Thursday 15 May 2014

ပင်ပန်းနွမ်းနယ်မှုကို တိုင်းတာနိုင်မယ့် မျက်မှန်

Photo: ပင်ပန်းနွမ်းနယ်မှုကို တိုင်းတာနိုင်မယ့် မျက်မှန်
Thursday, May 15, 2014 

ဂျပန်နိုင်ငံက သုတေသီတွေဟာ မျက်မှန်တပ်ဆင်သူ ဘယ်လောက်ပင်ပန်းနေပြီး အိပ်ချင်နေ တယ်ဆိုတာမျိုးကို တပ်ဆင်သူရဲ့ မျက်လုံးလှုပ်ရှားမှုကို လိုက်ပြီးဖော်ပြနိုင်မယ့် မျက်မှန်တစ်မျိုး ကို တီထွင်လိုက်ပြီ  ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲသူရဲ့ မျက်လုံးလှုပ်ရှားမှုကို လိုက်ပြီး တပ်ဆင်ထားသူ ပင်ပန်းတယ်၊ အိပ်ချင်တယ် ဆိုတာမျိုးကို ဖော်ပြနိုင်မယ့် မျက်မှန်ကို တိုဟိုကို တက္ကသိုလ်က အာရုံကြောသိပံ်္ပဆိုင်ရာပညာရှင် " ရုတာခါဝါရှီမာ " က JIN  စတိုးဆိုင်နဲ့ ပူးပေါင်းပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
 
မျက်မှန်မှာ တပ်ဆင်ထားတဲ့ အာရုံခံစနစ်က မျက်လုံးအရွေ့မှာဖြစ်ပွားတဲ့ ဗို့အားအပြောင်းအလဲကို မှတ်တမ်း တင်ထားမှာဖြစ်ပါတယ်။ ဒါ့အပြင် မျက်မှန်တွေဟာ စမတ်ဖုန်းကို တခြားကိရိယာတွေနဲ့ ချိတ်ဆက်ပြီး မျက်တောင်ခတ်တဲ့ အကြိမ်အရေအတွက်နဲ့ ဘယ်လောက်မြန်မြန် မျက်တောင်ခတ် သွားတယ်ဆိုတာမျိုးကိုပါ ဖော်ပြနိုင်တယ်လို့ သိရပါတယ်။ ပင်ပန်းနွမ်းနယ်ပြီး အိပ်ချင်စိတ်ဖြစ်ကို အဆင့်(၃)မျိုးနဲ့ ဖော်ပြမှာဖြစ်ပါတယ်။ မျက်မှန်တပ်ထားသူဟာ ဆိုင်ကယ်မောင်းသူ ဖြစ်ပါက ပင်ပန်းမှုကြောင့် ဘယ်အချိန်မှာ ဆိုင်ကယ်ရပ်နားရမယ် ဆိုတာမျိုးကို ဂဏန်းတွေနဲ့ ပြသမှာ ဖြစ်ပါတယ်။
 
JIN စတိုးဥက္ကဋ္ဌ " ဟီတိုရှီတာနာကာ " ကတော့ ဒီမျက်မှန်ဟာ ယာဉ်မတော်တဆဖြစ်မှု တွေကို ကာကွယ်နိုင်မယ့်အပြင် အသုံးပြုသူတွေကို အလွန်အမင်း အလုပ်လုပ်တာမျိုးကိုလည်း ထိန်းပေးတာမျိုး လုပ်ပေးနိုင်မှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဒါ့အပြင် ဒီမျက်မှန်ကို ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှု အပိုင်းမှာလည်း အသုံးပြုနေကြပြီဖြစ်တယ်လို့ မစ္စတာ " ဟီတိုရှိ " က ပြောကြားထားပါတယ်။ မျက်မှန်တွေကိုတော့ လာမယ့်နှစ်မှာ ရောင်းချမှာ ဖြစ်တယ်လို့ သိရပါသည်။

MRTV-4
ဂျပန်နိုင်ငံက သုတေသီတွေဟာ မျက်မှန်တပ်ဆင်သူ ဘယ်လောက်ပင်ပန်းနေပြီး အိပ်ချင်နေ တယ်ဆိုတာ မျိုးကို တပ်ဆင်သူရဲ့ မျက်လုံးလှုပ်ရှားမှုကို လိုက်ပြီးဖော်ပြနိုင်မယ့် မျက်မှန်တစ်မျိုး ကို တီထွင်လိုက်ပြီ  ဖြစ် တယ် လို့ သိရပါတယ်။ သုံးစွဲသူရဲ့ မျက်လုံးလှုပ်ရှားမှုကို လိုက်ပြီး တပ်ဆင်ထားသူ ပင်ပန်းတယ်၊ အိပ်ချင်တယ် ဆိုတာမျိုးကို ဖော်ပြနိုင်မယ့် မျက်မှန်ကို တိုဟိုကို တက္ကသိုလ်က အာရုံကြောသိပံ်္ပဆိုင်ရာ ပညာရှင် " ရုတာခါဝါရှီမာ " က JIN  စတိုးဆိုင်နဲ့ ပူးပေါင်းပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
မျက်မှန်မှာ တပ်ဆင်ထားတဲ့ အာရုံခံစနစ်က မျက်လုံးအရွေ့မှာဖြစ်ပွားတဲ့ ဗို့အားအပြောင်းအလဲကို မှတ်တမ်း တင်ထားမှာဖြစ်ပါတယ်။ ဒါ့အပြင် မျက်မှန်တွေဟာ စမတ်ဖုန်းကို တခြားကိရိယာတွေနဲ့ ချိတ်ဆက်ပြီး မျက်တောင်ခတ်တဲ့ အကြိမ်အရေအတွက်နဲ့ ဘယ်လောက်မြန်မြန် မျက်တောင်ခတ် သွားတယ်ဆိုတာမျိုးကိုပါ ဖော်ပြနိုင်တယ်လို့ သိရပါတယ်။ ပင်ပန်းနွမ်းနယ်ပြီး အိပ်ချင်စိတ်ဖြစ်ကို အဆင့်(၃)မျိုးနဲ့ ဖော်ပြမှာဖြစ်ပါတယ်။ မျက်မှန်တပ်ထားသူဟာ ဆိုင်ကယ်မောင်းသူ ဖြစ်ပါက ပင်ပန်းမှုကြောင့် ဘယ်အချိန်မှာ ဆိုင်ကယ်ရပ်နားရမယ် ဆိုတာမျိုးကို ဂဏန်းတွေနဲ့ ပြသမှာ ဖြစ်ပါတယ်။

JIN စတိုးဥက္ကဋ္ဌ " ဟီတိုရှီတာနာကာ " ကတော့ ဒီမျက်မှန်ဟာ ယာဉ်မတော်တဆဖြစ်မှု တွေကို ကာ ကွယ်နိုင်မယ့် အပြင် အသုံးပြုသူတွေကို အလွန်အမင်း အလုပ်လုပ်တာမျိုးကိုလည်း ထိန်းပေးတာမျိုး လုပ်ပေးနိုင်မှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဒါ့အပြင် ဒီမျက်မှန်ကို ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှု အပိုင်း မှာလည်း အသုံးပြုနေကြပြီဖြစ်တယ်လို့ မစ္စတာ " ဟီတိုရှိ " က ပြောကြားထားပါတယ်။ မျက်မှန်တွေ ကိုတော့ လာမယ့်နှစ်မှာ ရောင်းချမှာ ဖြစ်တယ်လို့ သိရပါသည်။

MRTV-4

No comments:

Post a Comment