Wednesday 14 May 2014

ဆင်းမ်ကတ်ဖြန့်ချိသူ ၆၀ ကျော် ရွေးချယ်ပြီးဟု တယ်လီနောဆို

ပြည်တွင်းတွင် စက်တင်ဘာလ မတိုင်မီ မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်တော့မည့် တယ် လီနော က တစ်နိုင်ငံလုံး ဆင်းမ်ကတ်ဖြန့်ချိရန် ဖြန့်ချိသူ (Distribution) ၆၀ ကျော် ရွေးချယ်ပြီး ဖြစ်ကြောင်း တယ်လီနောမြန်မာ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က The Voice သို့ ပြောကြား သည်။
“လာပြီးလျှောက်ထားတဲ့ လူအရေအတွက်က ထောင်နဲ့ချီပြီး ရှိပါတယ်။ အဲဒီအထဲကမှ သေသေချာချာ စိစစ်ပြီး ရွေး ထား တာပါ။ အဓိက စဉ်းစားတာကတော့ သူတို့နေထိုင်တဲ့ဒေသ၊ နောက်ကြောင်း ရာဇဝင်နဲ့ တကယ်လုပ်နိုင်စွမ်းရှိ မရှိတွေပေါ့” ဟု ၎င်းကဆိုသည်။

တယ်လီနောမြန်မာကလည်း ဆင်းမ်ကတ် အရောင်းဌာန ၂၀၀ ကို တိုက်ရိုက်ကွပ်ကဲ ဖွင့်လှစ်မည် ဖြစ်ပြီး တယ်လီနော ဆင်းမ်ကတ် ရောင်းချမည့် ဆိုင်ငယ်များ (POS-Point of Sale) တစ်သိန်းခန့် ဖွင့်လှစ် မည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ဆင်းမ်ကတ် ဖြန့်ချိရေးလုပ်ဖို့ အော်ရီဒူးနဲ့ရော တယ်လီနောနဲ့ပါ ချိတ်တယ်။ အဆင်မပြေဘူး။ အခုတော့ တစ်ဆင့်ပဲ ယူရောင်းတော့မယ်လို့ စဉ်းစားထားတယ်။ အော်ရီဒူးကတော့ သူတို့ ဆင်းမ်ကတ် ရောင်းမယ့် ဆိုင်တွေ တယ်လီနော ဆင်းမ်ကတ် ရောင်းခွင့်မရှိဘူးလို့ ပြောသံကြားတယ်” ဟု မြောက်ဥက္ကလာပမြို့ နယ်မှ Star Moblie မိုဘိုင်းလ်ဖုန်းဆိုင် လုပ်ငန်းရှင် ဦးဇော်မင်းက ဆိုသည်။

လက်ရှိတွင် အခြားဆက်သွယ်ရေး ကုမ္ပဏီ အော်ရီဒူးကလည်း ဇူလိုင်လအတွင်း ဆင်းမ်ကတ်များ စတင်ရောင်း ချရန် ပြင်ဆင်နေပြီး မိုဘိုင်းလ် ဖုန်းဆိုင်များတွင် ကြိုတင် စာရင်းပေးကာ လျှောက် ထားနိုင်ကြော င်း ပြင် ပ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များက ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment