Wednesday 14 May 2014

မှန်လုံယာဉ်တမ်းမှောက်မှုတွင် သေဆုံးခဲ့သော ခရီးသည်များအတွက် အာမခံလျော်ကြေးငွေများ လာမည့်ရက်သတ္တပတ်အတွင်း ထုတ်ပေးမည်

နေပြည်တော်-ရန်ကုန် ရာဇာမင်း မှန်လုံယာဉ် တိမ်းမှောက်မှုတွင် သေဆုံးခဲ့သောခရီးသည်များအတွက် အာမခံလျော်ကြေး များကို လာမည့် ရက်သတ္တပတ်အတွင်း ထုတ်ပေးသွား မည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။ယာဉ်တိမ်းမှောက်မှုတွင် ပါဝင်၍ သေဆုံးခဲ့ရသော ခရီးသည်တစ်ဦးလျှင် အလုံးစုံအာမခံကြေး ငွေကျပ် ၁ဝ သိန်း၊ အထူးခရီးသွားအာမခံကြေး ငွေကျပ်သိန်း ၃ဝ၊ သူတစ်ပါးထိခိုက်မှု အာမခံကြေးငွေကျပ် ငါးသိန်း စုစု ပေါင်း ကျပ် ၄၅ သိန်းကို သေဆုံးသူ နှင့်သက်ဆိုင်သည့် အကျိုးခံစားခွင့် ရှိသူများအား ထုတ်ပေး သွားမည် ဖြစ်သည်ဟု သိရသည်။

ထိခိုက် ဒဏ်ရာရသူများအား အထူးခရီးသွားအာမခံကြေးအဖြစ် ဒဏ်ရာရရှိမှုအပေါ်မူတည်၍ ငွေကျပ် ၁ဝဝဝဝမှ ငွေကျပ် ၂၄သိန်းအထိ သတ်မှတ်ထားသည့်အတိုင်း ပေးလျော် သွားမည်ဖြစ်ကြောင်း၊ သေဆုံးသူ များအတွက် အာမခံလျော်ကြေးကို မထသသို့လွှဲပြောင်း၍ ခံစားခွင့်ရှိသူ များကို ရှေ့တစ်ပတ်တွင် ထုတ်ပေး သွားမည်ဖြစ်ကြောင်း၊ ဒဏ်ရာရသူ များအတွက် အာမခံလျော်ကြေးပေး လျော်မှုကိုမူ အချိန်ယူဆောင်ရွက် ရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။ 

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းသည် ရာဇာမင်းမှန်လုံယာဉ် တိမ်း မှော က် မှုတွင် ဒဏ်ရာရရှိသူခရီးသည် များကို ကုသပေးလျက်ရှိသည့် နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံ ကြီးသို့ ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က လာရောက် ကြည့်ရှုနှစ်သိမ့်အားပေးခဲ့ပြီး အာမခံလျော်ကြေးဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မျိုးဇေယျာ(ပျဉ်းမနား)
Myanmaalinn

No comments:

Post a Comment