Wednesday 14 May 2014

အမျိုးဘာသာစောင့်ရှောက်ရေးကိစ္စရပ်များတွင် နိုင်ငံတော် သံဃာ့ မဟာနာ ယက အဖွဲ့နှင့်အမျိုးဘာသာ ၊ သာသနာစောင့်ရှောက်ရေး အဖွဲ့တို့ ရေရှည် ပူးပေါင်းဆောင် ရွက်မည်

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်း နိုင်ရေး ဆောင်ရွက်နေသော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) နှင့် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ (မဟန)၏ အမျိုးဘာသာကိစ္စရပ်များ ပူး ပေါင်းဆောင် ရွက် မှု ရေရှည်အထိ တည်တံ့ ခိုင်မြဲသွားမည်ဖြစ်ကြောင်း မဘသအဖွဲ့၏ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ ဦးသော ပါက,က ဖလားဝါးနယူးစ်ဂျာနယ်သို့ မိန့် ကြားသည်။

အင်းစိန်ရွာမဆရာတော်ကြီး ဦး ဆောင်သည့် မဘသအဖွဲ့ကြီးအား မဟာ သံဃနာယက ဆရာတော်ကြီး များ၏ အသိ အမှတ်ပြု သြဝါဒခံယူခြင်းကို မေ ၈ ရက် ည ၇ နာရီတွင် ကမ္ဘာအေးကုန်းမြေ မဟာ ဝိဇယဓမ္မ သဘင်တွင် ကျင်းပခဲ့ပြီး မဟန အ နေဖြင့် မဘသအဖွဲ့အား သံဃာများဆောင် ရွက်သည့် သီးခြားလွတ်လပ်သော ဘာသာ ရေးအဖွဲ့အစည်းတစ်ခုအဖြစ် အသိအမှတ် ပြုကာ လက်တွဲဆောင်ရွက်သွားမည်ဖြစ် ကြောင်း သဘောထားကြေညာချက် ပေးခဲ့ ခြင်းဖြစ်သည်။

ယင်းသို့ မဘသ နှင့် မဟနတို့ ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ အပေါ် မဘသ ဦးဆောင် ဆရာတော် တစ် ပါးဖြစ်သူ ဦးသောပါက,က ''အရင်တုန်းက ဦးဇင်းတို့ အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ကို မဟန အဖွဲ့ကြီးကော၊ တခြားသံဃာတော်တွေ ဆရာတော်တွေ ကပါ အမြင်မတူတာတွေ ကွဲလွဲမှုတွေကြောင့် ယုံကြည်မှုမရှိခဲ့ဘူး။ ဦးဇင်းတို့ရဲ့ ရည်ရွယ် ချက်က အမျိုးဘာသာ သာသနာကို စောင့် ရှောက်ရေးအတွက်သာဖြစ်ပြီး တခြားဘာ သာရေးတွေကို ထိခိုက်စေဖို့ မဟုတ်တဲ့အ ကြောင်းကို နိုင်ငံတော်သံဃာ့နာယက ဆရာ တော်ကြီးတွေနဲ့တွေ့ဆုံပြီး လျှောက်ထား လိုက်တဲ့အခါ ဝမ်းပမ်းတသာနဲ့ ကြိုဆိုခဲ့ပြီး အရင်က အမြင်မတူတာတွေ ပြေပျောက်ခဲ့ တယ်။ ဦးဇင်းတို့ ကြိုးစားအားထုတ်မှုကို ပံ့ပိုးကူညီသွားဖို့ သဘောတူညီမှုရရှိခဲ့တယ်'' ဟု ဖလားဝါးနယူးစ်သို့ မိန့်ကြားသည်။

မဘသအဖွဲ့အနေဖြင့် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ကို ကူညီဆောင် ရွက်ဖို့သာရည်ရွယ်၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မဟာသံဃနာ ယကအဖွဲ့ကို အတိုက်အခံလုပ်ရန်၊ ဖျက်ဆီးရန် မဟုတ်ကြောင်း၊ သံဃာ့နာယကအဖွဲ့ ၏ ဆောင်ရွက်ရန်မသင့်သော ကိစ္စရပ်များ တွင် ဝင်ရောက်ဆောင် ရွက်ပေးရန်အတွက် သာဖြစ်ကြောင်း မဘသ(ဗဟို) ဥက္ကဋ္ဌဖြစ် သူ အင်းစိန်ရွာမဆရာတော် ဦးတိလောက ဘိဝံသက မဟန ဆရာတော်များထံသို့ လျှောက်ထားခဲ့ကြောင်း သိရသည်။

မဘသအဖွဲ့၏ သဘောထားနှင့် ပတ်သက်ပြီး နိုင်ငံတော်သံဃာ့မဟာနာယ ကဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဘုရားကြီး က ''အခုလို အမျိုးဘာသာ သာသနာအဖွဲ့ စောင့်ရှောက်ရေးအဖွဲ့အနေနဲ့ သံဃာ့မဟာ နာယကနဲ့ ပူးပေါင်းလက်တွဲတဲ့အတွက် ဂုဏ် ယူပါတယ်။ မဘသအဖွဲ့က အမျိုးဘာသာ သာသနာကို စောင့်ရှောက်ဖို့၊ ဆန့်ကျင်ဖို့ မဟုတ်ဘူးလို့ လျှောက်ထားတဲ့အတွက် ဝမ်း သာတယ်။ ကြိုဆိုပါတယ်။ ဂုဏ်ယူပါတယ်။ ရှေ့ဆက်ပြီး ညီညီညွတ်ညွတ်နဲ့ တိုင်တိုင် ပင်ပင်နဲ့ နိုင်ငံနဲ့ချီတဲ့ကိစ္စရပ်တွေမှာ မဟန နဲ့ တိုင်ပင်လုပ်ဆောင်သွားဖို့ တိုက်တွန်းပါ တယ်''ဟု မိန့်ကြားသည်။

ပြင်ပတွင် ကောလာဟလသတင်း များ ထွက်ပေါ်လျက်ရှိရာ မဟနအဖွဲ့အား မဘသအဖွဲ့မှဦးဆောင်၍ ကန့်ကွက်မည်၊ ဆန္ဒပြမည်၊ ဖြုတ်ချမည်ဆိုသည့် သတင်း များမှာ မလိုသူများ၏ လှုံဆော်မှုသာဖြစ်ပြီး မဘသ(ဗဟို)၏သဘောထား အချက် (၈) ချက်ကို မေ ၈ ရက်က ထုတ်ပြန်ကြေညာခဲ့ သည်။

ယခုလို သံဃာအဖွဲ့အစည်းနှစ် ခု ပူးပေါင်းမှုနှင့်ပတ်သက်ပြီး မဘသဆရာ တော် ဦးသောပါကက ''ရှေ့ဆက်ပြီးတော့ ဦးဇင်းတို့ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက် သွားမှာပါ။ အမျိုးဘာသာစောင့်ရှောက်ရေး နဲ့ သာသနာတည်တံ့ရေးအတွက် ဆောင် ရွက်မှာပါ။ အခုလို မဟနနဲ့ သဘောတူညီ ပူးပေါင်းတဲ့အတွက် အချို့အရေးကြီးတဲ့ ကိစ္စ ရပ်တွေကို မဟာသံဃနာယကအဖွဲ့သို့ တင် ပြသွားဖို့ သဘောတူထားပါတယ်''ဟု မိန့် ကြားသည်။

Yangon Media Group

No comments:

Post a Comment