Thursday 26 June 2014

Samsung, LG, Motorola စမတ်နာရီများကို Google မိတ်ဆက်ပြသ

Android Wear operating system အသုံးပြုထားသော LG G Watch, Samsung Gear Live နှင့် Moto 360 စမတ်နာရီများကို Google က Google I/O တွင် မိတ်ဆက်ပြသခဲ့သည်။ LG G Watch နှင့် Samsung Gear Live ကို Google Play Store တွင် အမေရိကန်ဒေါ်လာ ၂၉၉ နှင့် ၁၉၉ ဖြင့် အသီးသီး ကြိုတင်မှာယူနိုင်ပြီ ဖြစ်သည်။ Motorola ၏ စမတ်နာရီကို ယခုနှစ်ကုန်ပိုင်းမှသာ ရောင်းချဖွယ်ရှိပြီး LG နှင့် Samsung စမတ်နာရီများကို ဇူလိုင်လ ၇ ရက်တွင် သုံးစွဲသူများထံ စတင်ရောင်းချမည် ဖြစ်သည်။

ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပခဲ့သော Google I/O developer conference တွင် Google သည် LG နှင့် Motorola တို့၏ ထုတ်ကုန်များပေါ်မှ အသံဖြင့်စေခိုင်းမှုများ၊ notification များနှင့် အခြားသော လုပ်ဆောင်ချက်များကို စမ်းသပ်ပြသခဲ့သည်။ Google ၏ အင်ဂျင်နီယာအဖွဲ့မှ ဒါရိုက်တာဖြစ်သူ ဒေးဗစ်ဆင်ဂယ်တန်က Android Wear ထုတ်ကုန်များကို လေးထောင့်နှင့် စက်ဝိုင်း screen များဖြင့် ရရှိနိုင်ပြီး ဖက်ရှင်ကျသည့် ဒီဇိုင်းများဖြင့် တွေ့မြင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ LG နှင့် Samsung တို့၏ စမတ်နာရီများတွင် စတုရန်းပုံ display များပါဝင်ပြီး Motorola တွင် လုံးဝန်းသည့် display ပါဝင်သည်။

စမတ်ဖုန်းနှင့် tablet ကွန်ပျူတာတို့၏ တိုးတက်မှုနှုန်း နှေးကွေးနေချိန်တွင် Google နှင့် အခြားသော ကုမ္ပဏီများသည် ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန် ဈေးကွက်သစ်ထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်။ ထို့အပြင် Google သည် ယခုနှစ်ကုန်ပိုင်းတွင် ကမ္ဘာတစ်ဝန်းသို့ ဝတ်ဆင်နိုင်သည့် ထုတ်ကုန် တင်ပို့ရောင်းချမှု ၁၉ သန်းကျော်ရှိလိမ့်မည်ဟု ဈေးကွက်သုတေသနအဖွဲ့ IDC က ဖော်ပြခဲ့သည်။

Android ဖုန်းများကို သုံးစွဲသူများသည် ၎င်းတို့၏ ဖုန်းများကို တစ်နေ့လျှင် ပျှမ်းမျှ ၁၂၅ ကြိမ် ကြည့်ရှုကြ ကြောင်း၊ ထို့ကြောင့် notification များ ကြည့်ရှုရာတွင် စမတ်နာရီဖြင့် လွယ်ကူလျင်မြန်စွာ ကြည့်ရှုနိုင်ပြီး ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ အပြန်အလှန်ဆက်သွယ်နိုင်မည် ဖြစ်ကြောင်း ဆင်ဂယ်တန်က ပြောကြားခဲ့သည်။

Android Wear တွင် နှလုံးခုန်နှုန်းကို စောင့်ကြည့်ပေးနိုင်သည့် feature များနှင့် လမ်းလျှောက်ခဲ့သည့် အကွာ အဝေးကို တိုင်းတာပေးနိုင်သည့် pedometer များ ပါဝင်သည်။ ထို့အပြင် display ကို အောက်ဘက်သို့ swipe လုပ်သည့်အခါ do-not-disturb setting ကို အသုံးပြုနိုင်စေပြီး အသံဖြင့် စေခိုင်းနိုင် သည့် feature များလည်း ပါဝင်ကြောင်း ဆင်ဂယ်တန်က ဆိုခဲ့သည်။

Android Wear ထုတ်ကုန်များကို Android 4.3 အသုံးပြုထားသည့် ဖုန်းများနှင့် tablet ကွန်ပျူတာများဖြင့် ချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်သည်။ Samsung သည် ယခင်က စမတ်နာရီများကို ၎င်း၏ စမတ်ဖုန်းများနှင့် tablet ကွန်ပျူတာများဖြင့်သာ ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ခဲ့သော်လည်း Gear Live စမတ်နာရီကို မကြာမီက ထွက်ရှိထားသည့် Android ထုတ်ကုန်အားလုံးနှင့် အသုံးပြုနိုင်မည် ဖြစ်သည်။

Ref: CNET
Internet Journal 

No comments:

Post a Comment