Wednesday 14 May 2014

မီးစတစ်ဖက် ရေမှုတ်တစ်ဖက်စနစ်နဲ့ KIA

Photo: မီးစတစ်ဖက် ရေမှုတ်တစ်ဖက်စနစ်နဲ့ KIA
Wednesday, May 14, 2014

ကျွန်တော်က တပ်မတော်သား တစ်ယောက်ပါ။ ဒီကနေ့ လူကြီးတွေလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေကို ကျွန်တော် နှစ်သက်သဘောကျပါတယ်။ အပစ် အခတ် ရပ်စဲရေးတွေ လုပ်တော့မယ်ဆိုတဲ့ သတင်းကြောင့် လည်း ပိုပြီး ၀မ်းသာမိပါတယ်။ ကျွန်တော်တို့ ပင်ပင် ပန်းပန်းနဲ့ စစ်တိုက်စရာမလိုတော့တဲ့အတွက် စိတ်အေး လက်အေးနဲ့ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေ ကျွန်တော်တို့ လုပ်နိုင် တော့မှာပါ။ ဒါကြောင့်ကြိုဆိုမိပါတယ်။ ကျွန်တော် တို့ စစ်တိုက်နေရတဲ့ နယ်မြေဒေသက ကချင်ပြည်နယ် ဖြစ်လို့ KIA နဲ့ ငြိမ်းချမ်းရေးရမယ် ဆိုရင် ဒေသခံပြည်သူတွေလည်း ဒုက္ခသည်စခန်းတွေမှာ ဆင်းဆင်းရဲရဲ နေရ တော့မှာမဟုတ်လို့ လူသာဓုခေါ် နတ်သာဓုခေါ်ကြမယ့်ကိစ္စပါ။

ကျွန်တော်က ကချင်ပြည်နယ်မှာ အနေကြာတော့ KIA အဖွဲ့အကြောင်း ကောင်းကောင်းသိနေပါတယ်။ KIA ဆိုတာ ကချင်လွတ်မြောက်ရေးတပ်မတော်လို့ ခေါ်ပေမယ့် ကချင်လူမျိုးတစ်ခုလုံးကို ကိုယ်စားပြုတာမဟုတ်ပါဘူး။ ကချင် ပြည်နယ်တစ်ခုလုံးကိုလည်း ကိုယ်စားပြုထားတဲ့အဖွဲ့မဟုတ်ပါဘူး။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ဦးဇခုန် တိန့်ယိန်းတို့ ဦးလဂျွန်ငန်ဆိုင်းတို့ ဒေါက်တာတူးဂျာတို့ဆိုတာတွေလဲ ကချင်လူမျိုးတွေပါပဲ။ သူတို့လဲ သူတို့အဖွဲ့ အစည်းကို ခေါင်းဆောင်နေကြတာပါပဲ။ နယ်ခြားစောင့်တပ်ဖွဲ့ကို ယုံကြည်လက်ခံပြီး ကချင်ပြည်နယ်အတွက် အလုပ် လုပ်နေသူတွေ၊ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ကာ ပြည်နယ်ကောင်းကျိုးလုပ်နေသူနဲ့ လက်ရှိပြည်နယ် အစိုးရမှာ ၀န်ကြီးချုပ်လုပ်နေသူတွေဟာ ကချင်လူမျိုးကောင်းကျိုးလုပ်ဆောင်နေသူတွေပါ။ သူတို့ကမှ ကချင်ပြည်နယ်၊ ကချင် လူမျိုးကို ကိုယ်စားပြုနေသူတွေဖြစ်တယ်လို့ ပြောလို့ရပါတယ်။
KIA ဆိုတာ လက်နက်ကိုင်ဆောင်ပြီး လူသတ်၊ မိုင်းထောင်၊ သစ်တွေ၊ ကျောက်မျက်တွေခိုးထုတ်နေတဲ့ ကိုယ်ကျိုး ရှာလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုပါ။ ကချင်ပြည်နယ်ကောင်းကျိုးအတွက် လုပ်ဆောင်တာ မယ်မယ်ရရ မပြနိုင် ပေမယ့် ကားလမ်းတွေ၊ ရထားလမ်းတွေ မိုင်းခွဲဖျက်ဆီးခဲ့တဲ့ အဖျက်လုပ်ရပ်တွေက အများပြည်သူတွေ မြင်တွေ့ နိုင်တဲ့ အရာတွေပါပဲ။ အဲဒီလောက်ဆိုးသွမ်းလှတဲ့ အဖွဲ့အစည်းက အစိုးရနဲ့ငြိမ်းချမ်းရေးလုပ်နေပြီဆိုတော့ တကယ့်ကို ၀မ်းသာမိပါတယ်။ ဒါပေမယ့်စိတ်ထဲမှာ KIA ဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်ယူမှ ယူပါ့မလားဆိုတဲ့အတွေးကတော့ ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနေတာ ဒီမိုကရေစီအစိုးရတက်ခါ စထဲက ဆိုတော့ အခုဆိုရင် (၃)နှစ်တောင်ကျော်လာခဲ့ပြီ။ အကောင်အထည်က မပေါ်သေးပဲဖြစ်နေပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ဘယ်လိုပဲဆုံးဖြတ်ချက်တွေ၊ သဘောတူညီမှုတွေချမှတ်ပေမယ့် KIA ကတော့ ကျွန်တော်တို့ စစ်တပ်တွေကို အမှည့်ချွေနေဆဲပါပဲ။ လူမသိ သူမသိအဖြစ်မျိုးနဲ့ ကျွန်တော်တို့စစ်သားတွေ အမှည့်ချွေ ခံနေရပါတယ်။ ဒါကို ပြည်သူလူထုအမှန်အတိုင်းသိစေချင်လို့ ဒီဆောင်းပါးကို ရေးလိုက်တာပါ။ ပြောချင်တာက ဒီလိုပါ။ အဖြစ်မှန်ကိုပြောပြမှာပါ။

ကျွန်တော်တို့တပ်မတော်သားတွေက နိုင်ငံတော်သမ္မတကြီးရဲ့ အမိန့်အတိုင်းတိတိကျကျ လိုက်နာပါတယ်။ KIA တပ်တွေကို ကျွန်တော်တို့သွားပြီးမတိုက်ပါဘူး။ ကိုယ့်စခန်းမှာပဲကိုယ်နေပါတယ်။ စပြီးပစ်ခတ် တိုက်ခိုက်တာက KIA တပ်တွေပါ။ ကျွန်တော်တို့စခန်းငယ်လေးတွေကို အစုလိုက်အပြုံလိုက်လာပြီးတိုက်ပါတယ်။ လမ်းကြောင်းတွေမှာလဲ မိုင်းထောင်တယ်။ ချောင်းမြောင်းပြီးလဲပစ်ခတ်ပါတယ်။ အဲလိုနဲ့ တပ်မတော်သားတွေ မသေ သင့်ဘဲ၊(တစ်နည်းပြောရရင် KIA အပေါ်ယုံကြည်မိတဲ့အမှားကြောင့်) သေဆုံးခဲ့ကြရပါတယ်။ ဒါတွေကို ပြည်သူတွေ မသိကြပါဘူး။

KIA အဖွဲ့ဟာ သူတို့က ကျွန်တော်တို့တပ်တွေကို စတင်တိုက်ခိုက်တယ်။ တိုက်ခိုက်တာနဲ့တစ်ပြိုင်ထဲမှာပဲ သူတို့ရဲ့ ၀ါဒဖြန့်မီဒီယာတွေက “ အစိုးရတပ်တွေက အင်အားအများအပြားနဲ့ သူတို့ KIA စခန်းတွေကို လာတိုက်လို့ တိုက်ပွဲတွေဖြစ်ရတာပါလို့ ” ၀ါဒဖြန့်ပါတယ်။ ဒီကြားထဲမှာပိုပြီးယုံကြည်အောင် ဘယ်တပ်က ဘယ်သူက၊ ဘယ်ရွာမှာ ရှိတဲ့ အမျိုးသမီးဘယ်နှစ်ယောက်ကို ဘယ်လိုမုဒိန်းကျင့်သွားခဲ့တယ်။ ဘယ်ရွာတွေကိုမီးရှို့သွားခဲ့တယ်ဆိုတဲ့ မမှန် သတင်းတွေကို လွှင့်ထုတ်ပါတယ်။

ကြမ်းပိုးကိုလိပ်ဖြစ်အောင်ပြောဆိုပြီး ပြည်သူလူထုသနားအောင် လုပ်ပါတယ်။ ဒါကို မသိနားမလည်တဲ့ သူတွေက ယုံကြည်ပြီး တပ်မတော်ကပဲ ဥပဒေမရှိ လုပ်ချင်တိုင်းလုပ်လို့ရတဲ့အဖွဲ့အစည်းလို့ ထင်မြင်သွားပြီး မီဒီယာတွေမှာ ရေးချင်သလိုရေး၊ ပြောချင်သလိုပြောနေကြပါတယ်။ ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ် အောက်မှာ တပ်မတော်ကိုကျတော့ စစ်တပ်လို့ရေးပြီး လက်နက်ကိုင်ပြီးသောင်းကျန်းနေတဲ့ အဖွဲ့ကျတော့ KIA တပ်မတော်လို့ သုံးနှုန်းနေတဲ့အထိပါပဲ။
အခုဆိုရင် အဖြစ်မှန်တွေကိုသိဖို့ သဘောပေါက်ဖို့သင့်ပါပြီ။ ဒါတွေဟာ တကယ့်အဖြစ်မှန်တွေပါ။ KIA အဖွဲ့ဟာ ငြိမ်းချမ်းရေးကို ဘယ်တော့မှယူမှာမဟုတ်ပါဘူး။ မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေကို တစ်ခုပြီးတစ်ခုတောင်းဆိုရင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနိဂုံးချုပ်ပါလိမ့်မယ်။

တကယ့်စိတ်ရင်းသဘောထားအမှန်ထားရှိတဲ့အဖွဲ့တွေက စစ်မှန်တဲ့ ငြိမ်းချမ်းရေးရနေပါပြီ။ ကရင်ပြည်နယ်မှာဆိုရင် တိုက်ပွဲတွေ လုံးဝမဖြစ်တော့ပါဘူး။ ဒါဟာ ငြိမ်းချမ်းရေးကို တကယ်ယူမယ်ဆိုတဲ့ သူတို့ခေါင်းဆောင်တွေရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကြောင့်ပါပဲ။ ကချင်လက်နက်ကိုင်အဖွဲ့မှာတော့ အဲလိုမျိုးမဟုတ်ပါဘူး။ KIA လက်နက်ကိုင်တပ်တွေကို ချုပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်ဂွမ်မော်ဆိုတာ စကားပြောရာမှာ လည်သလို၊ အကွက်မြင်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်ဖက်မှာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေသလို၊ တစ်ဖက် မှာ တိုက်ပွဲတွေဖြစ်အောင်လဲ ရန်စခိုင်းနေပါတယ်။ နောက်အခြားတစ်ဖက်မှာလည်း အမေရိကန်နိုင်ငံကိုသွားရောက်ပြီး အကူအညီတောင်းဆိုမှုတွေ လုပ်နေပါတယ်။

ပါးစပ်က ငြိမ်းချမ်းရေးလို့ပြောနေပေမယ့် တကယ့်လုပ်ရပ်ကတော့ တိုက်ပွဲတွေဖန်တီးပြီး၊ အဲဒီတိုက်ပွဲတွေရဲ့ တရားခံဟာ တပ်မတော်ပါဆိုပြီး ပြောနေပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အစိုးရဘက်က အပစ်အခတ်ရပ်စဲရေးကို အရင်လုပ်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ပြောပေမယ့် KIA ဂွမ်မော်က အပစ်အခတ်ရပ်စဲရေးကို လက်မခံခဲ့ပါဘူး။ အဖြေကတော့ ရှင်းနေပါတယ်။ ငြိမ်းချမ်းရေးကို ရအောင်လုပ်မှာမဟုတ်သလို အစိုးရတပ်တွေကိုလည်း အကြောင်း အရာ အမျိုးမျိုးပြပြီး တိုက်ခိုက်နေမှာပါ။ တကယ်လည်း တိုက်ခိုက်နေပါတယ်။ စကားပုံအတိုင်းပြောရမယ်ဆိုရင်တော့ KIA ဟာ သူခိုးကလူ….လူ…အောင်ဟစ်နေသလိုပါပဲ၊ အဖြစ်မှန်တွေကို ပြောင်းပြန်ပြောပြီး KIA အပေါ် သနား လာအောင် လုပ်ဆောင်နေပါတယ်။ တကယ်တန်းအပစ်ခံနေရတာက ကျွန်တော်တို့စစ်သားတွေပါ။ ကျွန်တော်တို့မှာ သမ္မတကြီးက လည်း စစ်တိုက်ဖို့ အခွင့်မပေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ပစ်မိန့်မပေးနဲ့ ကချင် ပြည်နယ်မှာ KIA ရဲ့ အမှည့်ချွေတာကို ခံနေရတာကတော့ ဖြစ်ရပ်မှန်ပါပဲဆိုတာ ပြည်သူတွေသိအောင် ပြောပြ ချင်ပါတယ်။

ရှေ့တန်းရောက်တပ်မတော်သားတစ်ဦး

From...Man Super
ကျွန်တော်က တပ်မတော်သား တစ်ယောက်ပါ။ ဒီကနေ့ လူကြီးတွေလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲ တွေကို ကျွန်တော် နှစ်သက်သဘောကျပါတယ်။ အပစ် အခတ် ရပ်စဲရေးတွေ လုပ်တော့မယ်ဆိုတဲ့ သတင်းကြောင့်လည်း ပိုပြီး ၀မ်းသာမိပါတယ်။ ကျွန်တော်တို့ ပင်ပင် ပန်းပန်းနဲ့ စစ်တိုက်စရာမလိုတော့တဲ့ အတွက် စိတ်အေး လက်အေးနဲ့ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေ ကျွန်တော်တို့ လုပ်နိုင် တော့မှာပါ။ ဒါကြောင့်ကြိုဆိုမိပါတယ်။ ကျွန်တော် တို့ စစ်တိုက်နေရတဲ့ နယ်မြေဒေသက ကချင်ပြည်နယ် ဖြစ်လို့ KIA နဲ့ ငြိမ်းချမ်းရေးရမယ် ဆိုရင် ဒေသခံပြည်သူတွေလည်း ဒုက္ခသည်စခန်းတွေမှာ ဆင်းဆင်းရဲရဲ နေရ တော့မှာမဟုတ်လို့ လူသာဓုခေါ် နတ်သာဓုခေါ်ကြမယ့်ကိစ္စပါ။

ကျွန်တော်က ကချင်ပြည်နယ်မှာ အနေကြာတော့ KIA အဖွဲ့အကြောင်း ကောင်းကောင်းသိနေပါတယ်။ KIA ဆိုတာ ကချင်လွတ်မြောက်ရေးတပ်မတော်လို့ ခေါ်ပေမယ့် ကချင်လူမျိုးတစ်ခုလုံးကို ကိုယ်စားပြုတာ မဟုတ်ပါဘူး။ ကချင် ပြည်နယ်တစ်ခုလုံးကိုလည်း ကိုယ်စားပြုထားတဲ့အဖွဲ့မဟုတ်ပါဘူး။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ဦးဇခုန် တိန့်ယိန်းတို့ ဦးလဂျွန်ငန်ဆိုင်းတို့ ဒေါက်တာတူးဂျာတို့ဆိုတာတွေလဲ ကချင်လူမျိုးတွေပါပဲ။ သူတို့လဲ သူတို့အဖွဲ့ အစည်းကို ခေါင်းဆောင်နေကြတာပါပဲ။ နယ်ခြားစောင့်တပ်ဖွဲ့ကို ယုံကြည်လက်ခံပြီး ကချင်ပြည်နယ်အတွက် အလုပ် လုပ်နေသူတွေ၊ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ကာ ပြည်နယ်ကောင်းကျိုးလုပ်နေသူနဲ့ လက်ရှိပြည်နယ် အစိုးရမှာ ၀န်ကြီးချုပ်လုပ်နေသူတွေဟာ ကချင်လူမျိုးကောင်းကျိုးလုပ်ဆောင်နေသူတွေပါ။ သူတို့ကမှ ကချင်ပြည်နယ်၊ ကချင် လူမျိုးကို ကိုယ်စားပြုနေသူတွေဖြစ်တယ်လို့ ပြောလို့ရပါတယ်။
KIA ဆိုတာ လက်နက်ကိုင်ဆောင်ပြီး လူသတ်၊ မိုင်းထောင်၊ သစ်တွေ၊ ကျောက်မျက်တွေခိုးထုတ်နေတဲ့ ကိုယ်ကျိုး ရှာလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုပါ။ ကချင်ပြည်နယ်ကောင်းကျိုးအတွက် လုပ်ဆောင်တာ မယ်မယ်ရရ မပြနိုင် ပေမယ့် ကားလမ်းတွေ၊ ရထားလမ်းတွေ မိုင်းခွဲဖျက်ဆီးခဲ့တဲ့ အဖျက်လုပ်ရပ်တွေက အများပြည်သူတွေ မြင်တွေ့ နိုင်တဲ့ အရာတွေပါပဲ။ အဲဒီလောက်ဆိုးသွမ်းလှတဲ့ အဖွဲ့အစည်းက အစိုးရနဲ့ငြိမ်းချမ်းရေးလုပ်နေပြီဆိုတော့ တကယ့်ကို ၀မ်းသာမိပါတယ်။ ဒါပေမယ့်စိတ်ထဲမှာ KIA ဟာ ငြိမ်းချမ်းရေးကို အမှန်တကယ်ယူမှ ယူပါ့မလားဆိုတဲ့အတွေးကတော့ ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပနေတာ ဒီမိုကရေစီအစိုးရတက်ခါ စထဲက ဆိုတော့ အခုဆိုရင် (၃)နှစ်တောင်ကျော်လာခဲ့ပြီ။ အကောင်အထည်က မပေါ်သေးပဲဖြစ်နေပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေက ဘယ်လိုပဲဆုံးဖြတ်ချက်တွေ၊ သဘောတူညီမှုတွေချမှတ်ပေမယ့် KIA ကတော့ ကျွန်တော်တို့ စစ်တပ်တွေကို အမှည့်ချွေနေဆဲပါပဲ။ လူမသိ သူမသိအဖြစ်မျိုးနဲ့ ကျွန်တော်တို့စစ်သားတွေ အမှည့်ချွေ ခံနေရပါတယ်။ ဒါကို ပြည်သူလူထုအမှန်အတိုင်းသိစေချင်လို့ ဒီဆောင်းပါးကို ရေးလိုက်တာပါ။ ပြောချင်တာက ဒီလိုပါ။ အဖြစ်မှန်ကိုပြောပြမှာပါ။

ကျွန်တော်တို့တပ်မတော်သားတွေက နိုင်ငံတော်သမ္မတကြီးရဲ့ အမိန့်အတိုင်းတိတိကျကျ လိုက်နာပါတယ်။ KIA တပ်တွေကို ကျွန်တော်တို့သွားပြီးမတိုက်ပါဘူး။ ကိုယ့်စခန်းမှာပဲကိုယ်နေပါတယ်။ စပြီးပစ်ခတ် တိုက်ခိုက်တာက KIA တပ်တွေပါ။ ကျွန်တော်တို့စခန်းငယ်လေးတွေကို အစုလိုက်အပြုံလိုက်လာပြီးတိုက်ပါတယ်။ လမ်းကြောင်းတွေမှာလဲ မိုင်းထောင်တယ်။ ချောင်းမြောင်းပြီးလဲပစ်ခတ်ပါတယ်။ အဲလိုနဲ့ တပ်မတော်သားတွေ မသေ သင့်ဘဲ၊(တစ်နည်းပြောရရင် KIA အပေါ်ယုံကြည်မိတဲ့အမှားကြောင့်) သေဆုံးခဲ့ကြရပါတယ်။ ဒါတွေကို ပြည်သူတွေ မသိကြပါဘူး။

KIA အဖွဲ့ဟာ သူတို့က ကျွန်တော်တို့တပ်တွေကို စတင်တိုက်ခိုက်တယ်။ တိုက်ခိုက်တာနဲ့တစ်ပြိုင်ထဲမှာပဲ သူတို့ရဲ့ ၀ါဒဖြန့်မီဒီယာတွေက “ အစိုးရတပ်တွေက အင်အားအများအပြားနဲ့ သူတို့ KIA စခန်းတွေကို လာတိုက်လို့ တိုက်ပွဲတွေဖြစ်ရတာပါလို့ ” ၀ါဒဖြန့်ပါတယ်။ ဒီကြားထဲမှာပိုပြီးယုံကြည်အောင် ဘယ်တပ်က ဘယ်သူက၊ ဘယ်ရွာမှာ ရှိတဲ့ အမျိုးသမီးဘယ်နှစ်ယောက်ကို ဘယ်လိုမုဒိန်းကျင့်သွားခဲ့တယ်။ ဘယ်ရွာတွေကိုမီးရှို့သွားခဲ့တယ်ဆိုတဲ့ မမှန် သတင်းတွေကို လွှင့်ထုတ်ပါတယ်။

ကြမ်းပိုးကိုလိပ်ဖြစ်အောင်ပြောဆိုပြီး ပြည်သူလူထုသနားအောင် လုပ်ပါတယ်။ ဒါကို မသိနားမလည်တဲ့ သူတွေက ယုံကြည်ပြီး တပ်မတော်ကပဲ ဥပဒေမရှိ လုပ်ချင်တိုင်းလုပ်လို့ရတဲ့အဖွဲ့အစည်းလို့ ထင်မြင်သွားပြီး မီဒီယာတွေမှာ ရေးချင်သလိုရေး၊ ပြောချင်သလိုပြောနေကြပါတယ်။ ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ် အောက်မှာ တပ်မတော်ကိုကျတော့ စစ်တပ်လို့ရေးပြီး လက်နက်ကိုင်ပြီးသောင်းကျန်းနေတဲ့ အဖွဲ့ကျတော့ KIA တပ်မတော်လို့ သုံးနှုန်းနေတဲ့အထိပါပဲ။
အခုဆိုရင် အဖြစ်မှန်တွေကိုသိဖို့ သဘောပေါက်ဖို့သင့်ပါပြီ။ ဒါတွေဟာ တကယ့်အဖြစ်မှန်တွေပါ။ KIA အဖွဲ့ဟာ ငြိမ်းချမ်းရေးကို ဘယ်တော့မှယူမှာမဟုတ်ပါဘူး။ မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေကို တစ်ခုပြီးတစ်ခုတောင်းဆိုရင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနိဂုံးချုပ်ပါလိမ့်မယ်။

တကယ့်စိတ်ရင်းသဘောထားအမှန်ထားရှိတဲ့အဖွဲ့တွေက စစ်မှန်တဲ့ ငြိမ်းချမ်းရေးရနေပါပြီ။ ကရင်ပြည်နယ်မှာဆိုရင် တိုက်ပွဲတွေ လုံးဝမဖြစ်တော့ပါဘူး။ ဒါဟာ ငြိမ်းချမ်းရေးကို တကယ်ယူမယ်ဆိုတဲ့ သူတို့ခေါင်းဆောင်တွေရဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကြောင့်ပါပဲ။ ကချင်လက်နက်ကိုင်အဖွဲ့မှာတော့ အဲလိုမျိုးမဟုတ်ပါဘူး။ KIA လက်နက်ကိုင်တပ်တွေကို ချုပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်ဂွမ်မော်ဆိုတာ စကားပြောရာမှာ လည်သလို၊ အကွက်မြင်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်ဖက်မှာငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေလုပ်နေသလို၊ တစ်ဖက် မှာ တိုက်ပွဲတွေဖြစ်အောင်လဲ ရန်စခိုင်းနေပါတယ်။ နောက်အခြားတစ်ဖက်မှာလည်း အမေရိကန်နိုင်ငံကိုသွားရောက်ပြီး အကူအညီတောင်းဆိုမှုတွေ လုပ်နေပါတယ်။

ပါးစပ်က ငြိမ်းချမ်းရေးလို့ပြောနေပေမယ့် တကယ့်လုပ်ရပ်ကတော့ တိုက်ပွဲတွေဖန်တီးပြီး၊ အဲဒီတိုက်ပွဲတွေရဲ့ တရားခံဟာ တပ်မတော်ပါဆိုပြီး ပြောနေပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အစိုးရဘက်က အပစ်အခတ် ရပ်စဲရေးကို အရင်လုပ်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ပြောပေမယ့် KIA ဂွမ်မော်က အပစ်အခတ်ရပ်စဲ ရေးကို လက်မခံခဲ့ပါဘူး။ အဖြေကတော့ ရှင်းနေပါတယ်။ ငြိမ်းချမ်းရေးကို ရအောင်လုပ်မှာမဟုတ်သလို အစိုးရတပ်တွေကိုလည်း အကြောင်း အရာ အမျိုးမျိုးပြပြီး တိုက်ခိုက်နေမှာပါ။ တကယ်လည်း တိုက်ခိုက်နေပါ တယ်။ စကားပုံအတိုင်းပြောရမယ်ဆိုရင်တော့ KIA ဟာ သူခိုးကလူ….လူ…အောင်ဟစ်နေသလိုပါပဲ၊ အဖြစ်မှန်တွေ ကို ပြောင်းပြန်ပြောပြီး KIA အပေါ် သနား လာအောင် လုပ်ဆောင်နေပါတယ်။ တကယ်တန်း အပစ်ခံနေရ တာက ကျွန်တော်တို့စစ်သားတွေပါ။ ကျွန်တော်တို့မှာ သမ္မတကြီးက လည်း စစ်တိုက်ဖို့ အခွင့်မပေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ပစ်မိန့်မပေးနဲ့ ကချင် ပြည်နယ်မှာ KIA ရဲ့ အမှည့်ချွေတာကို ခံနေရတာကတော့ ဖြစ်ရပ်မှန်ပါပဲဆိုတာ ပြည်သူတွေသိအောင် ပြောပြ ချင်ပါတယ်။

ရှေ့တန်းရောက်တပ်မတော်သားတစ်ဦး
From...Man Super

No comments:

Post a Comment