Thursday 15 May 2014

အမေရိကန်ကို ရထားလမ်းဖြင့် ဆက်သွယ်နိုင်ရန် တရုတ် စီစဉ်နေ

Photo: အမေရိကန်ကို ရထားလမ်းဖြင့် ဆက်သွယ်နိုင်ရန် တရုတ် စီစဉ်နေ
Thursday, May 15, 2014

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံကြား လေယာဉ်ပျံမစီးဘဲ ခရီးသွား လာနိုင်မည်ဆိုသည့် စိတ်ကူးမှာ လူတိုင်းအတွက် ရယ်စရာသက်သက်ဟု ထင်နိုင်ပေသည်။ သို့သော် တရုတ်နိုင်ငံ အနေဖြင့် ထိုသို့ ခရီးသွား လာနိုင်ကြော င်း အနာဂတ်ကာလတွင် သက်သေပြလာနိုင်ဖွယ်ရှိနေသည်။ Beijing Times က မေလ ၈ ရက်တွင် ဖော်ပြခဲ့သော သတင်းအရ တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ဆက်သွယ်မည့် မြန်နှုန်းမြင့် ရထားလမ်းသစ်တစ်ခု တည်ဆောက်သွားရန် အလေးအနက် စဉ်းစားစီစဉ်နေကြောင်း သိရသည်။

ဘေဂျင်းအစိုးရက လက်ရှိ စဉ်းစားထားသည့် အဆိုပါ မြန်နှုန်းမြင့် ရထား လမ်းကြောင်းမှာ တရုတ် အရှေ့မြောက်ပိုင်းဒေသမှ စတင်ပြီး ဆိုက်ဘီးရီးယား ကို ဖြတ်သန်းကာ ဆိုက်ဘီးရီးယားနှင့် အမေရိကန်ပြည်ထောင်စု ၏ အလက်စကာပြည်နယ်ကို ပိုင်းခြားထားသော ဘာရင်းရေလက်ကြားသို့ ရောက်ရှိမည်ဖြစ်သည်။ ထို့နောက် ဘာရင်းရေလက်ကြားတွင် မြေအောက် ဥမင်လှိုဏ်ခေါင်းတစ်ခု တည်ဆောက်ကာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်း၍ ရုရှားနှင့် အလက်စကာသို့ ရောက်ရှိမည်ဖြစ်သည်။ ဆက်လက်၍ ရထားလမ်းကြောင်းမှာ ကနေဒါကို ဖြတ်သန်းသွားပြီးနောက် အမေရိကန်သို့ ရောက်ရှိမည်ဟု စီစဉ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံက စီစဉ်ထားသည့် အဆိုပါ မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းတွင် အဓိက စိန်ခေါ်မှုဖြစ်လာနိုင်သည့် အပိုင်းမှာ ဘာရင်းရေလက်ကြား ကို ဖြတ်သန်းနိုင်ရန်အတွက် ပင်လယ်သမုဒ္ဒရာရေအောက် ဥမင်လှိုဏ်ခေါင်း ဖောက်လုပ်ရမည်လုပ်ငန်း ဖြစ်သည်။ တွက်ချက်မှုများအရ ဘာရင်းရေလက်ကြားကို ဖြတ်သန်းမည့် ဥမင်လှိုဏ်ခေါင်းမှာ ၁၂၅ မိုင်ရှည်လျားမည်ဖြစ်ရာ လှိုဏ်ခေါင်းဖောက်လုပ်ရေး ဆောင်ရွက်မည့် အင်ဂျင်နီယာများအတွက် ကြီးမားသည့် စိန်ခေါ်မှုပင်ဖြစ်သည်။ ဘာရင်းရေလက်ကြားဖြတ် ဥမင်လှိုဏ်ခေါင်းမှာ ဗြိတိန်နှင့်ပြင်သစ်ကို ဆက်သွယ်ထားသော Channel ဥမင်လှိုဏ်ခေါင်းထက် ၄ ဆ ပိုမိုရှည်လျားမည် ဖြစ်သည်။

တရုတ်နိုင်ငံက စီစဉ်ထားသော အမေရိကန်ပြည်ထောင်စုနှင့် ဆက်သွယ်မည့် မြန်နှုန်းမြင့် ရထားလမ်းမှာ စုစုပေါင်း မိုင် ၈,၁၀၀ ရှည်လျားမည်ဖြစ်ကြောင်းThe Guardian သတင်းစာတွင် ဖော်ပြသည်။ လက်ရှိတွင် အဆိုပါ မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းကို တရုတ်-ရုရှား-ကနေဒါ-အမေရိက (China-Russia-Canada-America) ရထားလမ်းအဖြစ် သတ်မှတ်ထားသည်။ အဆိုပါ မြန်နှုန်းမြင့် ရထားလမ်းတွင် ပျမ်းမျှ တစ်နာရီလျင် မိုင် ၂၂၀ နှုန်း ခုတ်မောင်းသော ရထားဖြင့် သွားမည်ဆိုပါက ခရီးစဉ် အစအဆုံး ၂ ရက်ကြာမြင့်မည်ဖြစ်သည်။ China Daily သတင်းစာတွင် ဖော်ပြမှုအရ ရထားလမ်းစီမံကိန်းကို တရုတ်နိုင်ငံက အကုန်အကျခံ တည်ဆောက်သွားမည်ဟုဆိုသည်။ သို့သော် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ပြောကြားခြင်း မရှိသေးချေ။

ရထားလမ်းစီမံကိန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာနိုင်ငံများနှင့် ဆွေးနွေး မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ရုရှားမှာ နှစ်အတန်ကြာကတည်းက ယခုစီမံကိန်းကို စဉ်းစားနေခဲ့ကြောင်း Chinese Academy of Engineering မှ ဝမ်မင်ရှုက ပြောကြားသည်။ တရုတ်နိုင်ငံက စီစဉ်ထားသည့် မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍ မေးခွန်းပေါင်းများစွာ ရှိနေသေးသည်။ ရထားလမ်း ဖောက်လုပ်မှု ကျွမ်းကျင်သူများက ယခုစီမံကိန်းကို အားပေးထောက်ခံကြောင်း ပြောကြားမှုများ မရှိသေးသလို အမေရိကန် သို့မဟုတ် ကနေဒါကလည်း ရထားလမ်းနှင့် ပတ်သက်၍ အကြံပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိ မရှိ မသေချာကြောင်း The Guardian သတင်းစာက ပြောကြားသည်။

Beijing Times သတင်းစာ၏အဆိုအရ တရုတ်နှင့် အမေရိကန် ဆက်သွယ်မည့် ရထားလမ်း တည်ဆောက်ရေးမှာ ဘေဂျင်းအစိုးရက ရည်မှန်းထားသည့် အနာဂတ် ရထားလမ်းစီမံကိန်းကြီး ၄ ခုအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ အခြား စီမံကိန်းကြီး ၃ ခုတွင် တရုတ်နှင့် လန်ဒန်ကို ဆက်သွယ်မည့် ရထားလမ်း၊ တရုတ်နှင့် အီရန်၊ တူရကီတို့ကို ဆက်သွယ်မည့် ရထားလမ်း၊ တရုတ်နှင့် စင်္ကာပူကို ဆက်သွယ်မည့် ရထားလမ်း စီမံကိန်းတို့ ဖြစ်သည်။ တရုတ်-လန်ဒန် ရထားလမ်းမှာ ပဲရစ်၊ ဘာလင်နှင့် မော်စကိုမြို့တွင် ခေတ္တရပ်နားမည်ဖြစ်သည်။ အလားတူပင် တရုတ်-စင်္ကာပူ ရထားလမ်းကြောင်းမှာလည်း ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မလေးရှား နိုင်ငံများတွင် ခေတ္တဝင်ရောက်ရပ်နားမည့် အစီအစဉ်များပါဝင်ကြောင်း သိရှိရသည်။

Planet Myanmar Network
အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံကြား လေယာဉ်ပျံမစီးဘဲ ခရီးသွား လာနိုင်မည်ဆိုသည့် စိတ်ကူး မှာ လူတိုင်းအတွက် ရယ်စရာသက်သက်ဟု ထင်နိုင်ပေသည်။ သို့သော် တရုတ်နိုင်ငံ အနေဖြင့် ထိုသို့ ခရီး သွား လာနိုင်ကြော င်း အနာဂတ်ကာလတွင် သက်သေပြလာနိုင်ဖွယ်ရှိနေသည်။ Beijing Times က မေလ ၈ ရက်တွင် ဖော်ပြခဲ့သော သတင်းအရ တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ဆက် သွယ် မည့် မြန်နှုန်းမြင့် ရထားလမ်းသစ်တစ်ခု တည်ဆောက်သွားရန် အလေးအနက် စဉ်းစား စီစဉ်နေကြောင်း သိရသည်။
ဘေဂျင်းအစိုးရက လက်ရှိ စဉ်းစားထားသည့် အဆိုပါ မြန်နှုန်းမြင့် ရထား လမ်းကြောင်းမှာ တရုတ် အရှေ့မြော က် ပိုင်းဒေသမှ စတင်ပြီး ဆိုက်ဘီးရီးယား ကို ဖြတ်သန်းကာ ဆိုက်ဘီးရီးယားနှင့် အမေရိ ကန်ပြည်ထောင် စု ၏ အလက်စကာပြည်နယ်ကို ပိုင်းခြားထားသော ဘာရင်းရေလက်ကြား သို့ ရောက်ရှိ မည်ဖြစ်သည်။ ထို့နောက် ဘာရင်းရေလက်ကြားတွင် မြေအောက် ဥမင်လှိုဏ်ခေါင်းတစ်ခု တည်ဆောက် ကာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်း၍ ရုရှားနှင့် အလက်စကာသို့ ရောက်ရှိမည်ဖြစ်သည်။ ဆက်လက်၍ ရထားလမ်းကြောင်းမှာ ကနေဒါကို ဖြတ်သန်းသွားပြီးနောက် အမေရိကန်သို့ ရောက်ရှိမည်ဟု စီစဉ် ထားကြောင်း သိရသည်။

တရုတ်နိုင်ငံက စီစဉ်ထားသည့် အဆိုပါ မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းတွင် အဓိက စိန်ခေါ်မှုဖြစ်လာနိုင် သည့် အပိုင်းမှာ ဘာရင်းရေလက်ကြား ကို ဖြတ်သန်းနိုင်ရန်အတွက် ပင်လယ်သမုဒ္ဒရာရေအောက် ဥမင် လှိုဏ်ခေါင်း ဖောက်လုပ်ရမည်လုပ်ငန်း ဖြစ်သည်။ တွက်ချက်မှုများအရ ဘာရင်းရေလက်ကြား ကို ဖြတ် သန်းမည့် ဥမင်လှိုဏ်ခေါင်းမှာ ၁၂၅ မိုင်ရှည်လျားမည်ဖြစ်ရာ လှိုဏ်ခေါင်းဖောက်လုပ်ရေး ဆောင်ရွက်မည့် အင်ဂျင်နီယာများအတွက် ကြီးမားသည့် စိန်ခေါ်မှုပင်ဖြစ်သည်။ ဘာရင်းရေလက်ကြားဖြတ် ဥမင် လှိုဏ်ခေါင်းမှာ ဗြိတိန်နှင့်ပြင်သစ်ကို ဆက်သွယ်ထားသော Channel ဥမင်လှိုဏ်ခေါင်းထက် ၄ ဆ ပိုမို ရှည်လျား မည် ဖြစ်သည်။

တရုတ်နိုင်ငံက စီစဉ်ထားသော အမေရိကန်ပြည်ထောင်စုနှင့် ဆက်သွယ်မည့် မြန်နှုန်းမြင့် ရထားလမ်းမှာ စုစုပေါင်း မိုင် ၈,၁၀၀ ရှည်လျားမည်ဖြစ်ကြောင်းThe Guardian သတင်းစာတွင် ဖော်ပြသည်။ လက်ရှိတွင် အဆိုပါ မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းကို တရုတ်-ရုရှား-ကနေဒါ-အမေရိက (China-Russia-Canada-America) ရထားလမ်းအဖြစ် သတ်မှတ်ထားသည်။ အဆိုပါ မြန်နှုန်းမြင့် ရထားလမ်းတွင် ပျမ်းမျှ တစ်နာရီ လျင် မိုင် ၂၂၀ နှုန်း ခုတ်မောင်းသော ရထားဖြင့် သွားမည်ဆိုပါက ခရီးစဉ် အစအဆုံး ၂ ရက်ကြာမြင့် မည်ဖြစ်သည်။ China Daily သတင်းစာတွင် ဖော်ပြမှုအရ ရထားလမ်းစီမံကိန်းကို တရုတ်နိုင်ငံက အကုန်အကျခံ တည်ဆောက်သွားမည်ဟုဆိုသည်။ သို့သော် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ပြောကြားခြင်း မရှိသေးချေ။

ရထားလမ်းစီမံကိန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာနိုင်ငံများနှင့် ဆွေးနွေး မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ရုရှားမှာ နှစ်အတန်ကြာကတည်းက ယခုစီမံကိန်းကို စဉ်းစားနေခဲ့ကြောင်း Chinese Academy of Engineering မှ ဝမ်မင်ရှုက ပြောကြားသည်။ တရုတ်နိုင်ငံက စီစဉ်ထားသည့် မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍ မေးခွန်းပေါင်းများစွာ ရှိနေသေးသည်။ ရထားလမ်း ဖောက်လုပ်မှု ကျွမ်းကျင်သူ များက ယခုစီမံကိန်းကို အားပေးထောက်ခံကြောင်း ပြောကြားမှုများ မရှိသေးသလို အမေရိကန် သို့မဟုတ် ကနေဒါကလည်း ရထားလမ်းနှင့် ပတ်သက်၍ အကြံပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိ မရှိ မသေ ချာကြောင်း The Guardian သတင်းစာက ပြောကြားသည်။

Beijing Times သတင်းစာ၏အဆိုအရ တရုတ်နှင့် အမေရိကန် ဆက်သွယ်မည့် ရထားလမ်း တည်ဆောက်ရေးမှာ ဘေဂျင်းအစိုးရက ရည်မှန်းထားသည့် အနာဂတ် ရထားလမ်းစီမံကိန်းကြီး ၄ ခုအနက် တစ် ခုဖြစ်ကြောင်း သိရသည်။ အခြား စီမံကိန်းကြီး ၃ ခုတွင် တရုတ်နှင့် လန်ဒန်ကို ဆက်သွယ်မည့် ရထားလမ်း၊ တရုတ်နှင့် အီရန်၊ တူရကီတို့ကို ဆက်သွယ်မည့် ရထားလမ်း၊ တရုတ်နှင့် စင်္ကာပူကို ဆက် သွယ်မည့် ရထားလမ်း စီမံကိန်းတို့ ဖြစ်သည်။ တရုတ်-လန်ဒန် ရထားလမ်းမှာ ပဲရစ်၊ ဘာလင်နှင့် မော် စကိုမြို့တွင် ခေတ္တရပ်နားမည်ဖြစ်သည်။ အလားတူပင် တရုတ်-စင်္ကာပူ ရထားလမ်းကြောင်းမှာလည်း ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မလေးရှား နိုင်ငံများတွင် ခေတ္တဝင်ရောက်ရပ်နားမည့် အစီအစဉ်များ ပါဝင်ကြောင်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment