Thursday 15 May 2014

အဝေးသင်တက္ကသိုလ် အဖြေလွှာ စာစဉ်များကို ဝန်ထမ်းများ အငှားဖြေဆိုပေးပါက အရေးယူမည်

Photo: အဝေးသင်တက္ကသိုလ် အဖြေလွှာ စာစဉ်များကို ဝန်ထမ်းများ အငှားဖြေဆိုပေးပါက အရေးယူမည်

ရန်ကုန်၊ မေ ၁၄

ရန်ကုန်နှင့် မန္တလေး အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားမှု စစ်ဆေးသော အဖြေလွှာ စာစဉ် (Assignment) ကို အငှားဖြေဆိုပေးသည့် ဝန်ထမ်းများ စစ်ဆေးတွေ့ရှိ ပါက ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း ရန်ကုန် အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က The Voice သို့ ပြောကြားသည်။

သက်ဆိုင်ရာ တက္ကသိုလ်ဝန်ထမ်း များကိုလည်း အဖြေလွှာစာစဉ်ကို ကိုယ်စားဖြေဆိုခြင်း မပြုရန် တင်းကျပ် ထားပြီး ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ဖြေဆိုရန် လမ်းညွှန်စာအုပ် များတွင်လည်း စာစဉ်ရေးသားပုံ နည်းလမ်းများ ထည့်သွင်းပေးထားကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

သို့သော် အဝေးသင် ကျောင်းဖွင့်စဉ် ကာလတွင် စာစဉ်တစ်စောင်လျှင် ကျပ်ရှစ်ထောင်မှ တစ်သောင်းကြားအထိ အငှားဖြေဆိုသူများထံ ပေးနေရသေးကြောင်း တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
“အခကြေးငွေနဲ့ စာစဉ် (Assignment) ကို ရေးပေးတယ်ဆိုတာ ဝမ်းစာအတွက် ဆိုပေမယ့် နိုင်ငံရဲ့ပညာရေးကို ဖျက်ဆီးတာပဲ” ဟု ဒေါက်တာလှတင့်က အကြံပြု ပြောဆိုသည်။

ယင်းအပြင် အဝေးသင် စာစဉ်များအတွက် အဆင်သင့်ဖြေဆိုပြီး စာအုပ်များကို ဈေးကွက်အတွင်း ဖြန့်ချိ ရောင်းချလျက်ရှိပြီး အဆိုပါစာအုပ် ရောင်းချသူများကို အရေးယူရန် မစီစဉ်ထားကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

အဝေးသင် စာမေးပွဲများတွင် အမှတ်ပေးစနစ်များကို တင်းကျပ်လိုက်သည့်အတွက် စာစဉ်များကို ကိုယ်တိုင် လေ့လာထားမှသာ စာမေးပွဲ အောင်မြင်ရန် အခွင့်အလမ်း ပိုများနိုင်ကြောင်း၊ အဝေးသင် ပညာရေးတွင် သင်ကြားချိန် လိုအပ်ချက်ကြောင့် အချိန်မရွေး သင်ယူနိုင်ရန် သင်ခန်းစာအခွေများ ရောင်းချလျက် ရှိကြောင်း ဒေါက်တာလှတင့်က ပြောကြားသည်။

“Assignment ဖြေတာက အချိန်လည်းရတယ်။ အသင့်ဖြေပြီးသား စာအုပ်တွေကလည်း တစ်ထောင်နဲ့ ဝယ်လို့ရနေတော့ ကူးရေးရုံပဲလေ။ ပွဲစားနဲ့ ရေးခိုင်းတဲ့သူတွေတော့ ရှိတယ်” ဟု ရန်ကုန် အဝေးသင်တက္ကသိုလ် ရူပဗေဒ ဒုတိယ နှစ်ကျောင်းသားတစ်ဦးက ပြောဆိုသည်။

စာစဉ် အငှားဖြေဆိုသည့်စနစ် ဖြစ်ပေါ်လာခြင်းသည် ပညာရေးမူဝါဒ အားနည်းချက်များကြောင့် ဖြစ်သည့်အတွက် ယင်းမူဝါဒများကို ပြင်ဆင်ရေးဆွဲရန် အရေးကြီးကြောင်း မန္တလေး တက္ကသိုလ်မှ လက်ထောက ကထိကတစ်ဦးက ထောက်ပြ ပြောဆိုသည်။

ရန်ကုန်နှင့် မန္တလေး အဝေးသင်တက္ကသိုလ်တွင် ဌာနခွဲ ၃၅ ခုရှိပြီး နှစ်စဉ် ကျောင်းသား၊ ကျောင်းသူ ငါးသောင်းနီးပါး ဝင်ခွင့်လက်ခံလျက် ရှိသည်။
ရန်ကုန်နှင့် မန္တလေး အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားမှု စစ်ဆေးသော အဖြေလွှာ စာစဉ် (Assignment) ကို အငှားဖြေဆိုပေးသည့် ဝန်ထမ်းများ စစ်ဆေးတွေ့ရှိ ပါက ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း ရန်ကုန် အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က The Voice သို့ ပြောကြားသည်။
သက်ဆိုင်ရာ တက္ကသိုလ်ဝန်ထမ်း များကိုလည်း အဖြေလွှာစာစဉ်ကို ကိုယ်စားဖြေဆိုခြင်း မပြုရန် တင်းကျပ် ထားပြီး ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ဖြေဆိုရန် လမ်းညွှန်စာအုပ် များတွင်လည်း စာစဉ်ရေးသားပုံ နည်းလမ်းများ ထည့်သွင်းပေးထားကြောင်း ၎င်းက ထပ်လောင်းပြောကြား သည်။

သို့သော် အဝေးသင် ကျောင်းဖွင့်စဉ် ကာလတွင် စာစဉ်တစ်စောင်လျှင် ကျပ်ရှစ်ထောင်မှ တစ်သောင်း ကြားအထိ အငှားဖြေဆိုသူများ ထံ ပေးနေရသေးကြောင်း တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အသိုင်း အဝိုင်း ထံမှ စုံစမ်းသိရှိရသည်။ “အခကြေးငွေနဲ့ စာစဉ် (Assignment) ကို ရေးပေးတယ်ဆိုတာ ဝမ်းစာ အတွက် ဆိုပေမယ့် နိုင်ငံရဲ့ပညာရေးကို ဖျက်ဆီးတာပဲ” ဟု ဒေါက်တာလှတင့်က အကြံပြု ပြောဆိုသည်။

ယင်းအပြင် အဝေးသင် စာစဉ်များအတွက် အဆင်သင့်ဖြေဆိုပြီး စာအုပ်များကို ဈေးကွက် အတွင်း ဖြန့် ချိ ရောင်း ချ လျက်ရှိပြီး အဆိုပါစာအုပ် ရောင်းချသူများကို အရေးယူရန် မစီစဉ်ထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

အဝေးသင် စာမေးပွဲများတွင် အမှတ်ပေးစနစ်များကို တင်းကျပ်လိုက်သည့် အတွက် စာစဉ်များကို ကိုယ် တိုင် လေ့လာထားမှသာ စာမေးပွဲ အောင်မြင်ရန် အခွင့်အလမ်း ပိုများနိုင်ကြောင်း၊ အဝေးသင် ပညာရေး တွင် သင်ကြားချိန် လိုအပ်ချက်ကြောင့် အချိန်မရွေး သင်ယူနိုင်ရန် သင်ခန်းစာအခွေများ ရောင်းချလျက် ရှိကြောင်း ဒေါက်တာလှတင့်က ပြောကြားသည်။

“Assignment ဖြေတာက အချိန်လည်းရတယ်။ အသင့်ဖြေပြီးသား စာအုပ်တွေကလည်း တစ်ထောင်နဲ့ ဝယ်လို့ ရနေတော့ ကူးရေးရုံပဲလေ။ ပွဲစားနဲ့ ရေးခိုင်းတဲ့သူတွေတော့ ရှိတယ်” ဟု ရန်ကုန် အဝေးသင် တက္ကသိုလ် ရူပဗေဒ ဒုတိယ နှစ်ကျောင်းသားတစ်ဦးက ပြောဆိုသည်။

စာစဉ် အငှားဖြေဆိုသည့်စနစ် ဖြစ်ပေါ်လာခြင်းသည် ပညာရေးမူဝါဒ အားနည်းချက်များကြောင့် ဖြစ်သည့် အတွက် ယင်းမူဝါဒများကို ပြင်ဆင်ရေးဆွဲရန် အရေးကြီးကြောင်း မန္တလေး တက္ကသိုလ်မှ လက်ထောက ကထိကတစ်ဦးက ထောက်ပြ ပြောဆိုသည်။

ရန်ကုန်နှင့် မန္တလေး အဝေးသင်တက္ကသိုလ်တွင် ဌာနခွဲ ၃၅ ခုရှိပြီး နှစ်စဉ် ကျောင်းသား၊ ကျောင်းသူ ငါးသောင်းနီးပါး ဝင်ခွင့်လက်ခံလျက် ရှိသည်။

The voice Weekly

No comments:

Post a Comment