Wednesday 14 May 2014

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ရေလမ်းနှင့် မိုးလေဝသစနစ် ဖွံ့ဖြိုးရေး အဓိကထား လုပ်ဆောင်မည်

Photo: ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ရေလမ်းနှင့် မိုးလေဝသစနစ် ဖွံ့ဖြိုးရေး အဓိကထား လုပ်ဆောင်မည်
Wednesday, May 14, 2014

ကမ္ဘာ့ဘဏ်၏ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေဖြင့် အကောင်အထည်ဖော်မည့် ဧရာဝတီ မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် ရေလမ်းကြောင်း ပြုပြင်ခြင်းနှင့် မိုးလေဝသနှင့် ဇလဗေဒ သတိပေးမှုစနစ် မြှင့်တင်ခြင်းတို့ကို အဓိကထား ဆောင်ရွက်မည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

ဧရာဝတီမြစ်အတွင်း ရန်ကုန်- မန္တလေး- ညောင်ဦးဒေသအထိ ညအချိန် ရေလမ်းကြောင်း သွားလာရေးတွင် အထောက်အကူပြုသည့် ရေလမ်း အမှတ်အသားများ တိုးမြှင့်ခြင်း၊ ရေလမ်းကြောင်း ကျပ်တည်းမှု ပြဿနာကို ဖြေရှင်းခြင်းနှင့် ရေကြီးမှု အန္တရာယ်ကို ကာကွယ်ခြင်း စသည်တို့အပြင် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ကြိုတင် သတိပေးသည့်စနစ် တိုးချဲ့ခြင်းတို့ကို စီမံကိန်းအတွင်း အကောင်အထည်ဖော်မည် ဖြစ်ကြောင်း အဆိုပါ စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

“ဒီစီမံကိန်းကို World Bank နဲ့ တော်တော်လေး ညှိနှိုင်းထားတယ်။ စီမံကိန်း ဆောင်ရွက်တဲ့အခါ ထိခိုက်နစ်နာမှုတွေ မရှိအောင်။ ဒါ့အပြင် ရေကြောင်း သွားလာရေး တစ်ခုတည်းမဟုတ်ဘဲ ဆက်စပ်နေတဲ့ Livelihood နဲ့ ကိုက်အောင် လေ့လာပြီးမှ လုပ်မယ်” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်ထွန်းက ပြောဆိုသည်။

ဧရာဝတီမြစ်အတွင်း သစ်တောများ ခုတ်ယူမှုနှင့် သတ္တုတူးဖော်မှု တို့ကြောင့် အနည်နှင့် နုန်းပို့ချမှု များလာပြီး ရေလမ်းကြောင်း ယိုယွင်းလာကာ အချို့သော ကာလများ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည့်အတွက် ထိန်းသိမ်းရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီမှ အကြံပေးဒေါက်တာ ဒေါ်ခင်နီနီသိန်းက ပြောကြားသည်။ 

ဧရာဝတီ ဘက်စုံမြစ်ဝှမ်း စီမံခန့်ခွဲမှု စီမံကိန်း အကောင်အထည် ဖော်ရန်အတွက် World Bank၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့် ဒေသခံများ၊ အဖွဲ့အစည်းများ၏ တွေ့ဆုံ ဆွေးနွေးပွဲကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် မေလ ၁၆ ရက်နေ့နှင့် ၁၉ ရက်နေ့၌ ကျင်းပမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စု (မြန်မာ) က သတင်းထုတ်ပြန်ထားသည်။

The Voice Weekly
ကမ္ဘာ့ဘဏ်၏ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေဖြင့် အကောင်အထည်ဖော်မည့် ဧရာဝတီ မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် ရေလမ်းကြောင်း ပြုပြင်ခြင်းနှင့် မိုးလေဝသနှင့် ဇလဗေဒ သတိပေးမှုစနစ် မြှင့်တင်ခြင်းတို့ကို အဓိကထား ဆောင်ရွက်မည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။

ဧရာဝတီမြစ်အတွင်း ရန်ကုန်- မန္တလေး- ညောင်ဦးဒေသအထိ ညအချိန် ရေလမ်းကြောင်း သွားလာရေးတွင် အထောက်အကူပြုသည့် ရေလမ်း အမှတ်အသားများ တိုးမြှင့်ခြင်း၊ ရေလမ်းကြောင်း ကျပ်တည်းမှု ပြဿနာကို ဖြေရှင်းခြင်းနှင့် ရေကြီးမှု အန္တရာယ်ကို ကာကွယ်ခြင်း စသည်တို့အပြင် မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ကြိုတင် သတိပေးသည့်စနစ် တိုးချဲ့ခြင်းတို့ကို စီမံကိန်းအတွင်း အကောင်အထည်ဖော်မည် ဖြစ်ကြောင်း အဆိုပါ စီမံကိန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

“ဒီစီမံကိန်းကို World Bank နဲ့ တော်တော်လေး ညှိနှိုင်းထားတယ်။ စီမံကိန်း ဆောင်ရွက်တဲ့အခါ ထိခိုက် နစ်နာမှုတွေ မရှိအောင်။ ဒါ့အပြင် ရေကြောင်း သွားလာရေး တစ်ခုတည်းမဟုတ်ဘဲ ဆက်စပ်နေတဲ့ Livelihood နဲ့ ကိုက်အောင် လေ့လာပြီးမှ လုပ်မယ်” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်ထွန်းက ပြောဆိုသည်။

ဧရာဝတီမြစ်အတွင်း သစ်တောများ ခုတ်ယူမှုနှင့် သတ္တုတူးဖော်မှု တို့ကြောင့် အနည်နှင့် နုန်းပို့ချမှု များလာပြီး ရေလမ်းကြောင်း ယိုယွင်းလာကာ အချို့သော ကာလများ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည့်အတွက် ထိန်းသိမ်းရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီမှ အကြံပေးဒေါက်တာ ဒေါ်ခင်နီနီသိန်းက ပြောကြားသည်။ 

ဧရာဝတီ ဘက်စုံမြစ်ဝှမ်း စီမံခန့်ခွဲမှု စီမံကိန်း အကောင်အထည် ဖော်ရန်အတွက် World Bank၊ ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့် ဒေသခံများ၊ အဖွဲ့အစည်းများ၏ တွေ့ဆုံ ဆွေးနွေးပွဲကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် မေလ ၁၆ ရက်နေ့နှင့် ၁၉ ရက်နေ့၌ ကျင်းပမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စု (မြန်မာ) က သတင်းထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment