Wednesday 14 May 2014

မလေးရှား နိုင်ငံရှိ အထောက် အထားမဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သား များအား ကူညီ ဆောင်ရွက်မည့် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး

မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာရွှေ့ ပြောင်း အလုပ်သမားများ အန္တရာယ်ကင်းရှင်းစွာ တရားဝင် နေထိုင်သွားလာ အလုပ်လုပ်ခွင့် ရရှိနိုင်ရန် ရည် ရွယ်ကျင်းပသည့် မြန်မာနိုင်ငံမှ Diamond Palace ကုမ္ပဏီလီမိတက်နှင့် မလေးရှားနိုင်ငံမှ Bukti Megah SdnBhd ကုမ္ပဏီတို့၏ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယမန်နေ့ည ၇ နာရီခွဲက Grand Amara Hotel တောင်ငူခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ ဒုတိယဝန်ကြီး ဦးတင် ဦးလွင်နှင့် တာဝန်ရှိသူများတက် ရောက်ကြပြီး မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီး DATOS SERI DR AHMAD ZAHID HAMID နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးနှင့် တာဝန် ရှိသူများ တက် ရောက်ခဲ့ကြသည်။

အဆိုပါနား လည်မှုစာချွန်လွှာတွင် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံသား စစ်မှန်သူ ကို နိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ရေး၊ တရားဝင် အလုပ်လုပ်ကိုင်ခွင့်နှင့် တရားဝင်ဗီဇာ ရရှိထုတ်ပေးနိုင် ရေး၊ မည်သူမည်ဝါဖြစ်သည်ကို နည်းပညာ အသုံးပြု၍ ခိုင်လုံစွာစိစစ်နိုင်ရေး၊ အလုပ်လုပ်ခွင့်မရှိသူများ သတ် မှတ်သည့် လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်ကိုက်ညီပါက မလေးရှားကုမ္ပဏီက တရား ဝင်အလုပ်လုပ်ပိုင်ခွင့် ရရှိရန် ဆောင်ရွက်ပေးနိုင်ရေး စသည့်အချက်များ ပါဝင်ကြောင်းသိရသည်။

ဒိုင်းမွန်းပဲလေ့စ်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းသန်း က ''ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ မလေးရှားမှာ ရောက်နေတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေကို တရားဝင် နေထိုင်လုပ်ကိုင်ခွင့် ရရှိဖို့အတွက် နှစ် နိုင်ငံအစိုးရ စီစဉ်ဆောင်ရွက်မယ့် အစီအစဉ်မှာ ပူးပေါင်းပါဝင် ဆောင်ရွက်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ နှစ်နိုင်ငံ အစိုးရတွေ သဘောတူညီထားတဲ့အတိုင်း အထောက်အထားမဲ့ လုပ်သားတွေကို သေချာစွာစိစစ်ပြီး နိုင်ငံကူး လက်မှတ်ထုတ်ပေးပါမယ်။ နိုင်ငံကူးလက်မှတ် ရပြီးတဲ့သူတွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်တို့၊ ဗီဇာတွေ ကို မလေးရှားအစိုးရ အသိအမှတ်ပြုထားတဲ့ အခု လက်မှတ်ရေးထိုးတဲ့ မလေးရှားကုမ္ပဏီက ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။ လောလောဆယ်အနေနဲ့ အချိန်ကာလအားဖြင့် ခြောက်လ ကြာမြင့်ပါမယ်။ နောက် ပိုင်း လျှောက်ထားလာတဲ့ လုပ်သားတွေပေါ် မူတည်ပြီး နိုင်ငံတော်အစိုးရကို တင်ပြပြီး ထပ်မံ သက်တမ်းတိုး ခွင့်ရမယ်ဆိုရင် သက်တမ်းတိုးနိုင်ဖို့ စီစဉ်ထားပါတယ်။ ဥပဒေအရ လုပ်အားခတွေရရှိအောင်၊ အလုပ်လက်မဲ့ တွေ နောင်တစ်ချိန်မှာ အလုပ်လက် မဲ့တွေ ဖြစ်မလာစေဖို့ ခိုင်မာသည်ထက် ခိုင်မာအောင် ဒီမလေးရှား ကုမ္ပဏီနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရခြင်း ဖြစ်ပါတယ်။

ဒီလို လက်မှတ်ရေးထိုးတာဟာ ပထမဆုံး အကြိမ်ြဖစ်ပြီး မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက ကျွန်တော်တို့ကုမ္ပဏီကို သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်း ဥပဒေတွေနဲ့အညီ မလေးရှားနိုင်ငံမှာ ရောက် နေတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ အခုလို လက်မှတ်ရေးထိုးရခြင်း ဖြစ်ပါ တယ်။ အခုဆိုရင် နိုင်ငံတော်အစိုးရက နိုင်ငံကူးလက်မှတ်တွေကို လွယ်လွယ်ကူကူ စီစဉ်ဆောင် ရွက်ပေးနေ ပါတယ်။ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ကြပါ။ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ခြင်းဟာ ဆိုး ကျိုးတွေ ပဲရှိပါတယ်''ဟု ပြောကြားသည်။

မြ၀တီ

No comments:

Post a Comment