် ပန်းချီကားများ၊ ရွှေထည်များ၊ ငွေထည်ပစ္စည်းများကို ရောင်းချ လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မဏိရတနာ ကျောက်စိမ်းခန်းမနှင့် သတ်မှတ် နေရာများ၌ ဧရိယာအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက် စိမ်းနှင့် ကျောက်မျက် အချောထည်များအား မိမိတို့ စိတ်ကြိုက် လှည့်လည်ကြည့်ရှု လေ့လာမှတ်သားကြသည့် ပြည်တွင်းပြည်ပမှ ရတနာကုန်သည် များဖြင့် ကြိတ် ကြိတ်တိုး စည်ကားလျက် ရှိသကဲ့သို့ မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း၌ ဖွင့်လှစ်ရောင်းချ လျက်ရှိ သည့် လက်ဝတ်ရတနာ အရောင်းဆိုင်များ၊ ကျောက်စိမ်းနှင့် ကျောက်မျက် အချောထည်ဆိုင်များ၊ ကျောက်ကပ်ပန်းချီ ဆိုင်များနှင့် အမှတ် တရ ပစ္စည်းဆိုင်များ တွင်လည်း ဝယ်ယူအားပေးနေကြသည့် ရတနာ ကုန်သည် များနှင့် အထူး စည်ကားလျက် ရှိသည်။

(၅၁)ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာပြပွဲ တတိယနေ့ကို ဇွန် ၂၆ ရက်တွင် အဆိုပါခန်းမ၌ နံနက် ၈နာရီမှ ညနေ ၆နာရီ အထိ ဆက်လက်ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဗဟို ကော်မတီက ကြီးမှူး ကျင်းပသည့် (၅၁)ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့ နံနက် ၈နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ဆက်လက်ကျင်းပပြီး ပုလဲတင်ဒါ အမှတ်(၁)အနေဖြင့် ပုလဲအတွဲပေါင်း (၁ဝ၄)တွဲကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် စတင်ရောင်းချပေးခဲ့သည်။

ပုလဲအတွဲ တင်ဒါအမှတ်(၂) နှင့် အမှတ်(၃) တို့ကို ဇွန် ၂၆ ရက်တွင် ကျောက်မျက် ရတနာပြတိုက် ရတနာဈေး အထပ်တွင် ဆက်လက် ရောင်းချ ပေးသွားမည်ဖြစ်ပြီး ပုလဲ အတွဲပေါင်း ၃ဝ တွဲကို ဇွန် ၂၇ရက်တွင် ဈေးပြိုင် စနစ်ဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲ ဒုတိယနေ့တွင် နံနက် ၈နာရီမှစ၍ ပြည်တွင်း ပြည်ပမှ ရတနာ ကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမနှင့် သတ်မှတ် နေရာများ၌ ဧရိယာ အလိုက် ခင်းကျင်း ပြသထားသည့် ကျောက်စိမ်း အတွဲများ၊ ကျောက်မျက် အတွဲများ၊ ကျောက်စိမ်းနှင့် ကျောက်မျက် အချောထည်များအား မိမိတို့ စိတ်ကြိုက် လှည့်လည် ကြည့်ရှု လေ့လာ မှတ်သားကြရာ ပြပွဲဗဟို အတွင်းရေးမှူးနှင့် တာဝန် ရှိသူများက လိုအပ်သည်များကို လိုက်လံကြီးကြပ် ဆောင်ရွက် ပေးကြသည်။

ကျောက်စိမ်း အတွဲပေါင်း ၇၁၆ဝတွဲကို ဇွန် ၂၈ရက်မှ ဇူလိုင် ၃ရက်အထိ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ကျောက်စိမ်း အတွဲပေါင်း ၂၉၄ တွဲကို ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ ဈေးပြိုင်စနစ်ဖြင့် လည်းကောင်း၊ ဇွန် ၂၇ ရက်တွင် ကျောက်မျက် အတွဲပေါင်း ၂၇၁ တွဲကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့်လည်းကောင်း၊ ကျောက်မျက် အတွဲပေါင်း ၁၆၅ တွဲကို ဈေးပြိုင်စနစ်ဖြင့် လည်းကောင်း ရောင်းချ သွားမည်ဖြစ်သည်။

(၅၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ကျောက်စိမ်း အရိုင်းတုံးများ၊ သွေးပြီး ကျောက်စိမ်း အချောထည်များ၊ ကျောက်မျက် အရိုင်းများ၊ သွေးပြီး ကျောက်မျက် အချောထည်များ၊ ပုလဲများ၊ ကျောက် စိမ်း ကျောက်မျက် ပုလဲတို့ဖြင့် ပြုလုပ်ထားသော လက်ဝတ် ရတနာများ၊ ကျောက်စိမ်းနှင့် ဆင်တူသော ကျောက်များ၊ အင်ကြင်းကျောက် အရိုင်းနှင့် အချောထည်များ၊ ရုပ်တုရုပ်ထွင်းများ၊ ပုံဆောင်ခဲ များ၊ ကျောက်ကပ် ပန်းချီကားများ၊ ရွှေထည်များ၊ ငွေထည်ပစ္စည်းများကို ရောင်းချ လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မဏိရတနာ ကျောက်စိမ်းခန်းမနှင့် သတ်မှတ် နေရာများ၌ ဧရိယာအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက် စိမ်းနှင့် ကျောက်မျက် အချောထည်များအား မိမိတို့ စိတ်ကြိုက် လှည့်လည်ကြည့်ရှု လေ့လာမှတ်သားကြသည့် ပြည်တွင်းပြည်ပမှ ရတနာကုန်သည် များဖြင့် ကြိတ် ကြိတ်တိုး စည်ကားလျက် ရှိသကဲ့သို့ မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း၌ ဖွင့်လှစ်ရောင်းချ လျက်ရှိ သည့် လက်ဝတ်ရတနာ အရောင်းဆိုင်များ၊ ကျောက်စိမ်းနှင့် ကျောက်မျက် အချောထည်ဆိုင်များ၊ ကျောက်ကပ်ပန်းချီ ဆိုင်များနှင့် အမှတ် တရ ပစ္စည်းဆိုင်များ တွင်လည်း ဝယ်ယူအားပေးနေကြသည့် ရတနာ ကုန်သည် များနှင့် အထူး စည်ကားလျက် ရှိသည်။

(၅၁)ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာပြပွဲ တတိယနေ့ကို ဇွန် ၂၆ ရက်တွင် အဆိုပါခန်းမ၌ နံနက် ၈နာရီမှ ညနေ ၆နာရီ အထိ ဆက်လက်ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment