Thursday 15 May 2014

ရွေးကောက်ပွဲမဲဆွယ် စည်းရုံးခွင့်နှင့် ပတ်သက်၍ နိုင်ငံရေး ပါတီများနှင့် ရွေးကောက်ပွဲကော်မရှင် ယနေ့ တွေ့ဆုံမည်


ရွေးကောက်ပွဲကော်မရှင်၏ မဲဆွယ် စည်းရုံး ခွင့်ဆိုင်ရာ စည်းကမ်းချက်များနှင့် ပတ်သက်၍ နိုင်ငံရေး ပါတီများ နှင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ဝင်များ ယနေ့တွေ့ဆုံ ဆွေးနွေးသွား မည် ဖြစ်ကြော င်း နိုင်ငံရေးပါတီများ ထံမှ သိရသည်။ ယင်းကဲ့သို့ တွေ့ဆုံ ဆွေးနွေးနိုင်ရန် အတွက် နိုင်ငံရေး ပါတီ ခုနစ်ပါတီ တို့သည် ယမန်နေ့က အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) ရုံးချုပ်တွင် အကြို ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ယင်းညှိနှိုင်းပွဲ တွင် ၂၀၁၅ ခုနှစ် မဲဆွယ် စည်းရုံးခွင့် စည်းကမ်းချက်များ၏ အားသာချက် အားနည်းချက်များအား ဆွေးနွေးခဲ့ကြောင်း အဆိုပါ ညှိနှိုင်းပွဲ မှ သိရသည်။
ကျွန်တော်တို့ အနေနဲ့ ဒီ (၁၆) မျက်နှာပါတဲ့ စည်းကမ်းချက်တွေကို ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြမယ်၊ သူတို့ဘက်က လည်း လက်ခံစဉ်းစားပေးမယ်လို့ ယုံကြည် တယ်။ ဘယ်အချက်တွေလည်း ဆိုတာတော့ အတိအကျမပြောနိုင်သေးဘူး ဟု NDF ပါတီမှ ပြန်ကြားရေး ဆိုင်ရာ ပြောရေး ဆိုခွင့် ရှိသူ ဦးတိုးတိုး က ပြောသည်။ ယင်းကဲ့သို့ တွေ့ဆုံညှိနှိုင်းရာ၌ မိတ်ဆွေ ပါတီ (၁၁) ပါတီ အပါအ၀င် နိုင်ငံရေး ပါတီ (၆၅) ပါတီခန့် တွေ့ဆုံဆွေးနွေး သွားကြမည် ဖြစ်သည်။

အဓိက ကတော့ ဒီစည်းကမ်းချက် တွေမှာ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးလို့ ယူဆရတဲ့ အချက်တွေကို ကျွန်တော်တို့တင်ပြ သွားမယ်၊ တရားမျှတတယ်လို့ ယူဆရတာ တွေကို သဘောတူထောက်ခံ သွားမယ်”” ဟု မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ တွဲဘက် အတွင်း ရေးမှူး ဦးအောင်ကြီး ကပြောသည်။ အဆိုပါတွေ့ဆုံပွဲကိုယနေ့နံနက် (၉)နာရီတွင် ရန်ကုန်မြို့ရှိ Sky Star Hotel တွင်ပြုလုပ် မည်ဖြစ်ပြီး ရွေးကောက် ပွဲနှင့် ပတ် သက်သော အချက်အလက် အမျိုးမျိုးအား ညှိနှိုင်းဆွေးနွေးသွားကြ မည်ဖြစ်ကြောင်း သိရသည်။

Messenger News Journal

No comments:

Post a Comment