Wednesday 14 May 2014

ကေအိုင်အေ (ကချင်) လက် နက် ကိုင် အဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင် သွားသူများအား တပ်မတော် စစ်ကြောင်းမှ ရှာဖွေ ကယ်တင်၍ မိဘ အုပ်ထိန်းသူ များထံ ပြန်လည် အပ်နှံ

Photo: ကေအိုင်အေ (ကချင်) လက် နက် ကိုင် အဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင် သွားသူများအား တပ်မတော် စစ်ကြောင်းမှ ရှာဖွေ ကယ်တင်၍ မိဘ အုပ်ထိန်းသူ များထံ ပြန်လည် အပ်နှံ
Wednesday, May 14, 2014

ကေအိုင်အေ (ကချင်) လက်နက်ကိုင် အဖွဲ့၊ တပ်မဟာ (၁)၊ တပ်ရင်း(၄)မှ အင်အား ၃ဝ ဦးခန့်သည် မေ ၃ရက် နံနက် ၁၁နာရီက မြစ်ကြီးနားမှ မေခ-မလိခ မြစ်ဆုံသို့ သွားသော လမ်းကြောင်းပေါ်ရှိ ဒွန်ဂန်ရွာ အနီးတွင် မောင်ဖြိုးဖြိုး ၂၃နှစ်(ဘ)ဦးမြင့်လွင် အပါအဝင် ငါးဦး၊ ညနေ ၃နာရီခွဲတွင် အာလမ်ကျေးရွာ ကချင်ချောင်းသာ(ခေါ်) ရှန်ဂရီလာ အပန်းဖြေစခန်းမှ မောင်ညီချစ် ၁၇ နှစ်(ဘ) ဦးဖိုးချစ် အပါအဝင် ငါးဦး၊ ည ၁ဝ နာရီတွင် အူဗျစ်ကျေးရွာမှ မောင်တူးရိန် ၂ဝ နှစ်(ဘ) ဦးဇော်မိုင် အပါအဝင် ခုနစ်ဦးအား လည်းကောင်း၊ မေ ၇ ရက် ညသန်းခေါင်ချိန်တွင် တန်ဖဲကျေးရွာ မြစ်ဆုံအနီး အလုပ်သမား နေအိမ်များမှ ၃၇ဦးအား လည်းကောင်း၊ မေ ၈ ရက် ညနေ ၅ နာရီခန့်တွင် ဖုန်အင်ခ ကျေးရွာအနောက်ဘက် တောတွင်း သစ်ဥသစ်ဖု ရှာဖွေနေသူ ဦးခီးဦးဆာပါ ၄ဝ နှစ်(ဘ) ဦးတီးမေကျော် အပါအဝင်သုံးဦး စုစုပေါင်း ၅၇ ဦး တို့အား အသီးသီး ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

အဆိုပါ ဖမ်းဆီး သွားသူများအား ပြန်လည် စေလွှတ်ပေးရေး သက်ဆိုင်ရာ အဖွဲ့အစည်း များမှတစ်ဆင့် အကြောင်းကြား ခဲ့သော်လည်း အချိန်မီ စေလွှတ်ပေးခြင်း မရှိ၍ နယ်မြေခံ တပ်မတော် စစ်ကြောင်းများဖြင့် ရှင်းလင်းရှာ ဖွေခြင်း များ ဆောင်ရွက်ခဲ့ရာ တီယန်ဇွတ် ကျေးရွာအနီး ပလောင်ရွာမှ မောင်ဖြိုးဖြိုး အပါအဝင် ၁၂ ဦး၊ အီဂျစ်ရွာ အနောက်တောင်ဘက် တောတွင်းတစ်နေရာမှ နှစ်ဦး၊ မြစ်ဆုံကျေးရွာ အနောက်ဘက် တောတွင်း တစ်နေရာမှ လေးဦး စုစုပေါင်း ၁၈ဦးအား ပြန်လည် ရှာဖွေ ကယ် ဆယ် နိုင်ခဲ့ပြီး မေ ၁၂ရက် နံနက် ၁ဝ နာရီခွဲတွင် မြစ်ဆုံ စည်ပင် သာယာ ရိပ်သာ၌ သက်ဆိုင်ရာ မိဘ အုပ်ထိန်းသူ များထံသို့ ကောင်းမွန်စွာ ပြန်လည် အပ်နှံ ပေးခဲ့သည်။

ဖမ်းဆီးခံရသူများ အနက် ပြန်လည် လွတ်မြောက်ရန် ကျန်သူ ၃၉ ဦးရှိရာ ၎င်းတို့အထဲတွင် ပညာသင်ကြားနေဆဲ လေးဦး၊ အမျိုးသမီး ငယ်လေးဦး ပါဝင်ကြောင်းနှင့် ကျန်ရှိ သူအားလုံးအား အန္တရာယ်မပြုဘဲ အမြန်ဆုံး ပြန်လည် စေလွှတ် ပေးနိုင်ရေး အတွက် ဒေသခံများမှ နိုင်ငံတော် အစိုးရနှင့် ကုလသမဂ္ဂ ဌာနေ ကိုယ် စားလှယ်ရုံး အပါအဝင် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများသို့ အကူအညီေ တာင်းခံစာများ ပေးပို့ထားကြောင်း သိရှိရပြီး နယ်မြေခံ တပ်မတော် စစ်ကြောင်း များမှလည်း ရှာဖွေ ရေး လုပ်ငန်း များ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ
ကေအိုင်အေ (ကချင်) လက်နက်ကိုင် အဖွဲ့၊ တပ်မဟာ (၁)၊ တပ်ရင်း(၄)မှ အင်အား ၃ဝ ဦးခန့်သည် မေ ၃ရက် နံနက် ၁၁နာရီက မြစ်ကြီးနားမှ မေခ-မလိခ မြစ်ဆုံသို့ သွားသော လမ်းကြောင်းပေါ်ရှိ ဒွန်ဂန်ရွာ အနီးတွင် မောင်ဖြိုးဖြိုး ၂၃နှစ်(ဘ)ဦးမြင့်လွင် အပါအဝင် ငါးဦး၊ ညနေ ၃နာရီခွဲတွင် အာလမ်ကျေးရွာ ကချင်ချောင်းသာ(ခေါ်) ရှန်ဂရီလာ အပန်းဖြေစခန်းမှ မောင်ညီချစ် ၁၇ နှစ်(ဘ) ဦးဖိုးချစ် အပါအဝင် ငါးဦး၊ ည ၁ဝ နာရီတွင် အူဗျစ်ကျေးရွာမှ မောင်တူးရိန် ၂ဝ နှစ်(ဘ) ဦးဇော်မိုင် အပါအဝင် ခုနစ်ဦးအား လည်းကောင်း၊ မေ ၇ ရက် ညသန်းခေါင်ချိန်တွင် တန်ဖဲကျေးရွာ မြစ်ဆုံအနီး အလုပ်သမား နေအိမ်များမှ ၃၇ဦးအား လည်းကောင်း၊ မေ ၈ ရက် ညနေ ၅ နာရီခန့်တွင် ဖုန်အင်ခ ကျေးရွာအနောက်ဘက် တောတွင်း သစ်ဥသစ်ဖု ရှာဖွေနေသူ ဦးခီးဦးဆာပါ ၄ဝ နှစ်(ဘ) ဦးတီးမေကျော် အပါအဝင်သုံးဦး စုစုပေါင်း ၅၇ ဦး တို့အား အသီးသီး ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

အဆိုပါ ဖမ်းဆီး သွားသူများအား ပြန်လည် စေလွှတ်ပေးရေး သက်ဆိုင်ရာ အဖွဲ့အစည်း များမှတစ်ဆင့် အကြောင်းကြား ခဲ့သော်လည်း အချိန်မီ စေလွှတ်ပေးခြင်း မရှိ၍ နယ်မြေခံ တပ်မတော် စစ်ကြောင်းများဖြင့် ရှင်းလင်းရှာ ဖွေခြင်း များ ဆောင်ရွက်ခဲ့ရာ တီယန်ဇွတ် ကျေးရွာအနီး ပလောင်ရွာမှ မောင်ဖြိုးဖြိုး အပါအဝင် ၁၂ ဦး၊ အီဂျစ်ရွာ အနောက်တောင်ဘက် တောတွင်းတစ်နေရာမှ နှစ်ဦး၊ မြစ်ဆုံကျေးရွာ အနောက်ဘက် တောတွင်း တစ်နေရာမှ လေးဦး စုစုပေါင်း ၁၈ဦးအား ပြန်လည် ရှာဖွေ ကယ် ဆယ် နိုင်ခဲ့ပြီး မေ ၁၂ရက် နံနက် ၁ဝ နာရီခွဲတွင် မြစ်ဆုံ စည်ပင် သာယာ ရိပ်သာ၌ သက်ဆိုင်ရာ မိဘ အုပ်ထိန်းသူ များထံသို့ ကောင်းမွန်စွာ ပြန်လည် အပ်နှံ ပေးခဲ့သည်။

ဖမ်းဆီးခံရသူများ အနက် ပြန်လည် လွတ်မြောက်ရန် ကျန်သူ ၃၉ ဦးရှိရာ ၎င်းတို့အထဲတွင် ပညာ သင်ကြားနေဆဲ လေးဦး၊ အမျိုးသမီး ငယ်လေးဦး ပါဝင်ကြောင်းနှင့် ကျန်ရှိ သူအားလုံးအား အန္တရာယ်မပြုဘဲ အမြန်ဆုံး ပြန်လည် စေလွှတ် ပေးနိုင်ရေး အတွက် ဒေသခံများမှ နိုင်ငံတော် အစိုးရနှင့် ကုလသမဂ္ဂ ဌာနေ ကိုယ် စားလှယ်ရုံး အပါအဝင် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများသို့ အကူအညီေ တာင်းခံစာများ ပေးပို့ထားကြောင်း သိရှိရပြီး နယ်မြေခံ တပ်မတော် စစ်ကြောင်း များမှလည်း ရှာဖွေ ရေး လုပ်ငန်း များ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment