Thursday 15 May 2014

ရန်ကုန်မြို့တော်တွင် အချိန်ကြာမြင့်စွာ ရေလျှံမှု မဖြစ်ပွားစေရန် မြစ်ထွက်ပေါက်များကို ချဲ့ထွင် ရှင်းလင်းဟုဆို

Photo: ရန်ကုန်မြို့တော်တွင် အချိန်ကြာမြင့်စွာ ရေလျှံမှု မဖြစ်ပွားစေရန် မြစ်ထွက်ပေါက်များကို ချဲ့ထွင် ရှင်းလင်းဟုဆို

ရန်ကုန်၊ မေ ၁၄

ရန်ကုန်မြို့တွင်း မြို့နယ်များ၌ မိုးရွာချိန်တွင် အချိန်ကြာမြင့်စွာ ရေလျှံမှု မဖြစ်ပွားစေဘဲ အချိန်တိုအတွင်း ရေပြန်လည် ကျဆင်းနိုင်ရန် မြစ်အတွင်းသို့ ရေဆိုး စွန့်ထုတ်လျက် ရှိသော မြစ်ထွက်ပေါက် ရေနုတ်မြောင်းကြီးများကို အဓိကထား ရှင်းလင်း ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အဓိက ရေနုတ်မြောင်းများတွင် အမှိုက်များ ပိတ်ဆို့ကာ ကျဉ်းမြောင်းလာခြင်းကြောင့် မြို့တွင်း မြို့နယ်များတွင် မိုးရွာချိန်နှင့် ဒီရေတက်ချိန်များ၌ အချိန်ကြာမြင့်စွာ ရေတင်နေခြင်းများ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ရေမြောင်းတွေကို ပုံမှန် ရှင်းလင်းနေတာလောက်နဲ့ ရေက လွယ်လွယ်ကျမှာ မဟုတ်ဘူး၊ အဲ့ဒါကြောင့် မြစ်ထွက်ပေါက်တွေကိုပါ ရှင်းနေသလို၊ လိုအပ်ရင်လည်း ချဲ့ထွင်တာမျိုး လုပ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိအချိန်တွင် ဝန်ထမ်း ၅၀၀ ကျော်ဖြင့် မြို့တွင်း ရေမြောင်းများကို လစဉ်  ပုံမှန် ရှင်းလင်းလျက် ရှိသောကြောင့် ယခုနှစ် မိုးရာသီတွင် ရေတင်မှုများ ယခင်နှစ်ထက် လျော့ကျသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန၊ (လမ်းနှင့်တံတား) ထံမှ သိရှိရသည်။

“ရေမြောင်း ရှင်းတာတော့ ဟုတ်ပါတယ်။ ရေတင်တာက တင်တာပဲ၊ ရေပြန်ကျတာ မြန်တယ် ဆိုပေမယ့် သွားရလာရတာ အဆင်မပြေတော့ လုံးဝ ရေမတင်အောင် လုပ်ပေးစေချင်တယ်” ဟု ပန်းပဲတန်းမြို့နယ် ၃၁ လမ်းတွင် အလုပ်လုပ်ကိုင်နေသူ အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တွင်း မြို့နယ်များ၌ မိုးရွာချိန်တွင် အချိန်ကြာမြင့်စွာ ရေလျှံမှုမဖြစ်ပွားစေဘဲ အချိန်တို အတွင်း ရေ ပြန် လည်ကျဆင်းနိုင်ရန် မြစ်အတွင်းသို့ ရေဆိုးစွန့်ထုတ်လျက်ရှိသော မြစ်ထွက်ပေါ က် ရေနု တ်မြောင်းကြီးများကို အဓိကထားရှင်းလင်း ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာေ ရး ကော် မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ အကြီးတန်း အရာရှိတစ်ဦး က ပြောကြားသည်။
အဓိက ရေနုတ်မြောင်းများတွင် အမှိုက်များ ပိတ်ဆို့ကာ ကျဉ်းမြောင်းလာခြင်းကြောင့် မြို့တွင်း မြို့နယ်များ တွင် မိုးရွာချိန်နှင့် ဒီရေတက်ချိန်များ၌ အချိန်ကြာမြင့်စွာ ရေတင်နေခြင်းများ ဖြစ်ပေါ် လာခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ရေမြောင်းတွေကို ပုံမှန် ရှင်းလင်းနေတာလောက်နဲ့ ရေက လွယ်လွယ်ကျမှာ မဟုတ်ဘူး၊ အဲ့ဒါကြောင့် မြစ် ထွက်ပေါက်တွေကိုပါ ရှင်းနေသလို၊ လိုအပ်ရင်လည်း ချဲ့ထွင်တာမျိုး လုပ်ပါတယ်” ဟု ၎င်းက ဆက် လက် ပြောကြားသည်။

လက်ရှိအချိန်တွင် ဝန်ထမ်း ၅၀၀ ကျော်ဖြင့် မြို့တွင်း ရေမြောင်းများကို လစဉ်ပုံမှန် ရှင်းလင်းလျက် ရှိသောကြောင့် ယခုနှစ် မိုးရာသီတွင် ရေတင်မှုများ ယခင်နှစ်ထက် လျော့ကျသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန၊ (လမ်းနှင့်တံတား) ထံမှ သိရှိရသည်။

“ရေမြောင်း ရှင်းတာတော့ ဟုတ်ပါတယ်။ ရေတင်တာက တင်တာပဲ၊ ရေပြန်ကျတာ မြန်တယ် ဆိုပေမယ့် သွားရလာရတာ အဆင်မပြေတော့ လုံးဝ ရေမတင်အောင် လုပ်ပေးစေချင်တယ်” ဟု ပန်းပဲတန်းမြို့နယ် ၃၁ လမ်းတွင် အလုပ်လုပ်ကိုင်နေသူ အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment