Wednesday 14 May 2014

ချုံခိုတိုက်ခိုက်မှုကြောင့် ယူကရိန်းစစ်သား ၆ ဦး သေဆုံး

Photo: ချုံခိုတိုက်ခိုက်မှုကြောင့် ယူကရိန်းစစ်သား ၆ ဦး သေဆုံး
Wednesday, May 14, 2014

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်ညက်ဒေသ၊ ကရာမတ်တွခ် မြို့နားမှာ အစိုးရ ဆန့်ကျင်တဲ့ လက်နက်ကိုင်တွေက ချုံခိုတိုက်ခိုက်မှုအတွင်း ယူကရိန်းစစ်သား ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ ယူကရိန်း ယာယီကာကွယ်ရေး ၀န်ကြီးက အတည်ပြုပါတယ်။

ယူကရိန်း ယာယီကာကွယ်ရေး ၀န်ကြီး ကိုဗယ် ကို သတင်းစာရှင်းလင်းပွဲ တွင် ပြုလုပ်နေစဉ် အစိုးရ ၀န်ထမ်းတွေလို ရုပ်ဖျက်ထား တဲ့ လက် နက် ကိုင် ၃၀ ကျော် ၄၀ လောက်ဟာ ချုံခိုပြီး မီးကျည်သေနတ်တွေနဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ကီယက်မြို့ သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီး ကိုဗယ်က ပြောပါတယ်။

ရန်သူတွေကို နှိမ်နင်းဖို့ အစိုးရစစ်တပ်က ရဟတ်ယာဉ် နှစ်စင်း ကို စေလွှတ်ထားတယ် လို့လည်း ၀န်ကြီးက ပြောပါတယ်။

လောလောဆယ်မှာ ဒွန်ညက်ဒေသနဲ့ လူဂန့်စ် ဒေသမှာ အခြေအနေတွေဟာ ရှုပ်ထွေးနေပြီး ကိုင်တွယ်ရ ခက်တယ်လို့ ပြောပါတယ်။

ဒီအတောအတွင်းမှာ ရုရှား၊ ယူကရိန်းနဲ့ ဘီလာရုစ်တို့ ဆွေးနွေးပြီးနောက် ခရိုင်းမီးယား ဒေသမှာ ရုရှားက ဖမ်းထားတဲ့ ယူကရိန်း သင်္ဘော အစင်း ၇၀ ကိုလည်း ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။ သင်္ဘော ၇၀ ထဲမှာ စစ်သင်္ဘော ၂၁ စင်း၊ ရိုးရိုးသင်္ဘော ၄၉ စင်းပါတယ်လို့ ပြောပါတယ်။

ဒွန်ညက်နဲ့ လူဂန့်စ်ဒေသမှာ ကျင်းပပြီးစီးခဲ့တဲ့ လူထုဆန္ဒခံယူပွဲမှာ မဲပေးသူ ၇၅ ရာခိုင်နှုန်း ၀န်းကျင်ရှိခဲ့ပြီး ဒွန်းညက်မှာ ၉၀ ရာခိုင်နှုန်းနဲ့ လူဂန့်စ်မှာ ၉၆ ရာခိုင်နှုန်းက လွတ်လပ်ရေးကြေညာဖို့ ထောက်ခံခဲ့တယ်လို့ ခွဲထွက်ရေးလိုလားတဲ့ အုပ်စုတွေက ပြောပါတယ်။

ဒီဒေသနှစ်ခုမှာ ဆန္ဒခံယူပွဲမကျင်းပခင် မတ်လကလည်း ယူကရိန်း တောင်ပိုင်း က ခရိုင်းမီးယားဒေသမှာ လွတ်လပ်တဲ့ လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီး ရုရှားနဲ့ ပူးပေါင်းတယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ယူကရိန်းအစိုးရနဲ့ အနောက်နိုင်ငံတွေက ဆန္ဒခံယူပွဲတွေကို အသိအမှတ်ပြုကြပါဘူး။

DVB 

ယူကရိန်း ယာယီကာကွယ်ရေး ၀န်ကြီး ကိုဗယ် ကို သတင်းစာရှင်းလင်း ပွဲတွင် ပြုလုပ်နေစဉ်
ယူကရိန်း ယာယီကာကွယ်ရေး ၀န်ကြီး ကိုဗယ် ကို သတင်းစာရှင်းလင်း ပွဲတွင် ပြုလုပ်နေစဉ်
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်ညက်ဒေသ၊ ကရာမတ်တွခ် မြို့နားမှာ အစိုးရ ဆန့်ကျင်တဲ့ လက်နက်ကိုင်တွေ က ချုံခိုတိုက်ခိုက်မှုအတွင်း ယူကရိန်းစစ်သား ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ ယူကရိန်း ယာယီ ကာကွယ်ရေး ၀န်ကြီးက အတည်ပြုပါတယ်။

ယူကရိန်း ယာယီကာကွယ်ရေး ၀န်ကြီး ကိုဗယ် ကို သတင်းစာရှင်းလင်းပွဲ တွင် ပြုလုပ်နေစဉ် အစိုးရ ၀န်ထမ်းတွေလို ရုပ်ဖျက်ထား တဲ့ လက် နက် ကိုင် ၃၀ ကျော် ၄၀ လောက်ဟာ ချုံခိုပြီး မီးကျည်သေနတ်တွေ နဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ကီယက်မြို့ သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီး ကိုဗယ်က ပြောပါတယ်။

ရန်သူတွေကို နှိမ်နင်းဖို့ အစိုးရစစ်တပ်က ရဟတ်ယာဉ် နှစ်စင်း ကို စေလွှတ်ထားတယ် လို့လည်း ၀န်ကြီး က ပြောပါတယ်။

လောလောဆယ်မှာ ဒွန်ညက်ဒေသနဲ့ လူဂန့်စ် ဒေသမှာ အခြေအနေတွေဟာ ရှုပ်ထွေးနေပြီး ကိုင်တွယ်ရ ခက်တယ်လို့ ပြောပါတယ်။

ဒီအတောအတွင်းမှာ ရုရှား၊ ယူကရိန်းနဲ့ ဘီလာရုစ်တို့ ဆွေးနွေးပြီးနောက် ခရိုင်းမီးယား ဒေသမှာ ရုရှားက ဖမ်းထားတဲ့ ယူကရိန်း သင်္ဘော အစင်း ၇၀ ကိုလည်း ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။ သင်္ဘော ၇၀ ထဲမှာ စစ်သင်္ဘော ၂၁ စင်း၊ ရိုးရိုးသင်္ဘော ၄၉ စင်းပါတယ်လို့ ပြောပါတယ်။

ဒွန်ညက်နဲ့ လူဂန့်စ်ဒေသမှာ ကျင်းပပြီးစီးခဲ့တဲ့ လူထုဆန္ဒခံယူပွဲမှာ မဲပေးသူ ၇၅ ရာခိုင်နှုန်း ၀န်းကျင်ရှိခဲ့ပြီး ဒွန်းညက်မှာ ၉၀ ရာခိုင်နှုန်းနဲ့ လူဂန့်စ်မှာ ၉၆ ရာခိုင်နှုန်းက လွတ်လပ်ရေးကြေညာဖို့ ထောက်ခံခဲ့တယ်လို့ ခွဲထွက်ရေးလိုလားတဲ့ အုပ်စုတွေက ပြောပါတယ်။

ဒီဒေသနှစ်ခုမှာ ဆန္ဒခံယူပွဲမကျင်းပခင် မတ်လကလည်း ယူကရိန်း တောင်ပိုင်း က ခရိုင်းမီးယားဒေသမှာ လွတ်လပ်တဲ့ လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီး ရုရှားနဲ့ ပူးပေါင်းတယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ယူကရိန်းအစိုးရနဲ့ အနောက်နိုင်ငံတွေက ဆန္ဒခံယူပွဲတွေကို အသိအမှတ်ပြုကြပါဘူး။

DVB

No comments:

Post a Comment