Thursday 15 May 2014

ကျောက်တန်းမြို့နယ် ဥယျာဉ်ကျေးရွာစေတီ ရောင်ပြန်အရိပ် ကျရောက်မှုကြောင့် ဖူးမြော်သူများပြားနေ


ရန်ကုန်၊ ရန်ကုန်တိုင်းဒေသကြီး ကျောက် တန်းမြို့နယ် ဥယျာဉ်ကျေးရွာ ရှိ ရွှေဂူ ဘုရားကြီးစေတီ မှ ရောင်ပြန် အရိပ် ကျ ရောက်နေမှုကြောင့် ရပ်နီးရပ်ဝေးမှ ဘုရားဖူးများလာရောက်မှုများပြားနေ ကြောင်း သိရသည်။
အဆိုပါဥယျာဉ်ကျေးရွာ ရွှေဂူဘု ရားကြီးကျောင်းတိုက်အတွင်းတွင် တည် ထားကိုးကွယ်လျက်ရှိသော ရွှေဂူ ဘုရား ကြီးစေတီတော်မှ မျက်နှာချင်းဆိုင်ဘက် တွင်ရှိသည့် သမ္ပတ္တိကျောင်းဆောင်အ တွင်းနံရံရှိ အပေါက်ငယ်များမှ ကျရောက် လာသောအရိပ်များကို အဝတ် သို့မ ဟုတ် ဖျင်စ စသည့်ပြန့်သော အရာတစ် ခုခုဖြင့်ခံယူပြီးကြည့်ရှုပါ က စေတီတော် ၏ ပုံတော်အပြင် ကပ်လှူထားသောရွှေ သင်္ကန်း အရောင်၊ စေတီ၏ အနောက်မှ သစ်ပင်နှင့်အခြားအရာဝတ္ထုများ၏ အ ရောင်များသည် ပြောင်းပြန် ပုံရိပ် ကျ ရောက်နေပြီး ယင်းပုံရိပ် တွင် ကာလာ ဓာတ်ပုံရိုက်ထားသကဲ့သို့ ဖြစ်ပေါ်နေ ခြင်းဖြစ်သည် ဟု ဂေါပက အဖွဲ့မှ ဦးဆန်း မောင် က ပြောသည်။

ယင်းက ''ကျောင်းသားလေးတစ် ယောက်က ဆွမ်းတက်ကပ်တော့ 'ဘုရား က အရောင်တွေပေါ်နေတယ်။
အရောင် တွေ ပေါ်နေတယ်' ဆိုပြီးပြောတော့ မှ ရွာထဲကလူတွေ၊ တခြားရွာကလူတွေက လာဖူးကြ တယ်ပေါ့။ နောက်ပိုင်း ထောက် လှမ်းရေးတွေ လာပြီးစစ်ကြသေးတယ်။ သူတို့လဲ ဘာတွေများလုပ်ထား လဲပေါ့။ ဟိုတက်ကြည့်၊ ဒီတက်ကြည့်နဲ့။ နောက် တော့ ဘာမှမတွေ့ဘဲ ပြန်သွားတယ်''ဟု ပြောသည်။

အဆိုပါဥယျာဉ်ကျေးရွာသို့ သွား ရောက်မည်ဆိုပါက ရန်ကုန်မြို့မှတစ် ဆင့် ကျောက်တန်းမြို့နယ် တစ်ဖက်ကမ်း သို့ကူးကာ ဥယျာဉ်ကျေးရွာသို့ ကားငှား ၍ လာရောက်နိုင်သည့်အပြင် ကျောက် တန်းဆိပ် ကမ်း မှ လည်း စက်လှေဖြင့် သွားရောက်နိုင်ကြောင်း သိရသည်။ 

အဆိုပါဥယျာဉ်ကျေးရွာတွင် ယခင်ပါဒခေတ်၏စေတီ ကုန်းကိုးကုန်းရှိရာတွင် ယင်းရွှေဂူဘုရားကြီးစေတီ နေ ရာ မှာ တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ သက္ကရာဇ် ၁၂၇၂ ခုနှစ်တွင် ဥယျာဉ် ကျေးရွာမှ ဦးရွှေသဲနှင့်ဒေါ်ငွေဥတို့က စတင်ကာ သစ်သားကျောင်းတစ် ကျောင်းကိုဆောက်လုပ်လှူဒါန်းခဲ့ပြီး ၁၂၇၄ ခုနှစ် 'မဟာကဉ္စနဂုဟာ'ဘွဲ့တော် ဖြင့် ရွှေဂူဘုရားကြီးစေတီတော်အား ကျောင်း အရှေ့ဘက် ရှိ စေတီပျက်ဂဝံ ကုန်းတော်ပေါ်တွင် ပြန်လည်တည် ထားကိုးကွယ် ခဲ့ကြောင်း ရွှေဂူဘုရား ကြီးစေတီတော် သမိုင်းမှ သိရသည်။

Yangon Media Group

No comments:

Post a Comment